Oct 23, 2020
ဒေသအတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နိုင်ငံတကာအဆင့်မီ စက်မှုမြို့တစ်ခု ဖြစ်လာစေ ရေးအတွက် ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်းများချောမွေ့စွာ လည်ပတ်စေနိုင်ရန်နှင့် ကောင်း မွန်သော အခြေခံ အဆောက်အအုံ ပြည့်စုံသော Facilitation Service ဝန်ဆောင်မှုများဖြင့် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရန် Korea – Myanmar Industrial Complex (KMIC) ကိုရီးယား- မြန်မာ စက်မှုဇုန်ထူထောင်ရေး ဦးဆောင်ညှိနှိုင်းမှုကော်မတီ (ပထမအကြိမ်) အစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပ သည်။
Oct 23, 2020
(၂၂-၁၀-၂၀၂၀) ရက်နေ့ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၃၀၈) ဦး၏ မြို့နယ်အလိုက် တွေ့ရှိ ရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Oct 23, 2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးဆောင်၍ အာဆီယံ ဒေသဆိုင်ရာအမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းစီမံချက်အပေါ် ကာလလတ်ပြန် လည်သုံးသပ်သည့် နိုင်ငံအဆင့်ဆွေးနွေးပွဲကို အောက်တိုဘာ ၂၂ ရက်တွင် Online စနစ်ဖြင့် ကျင်းပသည်။
Oct 23, 2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မန္တလေး- လားရှိုး- မူဆယ်လမ်းပေါ်ရှိ ဂုတ်တွင်း တံတားဖွင့်ပွဲကို ယနေ့မွန်းလွဲ (၁)နာရီ က အဆိုပါ တံတားတွင်ကျင်းပသည်။
Oct 23, 2020
ပဲခူးမြို့ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ဆဌမအကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရန်နှင့် အရံစေတီများရွှေဆေးသင်္ကန်း ကပ်လှူပူဇော်ရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများအိမ်ရာအတွင်းရှိ ဝန်ကြီးချုပ်၏နေအိမ်တွင် ယနေ့ နံနက်(၈)နာရီခွဲက အလှူ ငွေ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 23, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းစဉ်များ အလေးထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ( ၄၇/၂၀၂၀ ) ကိုကျင်းပပြုလုပ်ခဲ့သည်။
Oct 23, 2020
> မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ (၂၉) ဘီလီယံဖြစ်ပြီး ကုန်သွယ်မှုလိုငွေမှာ ကန်ဒေါ်လာ (၅.၂၁) ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ (၃၄) ဘီလီယံ ဖြစ်ပြီး ကုန်သွယ်မှုလိုငွေမှာ ကန်ဒေါ်လာ (၃.၈၁) ဘီလီယံ၊ ၂၀၁၈ ခုနှစ် (Mini Budget) တွင် ကန်ဒေါ်လာ (၁၉) ဘီလီယံဖြစ်ပြီး၊ ကုန်သွယ်မှုလိုငွေမှာ ကန်ဒေါ်လာ (၁.၀၁) ဘီလီယံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ (၃၅.၁၅) ဘီလီယံဖြစ်ပြီး၊ ကုန်သွယ်မှုလိုငွေမှာ ကန်ဒေါ်လာ (၁.၀၃) ဘီလီယံနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (၂၅-၉-၂၀၂၀ ရက်နေ့ထိ) ကန်ဒေါ်လာ (၃၆.၂၁) ဘီလီယံဖြစ်ပြီး၊ ကုန်သွယ်မှုလိုငွေမှာ ကန်ဒေါ်လာ (၁.၅၀) ဘီလီယံ ဖြစ်ပါသည်။ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုပမာဏမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
Oct 23, 2020
ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍအလိုက် ဆောင်ရွက်ထားမှုအခြေအနေ
Oct 23, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန်နိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၅၄ ဦးအား All Nippon Airways လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြ သည်။
Oct 23, 2020
အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (AIBD) မှ စီစဉ်ကျင်းပသည့် Ethics & Best Practices ခေါင်းစဉ်ဖြင့် ရုပ်သံမှတ်တမ်းများ (Visual Archives) ဆိုင်ရာ အကြောင်းအရာများ၊ မှတ်တမ်းထိန်းသိမ်းခြင်း (Archiving) နှင့်စပ်လျဉ်းပြီး သိသင့်သိထိုက်သည့် ကျင့်ဝတ်များနှင့် စည်းမျဉ်းစည်းကမ်းများကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပို့ချသည့် သင်တန်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ ဝန်ထမ်းခြောက်ဦး တက်ရောက်ကြသည်။