Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဆရာတော်ကြီး အမှူးပြု သည့် သင်ကြား/စီမံဆရာတော်များအား ဖူးမြော်ကြည်ညို

ရန်ကုန် ဇွန် ၂၆

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဦးထွန်းအုံနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်(ရန်ကုန်) မိုးကုတ်ဆွမ်းစား ဆောင်၌ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရ (အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) အမှူးပြုသည့် သင်ကြား/စီမံဆရာတော်များကို ဖူးမြော်ကြည်ညို သည်။

ရှေးဦးစွာ ပါမောက္ခချုပ်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ  ဆရာတော် သံဃာတော် အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ပွားချီးမြှင့် တော်မူသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ပါမောက္ခချုပ်ဆရာတော်နှင့် သင်ကြား/စီမံ ဆရာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်း၍ ပါမောက္ခ ချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ)က အနုမောဒနာနှင့် ရေစက်သွန်း တရားဟောကြားချီးမြှင့်တော်မူခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)