Nov 20, 2020
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (မော်လမြိုင်ရုံးခွဲ) ရုံးအဆောက်အဦသစ် ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့ ဈေးကြိုအဝိုင်းနားရှိ အဆိုပါရုံးသစ်တွင်ကျင်းပခဲ့သည်။
Nov 20, 2020
နိုင်ငံတကာအဆင့်မီ Bio Safety Level - 2 အဆင့် Public Health Laboratory (Mandalay) အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း က မဟာအောင်မြေမြို့နယ်၊ ၃၅လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းအကြားရှိ အဆိုပါဌာန (PHL) ဝန်းအတွင်း ကျင်းပခဲ့သည်။
Nov 20, 2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်နေ့ ညနေ ၃ နာရီအချိန်က ရေတာရှည်မြို့နယ်၊ ကက္ကူကျေးရွာအုပ်စု၊ ချုံအင်းကျေးရွာရှိ သိက္ခာတော် ၆၈ ဝါရှိ သိရိမင်္ဂလာ စာသင်တိုက် ပဓာန နာယက အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက(နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ-ငြိမ်း) ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလပ်တော် အား ဖူးမြော်ခဲ့ပြီး အန္တိမစျာပနအခမ်းအနားကျင်းပနိုင်ရေးအတွက် ဦးဆောင်သော ဆရာတော်ကြီး များထံ အလှူငွေများ ဆက်ကပ်ခဲ့ကြောင်း သိရသည်။
Nov 20, 2020
ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၇/၂၀၂၀)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်း ကော်မတီအစည်းအဝေး အမှတ်စဉ်(၆/၂၀၂၀)ကို ယနေ့ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 20, 2020
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားပြတိုက်(ရန်ကုန်)သို့ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ အသံလမ်းညွှန်စက်အလုံး ၁၀၀ လှူဒါန်းခြင်းကို ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ အဆိုပါ ပြတိုက်တွင် ယမန်နေ့ နံနက်က ကျင်းပခဲ့သည်။
Nov 20, 2020
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို Video Conferencing စနစ်ဖြင့် နိုဝင်ဘာလ ၁၉ ရက် ယနေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို online ဖြင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
Nov 20, 2020
“စန်းမောင်မြင့် ဒါနဥပပါရမီ သွေးလှူကုသိုလ်ဖောင်ဒေးရှင်း” က ကြီးမှူး ပြုလုပ်မည့် (၂၈)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန်ဆေးရုံကြီး ဝင်းထောင့်ရှိ အမျိုးသားသွေးဌာန (အမျိုးသားသွေးလှူဘဏ်)၌ ၂၀၂၀ နိုဝင်ဘာလ (၂၇ /၂၈ / ၃၀) ရက်နေ့များတွင် နံနက် ၇ နာရီခွဲမှ ညနေ ၅ နာရီထိ COVID-19 စည်းမျဉ်းများနှင့်အညီ စနစ်တကျပြုလုပ်မည်
Nov 20, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ် များပျံသန်းမှု ယာယီရပ်ဆိုင်းထား ခြင်းကြောင့် ဂျပန်နိုင်ငံတွင် အခက် အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံ သား ၁၃၈ ဦးအား တိုကျိုမြို့ရှိ မြန်မာ သံရုံးမှ စီစဉ်သည့် (၁၃) ကြိမ်မြောက် All Nippon Airways (ANA) လေကြောင်းလိုင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင် ခဲ့ရာ ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။
Nov 20, 2020
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေး နှင့် ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်ရုံးက အပတ်စဉ်စနေနေ့ တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေ ဖြန့်ချိလျက်ရှိ သည်။
Nov 20, 2020
Swiss Challenge တင်ဒါကော်မတီသည် ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းသစ်၊ ပထမအဆင့်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စား ကြောင်း အဆိုပြုလွှာ (Expression of Interest - EOI) များ ဖိတ်ခေါ်ခဲ့ရာ သတ်မှတ်ရက် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၂ ရက်အတွင်း နိုင်ငံပေါင်း ကိုးနိုင်ငံရှိ အဖွဲ့အစည်း ၁၆ ဖွဲ့က တင်ပြခဲ့ကြကြောင်း သိရသည်။