Skip to main content

ကယားပြည်နယ်အတွင်း အကြမ်းဖက်သမားများ၏ နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် ခေတ္တတိမ်းရှောင်နေကြသည့်ပြည်သူများ စားရေးအဆင်ပြေစေရန် ဆန်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော် ဖေဖော်ဝါရီ ၆

ကယားပြည်နယ်အတွင်း အကြမ်းဖက်သမားများ၏ နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် လွိုင်ကော်မြို့ပေါ်ရှိ ဥတ္တရုံဘုန်းတော်ကြီးကျောင်း၊ ဓမ္မဂုဏ်ရည် (မြကလပ်)ကျောင်းနှင့် မစိုးရိမ်ဘုန်းတော်ကြီးကျောင်းတို့တွင် ခေတ္တတိမ်းရှောင်နေကြသည့် ပြည်သူများနှင့် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများ စားရေးအဆင်ပြေစေရန်အတွက် ယနေ့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများက အိမ်ထောင်စု ၁ စုလျှင် ဆန် ၂ ပြည်နှင့် စားသောက်ဖွယ်ရာများအား ပြည်သူများ လက်ဝယ်သို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်