Skip to main content

(၂၄) ကြိမ်မြောက် မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းအဖွဲ့ ပုံမှန်ညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၉

(၂၄)ကြိမ်မြောက် မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းအဖွဲ့ ပုံမှန်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Online Meeting (Zoom) ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြန်လည်ထူ ထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် UNICEF (Myanmar) မှ Child Protection Specialist ဖြစ်သူ Mr. Danee Luhar တို့က အဖွင့်အမှာစကား ပြောကြား ကြသည်။

ဆက်လက်၍ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ပြည်နယ်အဆင့် မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များက ၎င်းတို့၏ လက်ရှိ မိုင်းအန္တရာယ် အသိပညာပေးရေးနှင့် မိုင်းကြောင့် ထိခိုက်ခံစားရသူများအား ကူညီ ထောက်ပံ့ခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ UNICEF (Myanmar)မှ ကိုယ်စားလှယ်တစ်ဦးက မိုင်းပေါက်ကွဲမှုဖြစ်စဉ်များနှင့် ပေါက်ကွဲစေတတ်သော လက်နက် ခဲယမ်းများအန္တရာယ်အသိပညာပေး အခြေအနေများအား ခြုံငုံသုံးသပ် အကဲဖြတ်တင်ပြခြင်း၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦးက ၎င်းတို့ဌာနအနေဖြင့် ဆောင်ရွက် လျက်ရှိသော မိုင်းကြောင့်ထိခိုက်ခံစားရ သူများအား ကူညီထောက်ပံ့ရေး လုပ်ငန်း စဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် Humanitarian Inclusion (HI) အဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးက အပြည်ပြည်ဆိုင်ရာ မိုင်းရှင်းလင်းရေး စံချိန်စံညွှန်း (International Mine Action Standards) နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တက်ရောက်လာသူများက ကိုဗစ်-၁၉ ပျံ့နှံ့စဉ်ကာလအတွင်း မိုင်းအန္တရာယ် အသိပညာပေးမှုများ မည်ကဲ့သို့ဆောင်ရွက်နိုင်မည်နှင့် ရှေ့ဆက်ဆောင် ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပညာရေးသုတေသနနှင့် စီမံကိန်းလေ့ကျင့် ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ UNICEF ၊ International Red Cross Committee (ICRC)၊ Norwegian People’s Aid (NPA)၊ Mine Action Initiative၊ Mine Advisory Group (MAG)၊ HALO Trust၊ Humanitarian Inclusion (HI)၊ Danish Refugee Council (DRC/ DDG)၊ Kachin Baptist Convention (KBC)၊ Catholic Relief Services (CRS)၊ Peace Myanmar Aid၊ Myanmar Physically Handicapped Association (MPHA) အဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)