Oct 22, 2020
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund - IMF)၊ ဦးဆောင် ညွှန်ကြားရေးမှူး Ms. Kristalina Georgieva နှင့် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ များ စားပွဲဝိုင်းအစည်းအဝေး (Roundtable Meeting) ကို ယနေ့ နံနက် ၇ နာရီခွဲတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Oct 22, 2020
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ အတ္ထရံ မြစ်ကူးတံတား(စံပယ်ဂူ) တည်ဆောက်ပြီးစီးနေမှုအခြေအနေများအား ယမန်နေ့ညနေ ၄ နာရီခန့်က မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး၊
Oct 22, 2020
ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး (၈)ရုံးတို့မှ ပေးပို့လာသော ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲလက်မှတ်များပါဝင်သည့် ချိတ်ပိတ်ထားသော သံတမန်ချောအိတ်များအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လွှဲပြောင်း ပေးအပ်ခဲ့ပြီးဖြစ်သည်။
Oct 22, 2020
၂၀၂၀ ပြည့်နှစ်၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့က ကြီးမှူးကျင်းပသည့် (၉) ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့နံနက် ၈ နာရီခွဲတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Oct 22, 2020
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အဆိုပါ ပန်းချီပြိုင်ပွဲ ကို “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ကြီး၏ သာယာလှပမှုများ၊ အေးချမ်းပျော်ရွှင်မှုများ၊ ကြည်နူးဝမ်းမြောက်ဖွယ်ရာများ၊ နိုင်ငံ့ ဂုဏ်ဆောင် တက္ကသိုလ်ကြီးအဖြစ် တည်ရှိခဲ့မှုများ၊ သမိုင်းအစဉ်အလာကြီးမားခဲ့မှုများနှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်နေပုံများ စသည်တို့ကို ဖော်ညွှန်းရေးဆွဲ ယှဉ်ပြိုင်ရမည် ဖြစ်သည်။
Oct 22, 2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသမှု လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ ကျင်းပသည်။
Oct 22, 2020
မြန်မာနိုင်ငံ ဒီဂျစ်တယ်မီဒီယာအသင်းဖြစ်မြောက်ရေး ကော်မတီက စီစဉ်ကျင်းပမည့် “ဒီဂျစ် တယ်ပလက်ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ၏ အရွေ့ (Digital Platforms and Future Direction of Book Industry Webinar)” အွန်လိုင်းဆွေးနွေးပွဲကို ၂၄−၁၀−၂၀၂၀(စနေနေ့) မွန်းလွဲ (၂)နာရီတွင် ကျင်းပမည်ဖြစ်သည်။
Oct 22, 2020
အခြေခံပညာအလယ်တန်းနှင့်အထက်တန်း သင်ရိုးညွှန်းတမ်းများတွင် လူမှုရေးဆိုင်ရာ အကြောင်းအရာများဖြစ်သည့် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် နေထိုင်ရာဒေသများ၊ ကျား၊ မ တန်းတူညီမျှမှု၊ မသန်စွမ်းသူများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူ့အခွင့်အရေးနှင့် မျိုးဆက်ပွားကျန်းမာရေးတို့ ပါဝင်မှုကိုဆန်းစစ်ရန်အတွက် အခြေခံပညာသင်ရိုးညွှန်းတမ်းတွင် လူမှုရေးဆိုင်ရာအကြောင်းအရာများပါဝင်ရေး လမ်းညွှန်ကို ရေးသားပြုစုပြီး Grade 7 နှင့် Grade 10 သင်ရိုးညွှန်းတမ်းများကို ဆန်းစစ်ခဲ့ပါသည်။
Oct 22, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် အိန္ဒိယနိုင်ငံ၌ အခက်အခဲ ကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသား ၆၃ ဦးအား Air India လေကြောင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် လည်းကောင်း၊ ထိုင်းနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသား ၃၀ အား မြန်မာအမျိုးသားလေကြောင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင် ခဲ့ရာ ည ၈ နာရီတွင် လည်းကောင်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိ ကြသည်။
Oct 22, 2020
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေအစီအစဉ်၏ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူများနှင့် ဆွေးနွေးမေးမြန်းခန်းအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။