မိုင်းဆတ် အောက်တိုဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှု ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေး ခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ ခရိုင်ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်က အမှာစကားပြောကြားပြီး မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုန့်ပြန်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်ဇေယျ တို့က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေး အတွက် မြို့ဝင်၊ မြို့ထွက် ဂိတ်များတွင် စစ်ဆေး ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေး တင်ပြခဲ့သည်။
ဆက်လက်၍ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရန်နိုင်ထွန်းက ရဲတပ်ဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး မြို့ဝင်၊ မြို့ထွက် ဂိတ်များမှ ဖြတ်သန်းသွားလာသော ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကာလ အတွင်း စည်းကမ်း ချက်များ ကိုလိုက်နာဆောင်ခြင်းမရှိပါက သဘာဝလေးအန္တရာယ်ဆိုင်ရာဥပဒေဖြင့် အရေးယူ ဆောင်ရွက်နိုင်ရေး၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအောင်သူက ဈေးရောင်းသူနှင့် ဈေးဝယ်သူများ လိုက်နာရန် လက်ကမ်းစာစောင်ဖြန့်ဝေမှု အခြေအနေများကိုဆွေးနွေး တင်ပြခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်နိုင် ရေးအတွက် မြို့တွင်းသွားလာသူများအား နှာခေါင်းစည်း Mask တပ်ဆင်သွားလာ ခြင်းရှိ/မရှိ ရှောင်တခင် စစ်ဆေး ရန်၊ အခြားသော တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဝင်ရောက် လာသူများနှင့် နိုင်ငံခြားပြန်များအား Quarantine ထားရှိရေး စသည့်အချက်များဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး ခရိုင်ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့် စစ်ဆေး ကုသရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော် က လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေး ခဲ့ကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)