Skip to main content

Sep 29, 2020

ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမှုထမ်း၊ အရာထမ်းများက နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် Quarantine ဝင်ရောက်နေသူများအတွက် ထမင်းဘူးနှင့် ရေသန့်များကို ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

အမုန်းစကား၊ အစွန်းရောက်ဝါဒ၊ လုပ်ကြံသတင်းနှင့် သတင်းမှားများသည် ကမ္ဘာနှင့်အဝှမ်း ကပ်ဘေးသဖွယ် ပျံ့နှံ့နေသည့် သတင်းအချက်အလက်ဖရိုဖရဲဖြစ်မှု၏ တွေ့ရအများဆုံးသောပုံစံများ ဖြစ်ကြသည်။ ယင်းတို့ကို ဖေ့စ်ဘွတ်၊ တွစ်တာအစရှိသည့် ဆိုရှယ်မီဒီယာ၊ လူမှု ကွန်ရက်တို့တွင် တွေ့မြင်နေကြရသောကြောင့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု မြှင့်တင်ရေး လုပ်ငန်း (Media and Information Literacy - MIL) သည် အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းအဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးက အသိအမှတ်ပြုကာ ဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံ တွင်လည်း MIL ပညာပေးလုပ်ငန်းများ ကို အစိုးရဌာနများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများက အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ကော့သောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

“ဒုတိယအကြိမ်မြန်မာတက္ကသိုလ်များသုတေသန စာတမ်းဖတ်ပွဲ ၂၀၂၀” ကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပညာရပ်နယ်ပယ် ၉ ရပ်ဖြင့် အုပ်စု ခွဲပြီး ကျင်းပနိုင်ခဲ့ပါတယ်။ ပညာရပ်နယ်ပယ် ၉ ရပ်တို့မှာ (၁) သစ်တော၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်၊ (၂) ဝိဇ္ဇာပညာရပ်၊ (၃) စီးပွားရေးပညာရပ်၊ (၄) ကွန်ပျူတာ နည်းပညာရပ်၊ (၅) ဆရာအတတ်ပညာရပ်၊ (၆) အင်ဂျင် နီယာနှင့်နည်းပညာရပ်၊ (၇) ဘာသာ၊ ယဉ်ကျေးမှုနှင့် အနုပညာရပ်၊ (၈) ဆေးနှင့်နှီးနွှယ်ပညာရပ်၊ (၉) သိပ္ပံ ပညာရပ် စသည်တို့ ဖြစ်ကြပါတယ်။ ဒီနှစ်ကျင်းပတဲ့ တက္ကသိုလ်များ သုတေသနစာတမ်းဖတ်ပွဲရဲ့ ဦးတည်ချက် ဆောင်ပုဒ်က “နိုင်ငံတော် သာယာဝပြောမှုကိုဦးတည် သော အရည်အသွေးရှိ သုတေသန” ဖြစ်ပါတယ်။ ကိုဗစ်-၁၉ အခက်အခဲကာလမှာ ကျန်းမာရေးညွှန်ကြားချက် စည်းမျဉ်းတွေနဲ့အညီ အင်တာနက်အသုံးပြုပြီး ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် အခမ်းအနားဖွင့်ပွဲ၊ စာတမ်းဖတ်ပွဲ၊ အခမ်းအနား ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲတွေကို အောင်အောင် မြင်မြင် ဦးစီးပူးပေါင်းကျင်းပပေးသွားခဲ့ကြတဲ့ အမျိုးသား ပညာရေး မူဝါဒကော်မရှင်နဲ့ ပါမောက္ခချုပ်များ ကော်မတီ တို့ အတွက်လည်း ဂုဏ်ယူဖွယ်ဖြစ်ပါတယ်။ တက္ကသိုလ် တွေရဲ့ အရည်အသွေး အဆင့်မြင့်မားရေးတွင် သုတေသန တွေရဲ့ အခန်းကဏ္ဍသည် ထိပ်တန်းမှပါဝင်ပေရာ မြန်မာတက္ကသိုလ်များ အဆင့်မြင့်မားရေးအတွက် ဤစာတမ်းဖတ်ပွဲများက များစွာအထောက်အကူ ဖြစ်စေမှာ သေချာပါတယ်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က သရက်ချောင်းမြို့နယ်အတွင်းရှိ သဘာဝဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး (အစည်းအဝေး)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

၂၀၂ဝ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်နေ့ဟာ ကမ္ဘာ့နှလုံးနေ့ (World Heart Day) နေ့ ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ ဆောင်ပုဒ်ကတော့ “Use heart to beat Cardiovascular Disease” ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံးအင်္ဂါတစ်ခုဖြစ်တဲ့ နှလုံးကို ဂရုပြုထိန်းသိမ်းကြဖို့ နှလုံးရောဂါ၊ သွေးတိုးနဲ့ လေဖြတ်ခြင်းတို့ကို လူသားများအသိ သတိရှိရှိ နိုးကြားစွာ ကာကွယ်နိုင်ကြစေဖို့ နှိုးဆော်တဲ့အနေနဲ့ ဒီလိုနေ့တစ်နေ့သတ်မှတ်ပြီး ကျင်းပကြတာ ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က စက်တင်ဘာ ၂၇ ရက်တွင် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ ၏ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

ခေတ်သစ်ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဦးအောင်သန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၈ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်