Oct 01, 2020
နေပြည်တော် အောက်တိုဘာ ၁
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန် နိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၈) ဦးအား မြန်မာသံရုံး၊ တိုကျိုမြို့မှ စီစဉ်သည့် (၈) ကြိမ်မြောက် All Nippon Airways (ANA) လေကြောင်းလိုင်း ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက် ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ ကြ သည်။
Oct 01, 2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ အသစ်ဆောက်လုပ်ထားသည့် မြန်မာ့စီးပွားရေးဘဏ်၊ ရိခေါ်ဒါရ်ငွေတိုက်ခွဲအဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက် ၈ နာရီတွင် ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက် ဖွင့်လှစ်ပေးသည်။
Oct 01, 2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသည့် သံဃာတော်အပါး(၃၀၀)ခန့် ထားရှိကုသနိုင်ရန် အတွက် ရန်ကုန်မြို့၊ ဗဟန်း(၃)လမ်းထိပ်ရှိ အဘိဓမ္မရတနာဃာရ အဘိဓမ္မာ ဓမ္မဗိမာန်တော် ကြီးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများ၊ ပါမောက္ခဒေါက်တာ ဇော်ဝေစိုးနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင် များ အသင်းဥက္ကဋ္ဌ ရှိန်ဝင်းတို့က ယမန်နေ့ မွန်လွဲ ၃ နာရီတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Oct 01, 2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀) နှစ်မှ (၈၅) နှစ်ကြားရှိ ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက အိမ်တိုင်ရာ ရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
Oct 01, 2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှု ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေး ခန်းမ၌ကျင်းပသည်။
Oct 01, 2020
ယနေ့အချိန်အခါတွင် ကျွန်ုပ်တို့အနေဖြင့် အကျပ်အတည်းတစ်ခုအတွင်းသို့ ကျရောက်လျက်ရှိနေသည်ကို အားလုံးအနေဖြင့် ကောင်းစွာသိရှိခံစားနားလည်ထားကြပြီးဖြစ်မည်ဟု မျှော်လင့်ပါသည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကို တစ်ဦးတစ်ယောက်ချင်းသာမက အစုအဖွဲ့လိုက် ခံစားရလျက်ရှိပါသည်။ ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာအနေဖြင့် ရောဂါကူးစက်ခံရလျက်ရှိပြီး အချို့မှာ မိမိတို့၏ချစ်ခင်မြတ်နိုးရသူများ ဆုံးရှုံးရလျက်ရှိသကဲ့သို့ လူဦးရေအများအပြားမှာလည်း အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးကြရလျက်ရှိပါသည်။
Oct 01, 2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အာရ်စီနှစ်ထပ် စံပြကျောင်းဆောင်သစ်အား မကွေးမြို့၊ အောင်ပဒေသာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိရာ စက်တင်ဘာလ ၂၅ ရက်နေ့က ရာနှုန်းပြည့် တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ တာဝန်ယူ ဆောက်လုပ်သည့်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ကို ထံက သိရသည်။
Oct 01, 2020
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးတို့၏ ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်မှ ပါဝင်တက်ရောက် သည်။
Oct 01, 2020
လူထုပါတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း(ခ) ပါစီပြည်ဟိန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၃၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော တင်ပြခဲ့ ပါသည်။
Oct 01, 2020
ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီဥက္ကဋ္ဌ ဦးမင်းသူက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၃၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။