Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စက္ကူစက်ရုံ(ရေနီ)ရှိ စွန့်ပစ်စက္ကူသုံး ပျော့ဖတ်နှင့် စက္ကူစက်ရုံ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၆

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်လျက်ရှိသော စက္ကူစက်ရုံ (ရေနီ)အတွင်း တည်ဆောက်ထားသည့် စွန့်ပစ်စက္ကူသုံး ပျော့ဖတ် နှင့် စက္ကူစက်ရုံကို ကြည့်ရှုစစ်ဆေးသည်။

လမ်းညွှန်မှာကြား ကြည့်ရှုစစ်ဆေးစဉ် စက်ရုံတာဝန်ခံက လုပ်ငန်းလည်ပတ်မှုအခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်းနှင့် ပြည့်မီသော ကုန်ကြမ်း များကိုသာ အသုံးပြုရန်နှင့် ကုန်ချောများကိုလည်း သတ်မှတ်စံချိန်စံညွှန်းများ အတိုင်း ထွက်ရှိ ရေး အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အလေး ထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထုတ်ကုန် အရည်အသွေးများ တိုးတက်စေရေးအတွက် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ ကိုလည်း မြှင့်တင်ပေးရေးအစီအမံများ ရေးဆွဲလေ့ကျင့်ပေး ရမည်ဖြစ်ကြောင်း၊ လျှပ်စစ်နှင့် မီးဘေးအန္တရာယ်  မဖြစ်ပွားစေရေးအတွက် မီးငြှိမ်းသတ်ရေး | အထောက်အကူပြုပစ္စည်းများကို အဆင်သင့် အသုံးပြုနိုင်အောင် စီမံထားရန်နှင့် စီမံချက်များ ရေးဆွဲ၍ ဇာတ်တိုက်လေ့ကျင့် ထားရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားပြီးတင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြေရှင်း ဆောင်ရွက်ပေးသည်။

ကြည့်ရှုစစ်ဆေး ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်တစ်ရက်လျှင် တန် ၂၄၀၀ ထုတ်လုပ် နိုင်သည့်စက္ကူပျော့ဖတ်စက်ရုံ ပြန်လည် လည်ပတ်နိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေ ကို လည်းကောင်း၊ ဂျာမနီအပါအဝင် ဥရောပနိုင်ငံများသို့ တင်ပို့ရောင်း ချလျက်ရှိသည့် ဂွမ်းကပ်အနွေးထည်နှင့် ဂျာကင်အမျိုးမျိုးကို ဝန်ထမ်းအင်အား ၄၀၀၀ ကျော်ဖြင့် ထုတ်လုပ်လည်ပတ် ဆောင်ရွက်လျက်ရှိသည့် အထည်ချုပ်စက်ရုံများကို လည်းကောင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရ သည်။

သတင်းစဉ်