Oct 21, 2020
မန္တလေးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူနှင့် ထိတွေ့ဆက်နွယ်သူများ များပြားလာသည့်အတွက် ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများကို အသွားအလာကန့်သတ်စောင့်ကြည့်နိုင်ရန် မန္တလေးမြို့၊ ၆၅×၆၆လမ်းကြား၊ ၃၂×၃၃လမ်းကြားရှိ မန္တလေးပညာရေးကောလိပ်ရှိ ညအိပ် အဆောင်သစ်ကို ကုတင် (၁၆၀) ဆံ့ Quarantine Center
Oct 21, 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပုံမှန်ကာကွယ် ဆေးထိုး/တိုက် အစီအစဉ်တွင် အမျိုးသမီးငယ်များအတွက် သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး အိတ်ချ်ပီဗီကာကွယ်ဆေးစတင် ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲနှင့်အတူ ကချင်ပြည်နယ်တွင် လည်း ကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်ခဲ့ကြ သည်။
Oct 21, 2020
နေပြည်တော်၊ MICC(2) ခန်းမ၌ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်သည့် “ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ခ်ျပီဗီ (HPV) ကာကွယ်ဆေးကို စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့် ဖွင့်ပွဲအခမ်းအနား" သို့ Online Meeting System ဖြင့် ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။
Oct 21, 2020
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ကိုဗစ်-၁၉ ရောဂါကုသရေးဌာန ဧရာဝတီစင်တာ ခုတင် ၁၀၀၀ တွင် အသစ်ဆောက် လုပ်ပြီးစီးသော ခုတင် ၅၀ ဆံ့ ICU/HDU တိုးချဲ့ဆောင်သို့ ယနေ့နံနက် ပိုင်းက လာရောက်ကြည့်ရှုအားပေး သည်။
Oct 21, 2020
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အခြေခံပညာမူလတန်းကျောင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရေးဆွဲတင်ပြထားသည့် စံကိုက်ကျောင်းများအဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုလျှင် တစ်ကျောင်းနှုန်းဖြင့် ဆောက်လုပ်နိုင်ရန် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် တွင် ကျောင်း ၁၅ ကျောင်းအတွက် ငွေကျပ် ၁၆၂၄ ဒသမ ၁၄၈ သန်း လျာထားဆောင်ရွက်ထားပြီး ဖြစ်ပါသည်။
Oct 21, 2020
ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ခ်ျပီဗီ(HPV)ကာကွယ်ဆေးကို စတင်ထည့်သွင်း ထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Facebook စာမျက်နှာမှ တိုက်ရိုက်ထုတ်လွှင့်ခြင်း အစီအစဉ် ကျင်းပရာ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ အစည်းဝေးခန်းမမှ တစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနက တာဝန်ရှိသူများ Online က တက်ရောက်ခဲ့ကြသည်။
Oct 21, 2020
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် “သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ ၂၀၂၀” စာအုပ်သည် ပြည်သူများ အသိဉာဏ်ဗဟုသုတပြည့်စုံစေရန်၊ ရာထူးဝင်စာမေးပွဲများ၊ ပြန်တမ်းဝင်ခွင့်စာမေးပွဲများ ဖြေဆိုရာတွင် အထောက်အကူဖြစ်စေရန်နှင့်
Oct 21, 2020
“DAB + Digital Radio Technology Implementation and Roll out” ခေါင်းစဉ်ဖြင့် Online Webinar ကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (နေပြည်တော်-တပ်ကုန်း) မှ ဝန်ထမ်းများ တက်ရောက်ဆွေးနွေးကြသည်။
Oct 21, 2020
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၁)ရက် နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ကာတွန်းပြိုင်ပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အဆိုပါ ကာတွန်းပြိုင်ပွဲကို “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်ကြီး၏ သာယာလှပမှုများ၊ အေးချမ်း ပျော်ရွှင်မှုများ၊ ကြည်နူးဝမ်းမြောက်ဖွယ်ရာများ၊ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ် ကြီးအဖြစ် တည်ရှိခဲ့မှုများ၊ သမိုင်းအစဉ် အလာကြီးမားခဲ့မှုများနှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရန် လိုအပ်ပုံများ စသည်တို့ကို ဖော်ညွှန်းရေးဆွဲယှဉ်ပြိုင်ရမည် ဖြစ်သည်။