Skip to main content

(၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် သဘောရေး ဖြေအောင်မြင်တော်မူ ကြသည့် သာသနာ့ အာဇာနည်အရှင်မြတ်များအား ဘွဲ့တံဆိပ်တော် နှင့် အောင်လက်မှတ်များ ဆက်ကပ်

နေပြည်တော် ဇွန် ၂၆

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့်(၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲ တွင် သဘောရေးဖြေအောင်မြင်တော်မူကြသော ဒီဃနိကာယကောဝိဒ၊ ဝိနယကောဝိဒနှင့်  ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ်များအား ဘွဲ့တံ  ဆိပ်တော်နှင့်အောင်လက်မှတ်ဆက်ကပ်ချီးကျူးပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာ ပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပပြု လုပ်သည်။

 

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ် ရေးအဖွဲ့၏ဩဝါဒစရိယ ဆရာတော်ကြီးများ၊ တိပိဋကဓမ္မဘဏ္ဍာ ဂါရိက တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်များ၊ တိပိဋကပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေး ဆရာတော် များ၊ ပင့်သံဃာ တော်များ၊ (၇၃) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေး ချယ်ရေး စာမေးပွဲတွင် သဘောရေးဖြေအောင်မြင် တော်မူကြသော ဒီဃနိကာယကောဝိဒ၊ ဝိနယ ကောဝိဒနှင့်ဥဘ တောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့ အာဇာနည်အရှင်မြတ်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင် ဦးမောင်းဟာနှင့်ဇနီး၊ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ သာသနာ ရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့်ဇနီး၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ နှင့် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သာသနာ့နုဂ္ဂဟဘွဲ့ရ အလှူရှင်များ၊ စာမေးပွဲကျင်းပစဉ် လှူဒါန်းသည့် ဆွမ်းအလှူရှင်များ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက် ရောက်ကြသည်။

 

ဦးစွာ အနုပညာအထက်တန်းကျောင်းက ဗုဒ္ဓရောင်ခြည်တော်ဖွဲ့ဖြင့် သီကျူးပူဇော်ကြပြီး လိုဏ်ဂူတော်ပတ်လည်ရှိ ခေါင်း လောင်း ၁၀၈ လုံး ကို တစ်ပြိုင်တည်း ၉ ကြိမ် ထိုးခတ် ပူဇော်သည်။ ယင်းနောက် တိပိဋကဓရ တိပိဋကကောဝိဒ၊ ရွေးချယ်ရေးစာမေးပွဲ ဩဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ်၊ မိုးကောင်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ သုဓမ္မာ စာရာဘိဝံသ ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ အမှူးပြုသော ဧည့် ပရိသတ်အပေါင်းက ငါးပါးသီလခံယူဆောက်တည်ကြသည်။

 

ထို့နောက် နိုင်ငံတော်သံဃမဟာနာယအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာ ဘိဝံသက သာရဏီယဩဝါဒကထာကို ဖတ်ကြားချီးမြှင့် တော်မူသည်။

 

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က သာသ နာရေးဆိုင်ရာများ ကိုလျှောက် ထားသည်။

 

ဆက်လက်၍ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် သဘောရေး ဖြေအောင်မြင်တော် မူကြသော သာသနာ့အာဇာနည် အရှင်သူမြတ်များအား ဘွဲ့တံဆိပ်တော် နှင့် အောင်လက်မှတ်များဆက်ကပ်ရာ ဒီဃနိကာယ် သုံးကျမ်း သဘောရေးဖြေအောင် ဒီဃနိကာယကောဝိဒ ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ တိပိဋကမဟာဂန္တဝင်နိကာယ်ကျောင်း မှ အရှင်ဝိသုဒ္ဓနှင့် စစ်ကိုင်းမြို့၊ မင်းကွန်း မိုးမိတ်ကုန်းမြေ တိပိဋကနိကာယကျောင်းမှ အရှင် ပဏ္ဍဝါလင်္ကာရ တို့အား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီး ချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ အားဆက်ကပ်သည်။

 

