Oct 20, 2020
အမျိုးသားအဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာ” ရေးဆွဲဆောင်ရွက် နိုင်ရေး အတွက် အမျိုးသားအဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာရေးဆွဲရေး ဦးဆောင် ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် Online မှ Virtual Format စနစ်ဖြင့် ကျင်းပ သည်။
Oct 20, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့်သတင်းများ ထုတ်ပြန်သည့်အစီအစဉ်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ကျင်းပသည်။
Oct 20, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး(Human Papillomavirus Vaccine -HPV) စတင် ထည့်သွင်း ထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC-2) ၌ Social Distancing ဖြင့် ကျင်းပ သည်။
Oct 20, 2020
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၀-၁၀-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀)နာရီ
(၁၉-၁၀-၂၀၂၀) ရက်နေ့ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၁၇၁) ဦး၏ မြို့နယ်အလိုက် တွေ့ရှိ ရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
#Ministry of Health and Sports, Myanmar
Oct 20, 2020
ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး HPV (အိတ်ချ်ပီဗွီ) စတင် ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနား (Virtual Zoom Meeting) ကို ယနေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 20, 2020
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်အမှတ်(၃)ရပ်ကွက်၊ ကုန်သည်လမ်းနှင့် ဗိုလ်တထောင်ဈေး လမ်းထောင့်ရှိ Times city center ကိုဗစ်-၁၉ရောဂါကုသရေး ဌာနသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက် (၁၀:၁၀)အချိန်က သွားရောက်ကာ တာဝန်ထမ်းဆောင်နေသော စေတနာ့ ဝန်ထမ်း များအား အားပေးစကားပြောကြားခဲ့သည်။
Oct 20, 2020
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Video Conferencing ဖြင့် ကျင်းပခဲ့သည်။
Oct 20, 2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အ ရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄၄/၂၀၂၀)ကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 20, 2020
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် UAB ဘဏ်လုယက်မှုမှ တရားခံကို ဖော်ထုတ်ရရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Oct 20, 2020
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးသုံးပရိဘောဂပစ္စည်း စာအုပ်တင်စင်(သ်) (၅ဆင့်နှစ်ဖက်ပါ)များ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Oct 20, 2020
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၈ ရက် ညနေပိုင်းတွင် နောင်ချိုမြို့နယ်၊ မူဆယ်မန္တလေးသွားကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ကိုမင်းနှင့် ဖိုးစုမောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈၀၀ နှင့် ငွေကျပ် ၁၄၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
Oct 20, 2020
စာရေးသူ ရဲမြင့် မြန်မာ့အလင်းအယ်ဒီတာချုပ်(ငြိမ်း) ရေးသားပြုစုသည့် “သတင်းသမားတစ်ဦး၏ ဘဝပုံရိပ်လွှာ" စာအုပ် ထွက်ရှိလာသည်။
Oct 20, 2020
နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအား တိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုရာတွင် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင် အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများ လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိသည်။
Oct 20, 2020
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်းသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအရ မိမိမဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်း မပြုနိုင်သည့် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မိမိတို့ရောက်ရှိနေသော မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ ဆက်သွယ်၍ ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် ပုံစံ(၁၅)များ ရယူလျှောက်ထားနိုင်ကြောင်းနှင့် အထူးကိစ္စ တစ်ရပ်အဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၈ ရက် နေ့တွင် အသိပေးကြေညာချက်ထုတ်ပြန်ပြီး ဖြစ်ပါသည်။
“အကြမ်းဖက်မှု ကင်းစင်သော အနာဂတ်နေ့ရက်များဆီသို့” ပထမဆုံးအကြိမ် ရုပ်သံဇာတ်လမ်း တိုပြိုင်ပွဲ ကျင်းပမည်
Oct 20, 2020
မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင် နှစ်စဉ်ကျင်းပလျက်ရှိသော “ကျား၊မ အခြေပြု အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု” အစီအစဉ်အား ယခု ၂၀၂၀ ပြည့်နှစ်တွင် ရုပ်သံပြိုင်ပွဲအစီအစဉ် ပထမအကြိမ်အဖြစ် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Oct 20, 2020
အခမဲ့ အခြေခံပညာရေးနှင့် ကျောင်းအပ်နှံရေး ရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုများ ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာကို လက်လှမ်းမီ သင်ယူခွင့်ရရှိစေရေးအတွက် အခမဲ့ပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာတွင် ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာသင်ယူခွင့် ရရှိရန်၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံ ရေး အခွင့်အလမ်းများ တိုးတက်ရရှိစေရန် နှစ်စဉ် မေလနောက်ဆုံးပတ်ကို ကျောင်းအပ်နှံရေး သီတင်းပတ် (Enrolment Week) အဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိပါသည်။
Oct 20, 2020
သမဝါယမဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့ မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး ညှိနှိုင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 20, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၇၀)အား မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိ ခဲ့ကြသည်။
Oct 20, 2020
ရန်ကုန်တက္ကသိုလ်ကို တည်ထောင်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ် ၁၀၀ ပြည့်ပြီ ဖြစ်သည်။ ပင်မရန်ကုန်တက္ကသိုလ်ကြီးနှင့် ယင်းမှပေါက်ဖွား လာသော တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များသည် ကုန်လွန်ခဲ့သော နှစ် ၁၀၀ ကာလအတွင်း ဘဝအဖုံဖုံ မြင်ကွင်းအစုံစုံ ပြောင်းလဲကာ နိုင်ငံ၏ လွတ်လပ်ရေး တိုက်ပွဲတွင်လည်းကောင်း၊ နိုင်ငံပြုပြင်ပြောင်းလဲရေး တွင်လည်းကောင်း၊ နိုင်ငံတည်ဆောက်ရေးတွင်လည်းကောင်း ထင်ရှားပြောင်မြောက်သော အခန်းကဏ္ဍများမှ ပါဝင်ခဲ့သည်။
Oct 20, 2020
ရန်ကုန်၏ ပုံပြဇယားနှင့် ဂရပ်များက ကိုဗစ်ရောဂါပိုး ကူးစက်ပျံ့နှံ့မှုနှုန်း ကျလာနေသည်ကို ပြနေသည်။ သို့သော်လည်း ယင်းကို လုံးဝ အေးချမ်း သွားပြီဟု ယူဆလို့မရ။ အမှန်မှာ ဆက်လက်တိုးပွားလာနိုင် သေးသာဖြစ်၏ဟု တွက်ဆကာ သတိကြီးကြီး ဆက်ထားနေ ကြရပါဦးမည်။ ထို့ပြင် ရန်ကုန်တွင် ဂရပ်မျဉ်းက အကျဘက်သို့ ဆင်းလာနေပြီဟု ဆိုသော်လည်း မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အနည်းငယ်တက်လာနေသည်ကို သတိပြုမိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသားတို့ သတိကြီးကြီးထားမှုကို ဆက်လက် ထိန်းထားကြရန် လိုပါမည်။ လုံးဝပေါ့ဆလို့ မရသေးသည့် အချိန်။