ရန်ကုန် အောက်တိုဘာ ၁
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသည့် သံဃာတော်အပါး(၃၀၀)ခန့် ထားရှိကုသနိုင်ရန် အတွက် ရန်ကုန်မြို့၊ ဗဟန်း(၃)လမ်းထိပ်ရှိ အဘိဓမ္မရတနာဃာရ အဘိဓမ္မာ ဓမ္မဗိမာန်တော် ကြီးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများ၊ ပါမောက္ခဒေါက်တာ ဇော်ဝေစိုးနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ရှိန်ဝင်းတို့က ယမန်နေ့ မွန်လွဲ ၃ နာရီတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါအဆောက်အဦး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားရာတွင်”ရောဂါကူးစက်ခံထားရသည့် သံဃာတော် အပါး(၃၀၀) ခန့် ထားဖို့ပြင်ဆင်ထားပါကြောင်း၊ ဗဟန်းမြို့နယ်သည် သံဃာအများဆုံးတည်ရှိရာ နေရာဖြစ်လို့ ကြိုတင်ပြင်ဆင် ထားခြင်းဖြစ်ကြောင်း၊ ဆွမ်းအပါအဝင် ပစ္စည်းလေးပါးနှင့် အထွေထွေလိုအပ်ချက်များကို မြန်မာနိုင်ငံဆောက်လုပ် ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းက တာဝန်ယူလှူဒါန်းသွားမည်ဖြစ်ကြောင်း”ပြောကြားခဲ့သည်။
အောင်မြင့်(ပြန်/ဆက်)