Skip to main content

DAB + နည်းပညာဆိုင်ရာ Online Webinar ဆွေးနွေးပွဲသို့ MRTV မှ ဝန်ထမ်းများ တက်ရောက်

နေပြည်တော်၊  အောက်တိုဘာ ၂၀

“DAB + Digital Radio Technology Implementation and Rollout” ခေါင်းစဉ်ဖြင့် Online Webinar ကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (နေပြည်တော်-တပ်ကုန်း) မှ ဝန်ထမ်းများ တက်ရောက်ဆွေးနွေးကြသည်။

အဆိုပါ DAB + နည်းပညာဆွေးနွေးပွဲကို Asia – Pacific Broad-casting Union (ABU) မှ နှစ်စဉ် မလေးရှားနိုင်ငံတွင် ကျင်းပခဲ့ရာ ယခု အခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကြောင့် Online Webinar ဖြင့် ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲတွင် ဥရောပနှင့် အာရှပစိဖိတ်ဒေသတွင်း DAB + နည်းပညာဆိုင်ရာ ထုတ်လွှင့်မှုများ တွင်ကျယ်စွာအသုံးပြုလာမှုနှင့် တိုးတက်ပြောင်းလဲလာမှုများကို အဓိကထား မျှဝေဆွေးနွေးပို့ချ ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း DAB + နည်းပညာနှင့် ထုတ်လွှင့်မှုများ Pilot Project ဆောင်ရွက်မှုများ ရှိနေသဖြင့် ဆွေးနွေးပွဲမှ Digital Radio Technology တိုးတက်ပြောင်းလဲမှုများကို ပိုမိုသိရှိလေ့လာခွင့်ရရှိခဲ့ကြောင်း သိရသည်။

ယခုဆွေးနွေးပွဲသို့ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၊ စက်မှုဌာနမှ အင်ဂျင်နီယာများနှင့် စိတ်ပါဝင်စားသူ ဝန်ထမ်း ၂၀ ကျော် တက်ရောက်ခဲ့ကြပြီး အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်