Skip to main content

ခေတ်မီလူထုဆက်သွယ်ရေးနည်းလမ်းများ သရုပ်ပြအလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၃၀

Information Matrix က ကြီးမှူးကျင်းပသော ခေတ်မီ လူထုဆက်သွယ်ရေးနည်းလမ်းများ သရုပ်ပြ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ၊  ဒုတိယဝန်ကြီး ဉီးအောင်လှထွန်း၊ အမြဲ တမ်းအတွင်းဝန် ဉီးမျိုးမြင့်မောင် နှင့် ဌာနဆိုင်ရာအကြီးအကဲများက ပြန်ကြားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမမှ ချိတ်ဆက် ပါဝင် တက်ရောက်ကြပြီး Information Martrix နှင့် Sprinklr  မှ တာဝန်ရှိသူများ၊ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း များက   သက်ဆိုင်ရာ နေရာ များမှ   ချိတ်ဆက်တက်ရောက်ကြသည်။

သရုပ်ပြအလုပ်ရုံဆွေးနွေးပွဲ၌  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်မီဒီယာ၊ ရေဒီယို၊ ရုပ်မြင်သံကြား စသည့် သမားရိုးကျ မီဒီယာ များကို   လူထုဆက်သွယ်ရေးမီဒီယာအဖြစ် အသုံးပြုလျက်ရှိရာမှ  ယခုအခါ မီဒီယာ အသစ် သည်   လျင်မြန်သော အရှိန်အဟုန်ဖြင့် ပေါ်ပေါက်လာပါကြောင်း၊ မီဒီယာအသစ်နှင့် ပတ်သက်၍ မိမိတို့ ဝန်ထမ်း များ အနေဖြင့် လေ့လာ ဆည်းပူးခြင်း၊ ဌာနတွင်းဆွေးနွေးပွဲများ ကျင်းပ ပြီး အချင်းချင်းနားလည်တတ်ကျွမ်းမှု မျှဝေခြင်း  ဆောင်ရွက်လျက် ရှိပါကြောင်း၊  ယခုကဲ့သို့ မီဒီယာ အသစ်နှင့် ပတ်သက်ပြီး ပိုမိုသိရှိ နားလည်အောင် ခေတ်မီ လူထုဆက်သွယ်ရေး နည်းလမ်းများ သရုပ်ပြအလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ပေးသည့်အတွက် Information Matrix နှင့် Sprinklr တို့ကို ကျေးဇူးတင်ရှိကြောင်း ပြောကြား သည်။

 ထို့နောက် Information Matrix အမှုဆောင်အရာရှိချုပ် ဉီးသောင်းစုငြိမ်းက နှုတ်ခွန်းဆက် စကားပြောကြားသည်။

 ဆက်လက်၍  Sprinklr  မှ Enterprise Account Executive, Mr. Nicolas Cael နှင့် Solution Consultant,  Mr. Valentin Dura  တို့က ခေတ်မီလူထုဆက်သွယ်ရေးနည်းလမ်းများ အသုံးပြုပုံနှင့် ပတ်သက်၍ ရှင်းလင်း ပြသကြ သည်။

ထို့နောက်    ဒုတိယဝန်ကြီး ဉီးအောင်လှထွန်းနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ကြသူ များက သိရှိလိုသည် များကို မေးမြန်းကြရာ အမှုဆောင်အရာရှိချုပ် ဉီးသောင်းစုငြိမ်း၊ Mr. Nicolas Cael နှင့် Mr. Valentin Dura တို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဉီးအောင်လှထွန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။   

အဆိုပါ သရုပ်ပြအလုပ်ရုံဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဉီးစီးဌာနများနှင့် လုပ်ငန်းတို့မှ အရာထမ်း၊ အမှုထမ်း ၃၃ ဉီး ပါဝင်တက်ရောက်ခဲ့ကြသည်။  

ယနေ့ ကျင်းပသည့် သရုပ်ပြအလုပ်ရုံဆွေးနွေးပွဲသည်  Information Matrix နှင့် အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့တွင် အခြေစိုက်သည့်  Sprinklr  ကုမ္ပဏီတို့ ပူးပေါင်းပြီး ပြန်ကြား ရေးဝန်ကြီးဌာနက ဆောင်ရွက် နေသည့်  ပြန်ကြားပေးခြင်း၊ ပညာပေးခြင်း၊ ဖျော်ဖြေပေးခြင်းတို့ကို လုပ်ဆောင်ရာတွင် သတင်းအချက်အလက် နည်းပညာနှင့် ခေတ်မီလူထုဆက်သွယ်ရေးနည်းလမ်း များ အသုံးပြုနိုင်ပုံကို သရုပ်ပြရှင်းလင်းတင်ပြသည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်သည်။

(သတင်းစဉ်)