Skip to main content

Nov 22, 2020

နေပြည်တော် နိုဝင်ဘာ ၂၁

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အိန္ဒိယနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၅၆ ဦးအား နယူးဒေလီမြို့ရှိ မြန်မာသံရုံး၏ အစီအစဉ်ဖြင့် Air India လေကြောင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2020

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှာ ယခုရက်ပိုင်းအတွင်း၌ ကူးစက်ဖြစ်ပွားနှုန်းတက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ရွေးကောက်ပွဲ မတိုင်မီကာလက ရောဂါဖြစ်ပွားမှုမှာ တွေ့လူနာ နေ့စဉ် တစ်ထောင် ဝန်းကျင်နှင့်အောက်ရှိခဲ့ရာမှာ ရွေးကောက်ပွဲအပြီး တစ်ပတ်၊ ဆယ်ရက်ကြာသည်နှင့် ပိုးတွေ့လူနာ နေ့စဉ်တစ်ထောင့်ငါးရာနှင့် အထက် ရှိလာသည် ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2020

 ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု အရှိန်မြင့်မားကာ ကမ္ဘာတစ်ဝန်းကို ခြိမ်းခြောက်အန္တရာယ်ပြု သည့် အချိန်မှစ၍ နိုင်ငံတကာက နိုင်ငံရေးခေါင်းဆောင်များ၊ ကျန်းမာရေးဆိုင်ရာ နားလည်တတ်ကျွမ်း သူပညာရှင်များ၊ သုတေသနသမားများ စသည့် ကဏ္ဍအသီးသီး၊ ပညာရပ်နယ်ပယ်အသီးသီးက ရှိသမျှစွမ်းအားမျိုးစုံ ထုတ်ကာ ကိုဗစ်ဘေးကို ကာကွယ်တားဆီးရန်၊ ထိန်းချုပ်ရန်ကြိုးပမ်း ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၁-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

ဆက်လက်ဖတ်ရှုရန်

Nov 21, 2020

Myanmar National Building Code – 2020 နှင့် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ- ၂၀၂၀

ဆက်လက်ဖတ်ရှုရန်

Nov 21, 2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၁-၁၁-၂၀၂၀) ရက်နေ့၊ ညနေ (၄:၀၀)နာရီ (၂၀-၁၁-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၅၃၂) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2020

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စု အတွင်း ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်မိ၊ ရပ်ဖများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2020

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ မဟာဘုံကထိန် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး စုပေါင်းခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး ဒေါ်တင့်တင့်(ခ)ဒေါ်ချူးချူး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ တက်ရောက်၍ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြ သည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2020

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ယနေ့နံနက် ၉ နာရီ အချိန်ခန့်က ဘားအံမြို့ အမှတ်(၇)ရပ်ကွက် မန်းဘခိုင်လမ်းရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဘားအံခရိုင်ရုံး (၂)ထပ် အဆောက်အဦသစ်အား ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2020

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီး အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ၊ ကံလှကျေးရွာရှိ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသော အိမ်ထောင်စုများအတွက် ဝိုင်းမြေနေရာ ချထားပေးနိုင်ရေး ထောက်ပံ့ငွေများ လာရောက်ပေးအပ်ခဲ့ပြီး အားပေးစကား ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်