Nov 19, 2020
(၂၄)ကြိမ်မြောက် မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းအဖွဲ့ ပုံမှန်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Online Meeting (Zoom) ဖြင့် ကျင်းပသည်။
Nov 19, 2020
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ တောင်ကြီး - ဟိုပုံးသွား ပြည်ထောင်စုလမ်းမ ကြီးဘေးရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(တောင်ကြီး)ရုံးခွဲ ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါရုံး၌ ကျင်းပပြုလုပ်သည်။
Nov 19, 2020
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ယမန် နေ့ နံနက် ၁၀ နာရီခွဲတွင်ဗဟန်းမြို့နယ် ဆရာစံ မြောက်အရှေ့ရပ်ကွက် မဟာဘောဂလမ်း အမှတ် (၂၃) (၅)လွှာနေ အောင်နိုင်ဝင်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၆၅၉၀ သိမ်းဆည်းရမိခဲ့ ကြောင်း
Nov 19, 2020
နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၂၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ကွန်ဟိန်းမြို့နယ် ကာလိမြို့တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ အိုက်စ်များ နိုဝင်ဘာ ၁၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Nov 19, 2020
အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကော်မတီ၏ ပဉ္ဓမအကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီက ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ပူးတွဲကော်မတီဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ ဦးဆောင်၍ Virtual Meeting ဖြင့် ပြုလုပ်သည်။
Nov 19, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုရီးယားသမ္မတနိုင်ငံ အခြေစိုက် KB Financial Group နှင့် Industrial Bank of Korea တို့မှ COVID-19 Test Kit များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ် ၅ ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Nov 19, 2020
လူမှုဝန်ထမ်းဦးစီးဌာန သင်တန်းကျောင်း/ ဌာနငယ်များတွင် စောင့်ရှောက်ထားရှိသော ကလေးများ၊ အမျိုးသမီးများ၊ ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မပြန့်ပွားစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ၊ သင်တန်းကျောင်း၊ ဌာနငယ် ကျောင်းအုပ်များနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Nov 19, 2020
ယူနက်စကိုက ပံ့ပိုးစီစဉ်သည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် အင်ဒိုနီးရှားသတင်းမီဒီယာ ကောင်စီတို့ အွန်လိုင်းဆွေးနွေးပွဲ (Virtual Dialogue)ကို ယနေ့ ညနေပိုင်းက ကျင်းပသည်။
Nov 19, 2020
နိုင်ငံတကာ ခရီးသည်တင် လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဗီယက်နမ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား ၁၆၃ ဦးအား ဟနွိုင်းမြို့ရှိ မြန်မာသံရုံး၊ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများ အဖွဲ့ချုပ်နှင့် သက်ဆိုင်ရာ သင်္ဘောကုမ္ပဏီများမှ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) စင်းလုံးငှား ကယ်ဆယ်ရေးလေယာဉ်ဖြင့်ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၆ နာရီ မိနစ် ၂၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင် ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Nov 19, 2020
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) မှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ငွေကျပ် သိန်း (၃,၀၀၀) လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင်ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က လက်ခံခဲ့သည်။