Skip to main content

မြန်မာ့ရော်ဘာအရည်အသွေးမြှင့်တင်ရေးနှင့် ပြည်ပတင်ပို့မှုတိုးတက်ရေးနှီးနှောဖလှယ်ပွဲကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၃၀

မြန်မာ့ရော်ဘာ အရည်အသွေးမြှင့်တင်ရေးနှင့် ပြည်ပတင်ပို့မှု တိုးတက်ရေးနှီးနှော ဖလှယ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပ သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မြန်မာ့သဘာဝ ရော်ဘာထုတ်ကုန်များ အရည်အသွေး ပိုမိုကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ စိုက်ပျိုး သူ တောင်သူများ၊ ကုန်သည်များ၊ စက်ရုံပိုင်ရှင်များဖြင့် Supply Chain တစ်လျောက်ပါဝင်ပတ် သက်သူများအားလုံး ကဏ္ဍအလိုက်ပူးပေါင်းအဖြေရှာပြီး အကောင်အထည်ဖော် ဆောင်ရွက် သွားကြရ မည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်ပ ပို့ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့စျေးကွက်တွင် ယှဉ်ပြိုင် နိုင်မှုမြင့်မားလာစေရေးတို့အတွက် အမျိုးသား ပို့ကုန် မဟာဗျူဟာ (NES) လုပ်ငန်းစီမံချက် ကိုဦးစားပေး ကဏ္ဍ ကုန်စည် (၁၁) ခု၊ ဝန်ဆောင်မှု (၂)ခုနှင့် အထောက်အကူပြုကဏ္ဍ (၅)ခု စုစုပေါင်း (၁၈)ခု သတ်မှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ရော်ဘာကဏ္ဍသည်လည်း ဦးစားပေးကဏ္ဍတစ်ရပ် အနေဖြင့် ပါဝင်ပါကြောင်း၊ မြန်မာ့ရော်ဘာစံအရည်အသွေးသတ်မှတ်ချက်များ၊ စံချိန်စံညွှန်း များနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်မှသာ ပြည်ပဈေးကွက်သို့ ယှဉ်ပြိုင်ရောင်းချနိုင်မည်ဖြစ်ပါ ကြောင်း၊ မြန်မာ့ရော်ဘာ ထုတ်လုပ် တင်ပို့ရာတွင် ကြုံတွေ့နေရသည့်အခက်အခဲ၊ အတား အဆီးများကို Supply Chain တစ်လျှောက် ပါဝင်ပတ်သက်သူများအားလုံး တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ ပို့ကုန်ကဏ္ဍကို မြှင့်တင်ပေးနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထူးက ဘဏ္ဍာနှစ်အလိုက် ရော်ဘာတင်ပို့နိုင်မှု၊ နိုင်ငံအလိုက် ဈေးကွက် ရရှိမှုနှင့် ရော်ဘာကဏ္ဍတိုးတက်ရေးအတွက်ဝန်ကြီးဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာဌာနများအလိုက် ပညာရှင်များကစာတမ်းဖတ်ကြားခြင်း၊ ရော်ဘာ စိုက်ပျိုးတောင်သူများ၊ စက်ရုံ ပိုင်ရှင်များ၊ ကုန်သည်လုပ်ငန်းရှင်များက ဆွေးနွေး တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများအလိုက် ရေတို ရေရှည်ဆောင်ရွက်သွားရ မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

(သတင်းစဉ်)