Skip to main content

ဗဟန်းမြို့နယ်၊ တာမွေမြို့နယ်နှင့် တာချီလိတ်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၁၈

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ယမန် နေ့ နံနက် ၁၀ နာရီခွဲတွင်ဗဟန်းမြို့နယ် ဆရာစံ မြောက်အရှေ့ရပ်ကွက် မဟာဘောဂလမ်း အမှတ် (၂၃) (၅)လွှာနေ အောင်နိုင်ဝင်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၆၅၉၀ သိမ်းဆည်းရမိခဲ့ ကြောင်း၊ ဆက်လက်၍ ကွင်းဆက်အရ ညနေ ၄ နာရီခွဲတွင် တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ကျိုက္ကဆံလမ်း ပေါ်ရှိ ကားတာယာအရောင်းဆိုင် ရှေ့တွင် တင်မြင့် (ခ) ဂိုရာဟာစန်း (ခ) အဘိုင်နှင့် ရဲအောင်(ခ) ဘာဘူတို့အား ဖမ်းဆီးရမိခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၈၆၀၀ ကို လည်းကောင်း၊ အလားတူ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် တာချီလိတ်မြို့ ဆေခမ်းရပ်ကွက် ဟောင်လိတ်စက်မှုဇုန်နေ အိုက်ဝင်း (ခ) စိုင်းဝင်း၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၂၅ ပြား သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် အိမ်နီးချင်းဖြစ်သူ အိုက်ကျော်၏ နေအိမ်ကို ဆက်လက် ရှာဖွေရာ အိုက်စ် ၁ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၈၃၇ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား