Skip to main content

သာစည်မြို့နယ်တွင် ငွေကျပ် ၁၅ ဒသမ ၃၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၆

သာစည်မြို့နယ်တွင် ငွေကျပ် ၁၅ ဒသမ ၃၅ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၃၁ ရက် ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ် တောင်ကြီး-သာစည် သွားကားလမ်း၊ ကျွဲတပ် ဆုံပူးပေါင်းစစ်ဆေးရေးစခန်းတွင် တောင်ကြီးမှ သာစည်ဘက်သို့ သီဟအောင် (၂၉ နှစ်) မောင်းနှင်ပြီး ခွန်တဘောက် (၂၁ နှစ်) လိုက်ပါလာသည့် MITSUBISHI  FUSO ၁၂ ဘီးမော်တော်ယာဉ်ကို  သတင်းအရ ရှာဖွေရာဒေသကာလ တန်ဖိုးငွေကျပ် ၁၅ ဒသမ ၃၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၂ ဒသမ ၃၇၅ သိန်း သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ ဖေဖော်ဝါရီ ၁ ရက် ညနေ ၄ နာရီခွဲက ပူးပေါင်းအဖွဲ့မှ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၁၅/၆)အနီးတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မနီလာဦး (၂၄ နှစ်)ကို IPSUM မော်တော်ယာဉ် တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ရန်ကုန်တိုင်း ဒေသကြီးသို့ သယ်ဆောင်ခြင်း၊ ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့ သုံးဦးကို ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

သတင်းစဉ်