Skip to main content

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို မဟာလောကရန်နှိမ် အောင်တော်မူမြတ်စွာဘုရား ပရဝဏ်အတွင်းရှိ သာသနာ့ဗိမာန်ကိစ္စနှင့်ပတ်သက်၍ ဆရာတော် ကြီးများထံမှ သြဝါဒခံယူ

မန္တလေး ဇွန် ၂၆

 

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မဟာလောကရန်နှိမ် အောင်တော်မူ မြတ်စွာဘုရား ပရဝဏ်အတွင်းရှိသာသနာ့ ဗိမာန်ကိစ္စနှင့်ပတ်သက်၍ ဆရာတော် ကြီးများထံမှ ဩဝါဒခံယူပွဲ အခမ်းအနား ကိုယနေ့နံနက် ၁၀ နာရီကအောင်တော်မူ မြတ်စွာဘုရား နှစ်ကျိပ်ရှစ်ဆူ နှစ်ထပ် ဓမ္မာရုံ၌ ကျင်းပသည်။

 

ဩဝါဒခံယူပွဲသို့ မန္တလေးတိုင်း ဒေသကြီး သံဃနာယကအဖွဲ့၊ တိုင်း အကျိုးတော်ဆောင်၊ မိုးကောင်းကျောင်း တိုက်၊ ရတနာသိ ဒိုက်ဦးကျောင်း ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဓန္တ ဇောတိကာဘိဝံသ အမှူးပြုသောသံဃာ တော်များကြွရောက်ပြီး မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကိုနှင့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး သာသနာ ရေးဦးစီးမှူး ဦးကျော်လှိုင်၊ အောင်တော်မူမြတ်စွာ ဘုရား ဂေါပကအဖွဲ့ဝင်များ တက်ရောက် ကြည်ညိုကြသည်။

 

အခမ်းအနားတွင် သာသနာ့ဗိမာန် ကိစ္စနှင့်ပတ်သက်၍ ဆရာတော်များထံမှ ဩဝါဒခံယူပြီး မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက မဟာလောကရန်နှိမ် အောင်တော်မူ မြတ်စွာဘုရားအား သာသနာ့ဗိမာန်တော်သို့ ပြန်လည် ပင့်ဆောင်နိုင်ရန်အတွက် ဆောင်ရွက် မည့် အစီအမံများကိုလည်း ကောင်း၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီမှ တာဝန်ယူ နေစဉ်အတွင်း သာသနာရေးဆိုင်ရာ ဆောင်ရွက်နေမှုများ ကိုလည်းကောင်းလျှောက်ထားပြီး နေ့ဆွမ်း နှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်