Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများ ဆွမ်းဆန်တော်လှူဒါန်း

နေပြည်တော်   ဖေဖော်ဝါရီ   ၂၀

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများသည် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန် တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ စိန်ရာဇာသာသနာ့လင်္ကာရ ပရိယတ္တိစာသင်တိုက် သို့လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ မြေမြင့်ကျောင်းတိုက်သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်ရှိ သုခကာရီကျောင်းတိုက်သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ ချောင်းဒေါင်းပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ နဂါးကျောင်းပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ ဓမ္မောဒယ ပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း သွားရောက်၍ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)