နေပြည်တော် ဖေဖော်ဝါရီ ၆
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ မဟာမြတ်မုနိကျောင်းတိုက်၊ မြို့ဦးကျောင်းတိုက်၊ မြို့မကျောင်းတိုက်၊ ဘုန်းတော်ကြီးသင်ပညာရေး သဗ္ဗညုကျောင်းနှင့် ဓါတ်စွမ်းဟုန်ဘုန်းကြီးကျောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် ပြည်အရှေ့ရပ်ကွက်ရှိ သာသနာ့တံခွန် ကျောင်းတိုက်၊ မှော်ဘီမြို့နယ် ကိုးလုံးကွင်းကျေးရွာရှိ သာသနရက္ခိတကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကန်လျားကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ် အလ္လကပ္ပကျောင်းတိုက် စံပြကျောင်းနှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ နဝဒေးရပ် ကွက် မဟာသီရိခေတ္တရာ မရှိခဏဘုန်းတော်ကြီးကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်