နေပြည်တော် ဇွန် ၂၆
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ၏ Cartoon Animation Graphic သင်တန်းဆင်းပွဲ ကို ယနေ့ညနေပိုင်းက နေပြည်တော်-တပ်ကုန်းရှိ MRTV Auditorium ခန်းမ၌ ကျင်းပသည်။ ။
အဆိုပါသင်တန်းကို Graphic ဆိုင်ရာ တာဝန်ထမ်းဆောင် နေသော ဝန်ထမ်း ကိုးဦးအား စိစစ်ရွေးချယ်ပြီး စိတ်ဝင်စားဖွယ် ကာတွန်းအရုပ်ကလေးများဖြင့် ဖန်တီးမှုများပြုလုပ်နိုင်ရန်၊ ပရိသတ်များ စိတ်ဝင်စားမည့် ပြကွက်များ ပိုမိုဖန်တီးထုတ်လုပ် နိုင်ရန် ရည်ရွယ်ပြီး ပြင်ပနည်းပြဖြင့် ဇွန် ၂၂ ရက်မှ ၂၆ ရက်ထိ ငါးရက်ကြာ ရက်တိုသင်တန်းဖွင့်လှစ်ကာ စာတွေ့လက်တွေ့ သင်ကြားလေ့ကျင့်ပေးခြင်းဖြစ်သည်။
သင်တန်းဆင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားမှုနှင့် အတူ အုပ်စုနှစ်ခုခွဲ၍ စီစဉ်တင်ဆက်ခဲ့ကြသည့် “လက်ဆေးခြင်းဖြင့် တို့ကာကွယ်”၊ “အကောင်း နှင့်အဆိုး” အစီအစဉ်တို့အတွက် ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်