ထို့နောက် ဒီဃနိကာယ်သုံးကျမ်း သဘောရေးဖြေအောင် ဒီဃနိကာယကောဝိဒ ဘွဲ့တံ ဆိပ်တော်ရ စစ်ကိုင်းမြို့၊မင်းကွန်း တိပိဋကနိကာယကျောင်းမှ အရှင် အာနန္ဒပဏ္ဍိတာ လင်္ကာရ၊  ဝိနည်းဒုတိယပိုင်း သုံးကျမ်း သဘောရေးဖြေအောင် ဝိနယကောဝိဒ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းမြို့၊ မင်းကွန်း တိပိဋကနိကာယကျောင်းမှ အရှင်မင်္ဂလာစာရ၊ ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ တိပိဋကမဟာဂန္တဝင်နိကာယ်ကျောင်း မှ အရှင်နန္ဒိမာလင်္ကာရနှင့် အရှင် သုမင်္ဂလ၊  ဝိနည်းပထမပိုင်းနှစ်ကျမ်း သဘောရေးဖြေ အောင် ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းမြို့၊ မင်းကွန်း တိပိဋကနိ ကာယကျောင်းမှ အရှင်ဩဘာသ(ဝက်လက်)၊ အရှင်ပညာသိရီ(ဆီဆိုင်)၊ အရှင်မဏ္ဍလာလင်္ကာရ၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ တိပိဋကမဟာဂန္တဝင်နိကာယ် ကျောင်း မှ အရှင်စန္ဒိမာလင်္ကာရနှင့် အရှင်ပညာသာမီလင်္ကာရ တို့ထံ ကောင်စီဝင် ဦးမောင်းဟာ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ် တော်နှင့်အောင်လတ်မှတ်များဆက်ကပ်ကြသည်။

 

ယင်းနောက်  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မင်း ကျောင်း ပထမပြန်စာသင်တိုက် ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ အမှူးပြုသော ဧည့်ပရိတ်အပေါင်းက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစု တို့ အတွက်ရေစက်သွန်းလောင်းအမျှပေးဝေကြပြီး စာအောင် သံဃာတော်များအား လှူဖွယ် ဝတ္ထု ပစ္စည်းများ လောင်းလှူကြသည်။

 

တိပိဋကဓရ တိပဋကကောဝိဒ ရွေးချယ်စာမေးပွဲကြီးပေါ်ပေါက်လာရခြင်းသည် ဆဋ္ဌသင်္ဂါယနာတင်ပွဲကျင်းပရာ၌ ပိဋကတ် သုံးပုံအာဂုံဆောင်သည့် သာသနာ့အာဇာနည် ပုဂ္ဂိုလ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လွတ်လပ်ရေးနှင့်အတူ ၁၉၄၈ ခုနှစ်တွင် စတင်ပေါ် ပေါက်လာခြင်းဖြစ်ပြီး နှစ်စဉ်မပျက်ကျင်းပခဲ့ကြောင်း၊ တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တော် ရရှိရန်အတွက် အာဂုံဖြေဆိုအောင်မြင်ပြီးမှ သဘောရေးဖြေစာမေးပွဲကို ဖြေဆိုရကြောင်း၊ ရဟန်းတော်များနှင့် သာမဏေ များသာ ဖြေဆိုခွင့်ရပြီး ပါဠိပထမ ပြန်စာမေးပွဲ ပထမကြီး တန်းကိုဖြစ်စေ၊ ဝိနယ ဝိဒူတန်းကိုဖြစ်စေ၊ သာမဏေ ကျော် တတိယ ဆင့်ကိုဖြစ်စေ၊ စေတိယင်္ဂဏနှင့် သကျသီဟစာမေးပွဲ စာသင် တန်းကိုဖြစ်စေ တစ်ခုခုအောင် မြင်ပြီးသူ ဖြစ်ရ ကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် (၇၃)ကြိမ် အတွင်း ပထမဦးဆုံးသော တိပိဋကဓရ ဓမ္မ ဘဏ္ဍာ ဂါရိက မင်းကွန်း ဆရာတော်ကြီး အရှင် ဝိစိတ္တသာရာဘိဝံသ အပါအဝင် သာသနာ့အာဇာနည် ၁၅ ပါးပေါ်ထွန်းထားကြောင်း၊ သက်ရှိထင်ရှား တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တော်ရ ဆရာတော် ၁၁ ပါးရှိကြောင်းနှင့် တိပိဋကဓရ ပိဋကတ်သုံးပုံ အာဂုံဆောင် သာသနာ့ အာဇာနည်အရှင်သူမြတ် ၇ ပါး ပေါ်ထွန်းခဲ့ပြီး သာသနာ့အကျိုးကို သယ်ပိုးလျက်ရှိကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)