Skip to main content

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ COVID-19 Test Kit များ ပေးအပ်လှူဒါန်း

ရန်ကုန်  နိုဝင်ဘာ  ၁၈

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့  ကိုရီးယားသမ္မတနိုင်ငံ အခြေစိုက်  KB Financial Group နှင့် Industrial Bank of Korea တို့မှ COVID-19 Test Kit များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝက လမ်း အမှတ်  ၅  ရှိ  ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ Deputy Chief of Mission / Minister Counsellor Mr. Hahm Jeonghan က အမှာစကားပြောကြားပြီး ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း က ကျေးဇူးတင်စကားပြောကြားကာ KB Financial Group မှ တာဝန်ရှိသူက လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ  ဒေါက်တာ ဇော်သန်းထွန်းထံ    ကိုရီးယား သမ္မတနိုင်ငံသံရုံးမှ Deputy Chief of Mission /Minister Counsellor Mr. Hahm Jeonghan၊ KB Financial Group နှင့် Industrial Bank of Korea တို့မှ တာဝန်ရှိသူတို့က  COVID-19 Test Kit များ ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ်   ပါမောက္ခ  ဒေါက်တာ ဇော်သန်းထွန်း က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ COVID-19 Test Kits များ ပေးအပ်လှူဒါန်းရာတွင် KB Financial Group မှ အမေရိကန်ဒေါ်လာ ၁၂၄၂၅ ဒေါ်လာ နှင့်ညီမျှသော COVID-19 Test Kits ၂၅၀၀ နှင့်  Industrial Bank of Korea မှ အမေရိကန်ဒေါ်လာ ၆၇၉၄ ဒေါ်လာနှင့်  ညီမျှသော COVID-19 Test Kits ၁၀၀၀ ကို   လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

မင်းသစ်(MNA)

ဓာတ်ပုံ- ဇော်မင်းလတ်