Feb 20, 2022
၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို နေ့လယ် ပိုင်းတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့ဝင် ဦးမောင်းဟာတို့ တက်ရောက်ကြသည်။
Feb 20, 2022
အိန္ဒိယတပ်မတော်မှ မြန်မာ့တပ်မတော်သို့ လှူဒါန်းသော COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေး doses (၁)သိန်း တင်ဆောင်လာသော မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း(MAI) ခရီးစဉ်အမှတ် HM-621 လေယာဉ်သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။
Feb 20, 2022
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့ရှိ ရပ်ကွက်ရာအိမ်မှူးကို ယနေ့နံနက်ပိုင်းက အကြမ်းဖက်သမား ၂ ဦးမှ လက်လုပ်သေနတ်ဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Feb 20, 2022
မျိုးစေ့ပြပွဲ ရက်သတ္တပတ် ၂၀၂၂ ကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ပျဉ်းမနားမြို့နယ်၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ တတိယနေ့တွင် ဝါသီးနှံဖွံ့ဖြိုးဖို့ အားလုံးကြိုးပမ်းစို့ ခေါင်းစဉ်ဖြင့် ဝါသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တောင်သူနှီးနှောဖလှယ်ပွဲအခမ်းအနားကို ကျင်းပရာ ပြည် ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး တက်ရောက်အားပေးသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၀-၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Feb 20, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းများကို စနစ်တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Feb 20, 2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၏ နောက်ဘက် ကိုက် ၇၀ ခန့်အကွာတွင် ယနေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Feb 20, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၉ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းအဖွဲ့မှ စစ်ဆေး မှုများပြုလုပ်ခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော တရားဝင် စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၂၃၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၄၄,၇၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။
Feb 20, 2022
မြဝတီမြို့တွင် ငွေကျပ်သိန်း ၄၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Feb 20, 2022
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများသည် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန် တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
Feb 20, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများသည် ယနေ့နံနက်တွင် ပုဗ္ဗသီရိ မြို့နယ်၊ အောင်စည်သာ ကျောင်းတိုက်ရှိ သံဃာတော်များ၊ သာမဏေများအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲနှင့် အခြားစားသောက်ဖွယ်ရာ များကို သွားရောက်ဆက်ကပ်လှူဒါန်းသည်။
Feb 20, 2022
ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ကဒါကျေးရွာအုပ်စုတွင်ရှိသည့် DENKO ဓာတ်ဆီဆိုင်တွင် ယနေ့မွန်းလွဲ ၃ နာရီကျော်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Feb 20, 2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ၇/အနောက်ရပ်ကွက်၊ အမှတ်(၇)ဈေး၊ ဈေးရုံအမှတ် (ဃ)၌ ယနေ့နေ့လယ် ၁၂ နာရီ ၅၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Feb 20, 2022
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီတွင် လှိုင်မြို့နယ် ၅ရပ်ကွက်ပိတ်တောက်ချောင်းအတွင်း အမှိုက်များ၊ နုန်းများ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။
Feb 20, 2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဖေဖော်ဝါရီ ၁၈ ရက်၊ ၁၉ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာရှိ ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ)၊ အစိုးရ နည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)၊ အစိုးရ စက်မှုလက်မှုသိပ္ပံ (မိတ္ထီလာ)၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(မိတ္ထီလာ) များသို့သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Feb 20, 2022
စီမံကိန်းနှင့် စစ်ဆေးရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ အခမ်း အနားကို ယနေ့တွင် စက်မှုဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Feb 20, 2022
ရန်ကုန်မြို့ အဆင့်မြင့်လက်ကားဈေးကြီး ဖြစ်သော အဆင့်မြင့်မင်္ဂလာဈေးသစ် တည်ဆောက် ရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြေအောက်ထပ်အပါအဝင် မြေညီထပ်မှ အထပ်မြင့် လေးထပ်အထိဖြစ်သော ယခင်မင်္ဂလာဈေးဟောင်းမှ ဈေးသူဈေးသားများ ဖွင့်လှစ်ရောင်းချခဲ့သည့် ဆိုင်ခန်းများမှာလာမည့် ဇွန်လကုန်ပိုင်းတွင် ဆောက်လုပ်ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။
Feb 20, 2022
ကုလသမဂ္ဂ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သတင်းထုတ်ပြန်ရေးနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယမန်နေ့ မွန်လွဲပိုင်းတွင် Online စနစ်ဖြင့်ကျင်းပရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နေပြည်တော် တပ်ကုန်းမှ ဝန်ထမ်းများ တက်ရောက်ဆွေးနွေးကြသည်။ ABU (Asia- Pacific Broadcasting Union) သည် အာရှပစိဖိတ်ဒေသတွင်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၅၇ ခုမှ ရုပ်သံဌာနပေါင်း ၂၈၆ ခု ပါဝင်ဖွဲ့စည်း ထားသည့် ရုပ်သံလုပ်ငန်း အဖွဲ့အစည်းဖြစ်သည်။
Feb 20, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၁၈ ရက်တွင် ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၄၀ ဦး၊ အမျိုး သမီး ၂၈ ဦး၊ စုစုပေါင်း ၆၈ ဦးနှင့် ချင်းရွှေဟော်မြို့သို့ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်း ၂၅ ဦးတို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၀၇ ဦး၊ အမျိုးသမီး ၉၀ ဦး၊ စုစုပေါင်း ၁၉၇ ဦးတို့ကို လည်းကောင်း အသီးသီး လက်ခံခဲ့ကြသည်။
