Skip to main content

စီမံကိန်းနှင့်စစ်ဆေးရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၉

စီမံကိန်းနှင့် စစ်ဆေးရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ အခမ်း အနားကို ယနေ့တွင် စက်မှုဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက စက်မှုဝန်ကြီးဌာနအနေဖြင့် ရပ်နား ထားရသည့် စီမံကိန်းများ၊ စက်ရုံအလုပ်ရုံများ ပြန်လည်လည်ပတ်နိုင်ရေးအတွက် နည်းလမ်းရှာဖွေ ၍ ဆောင်ရွက်ပေးရန် လမ်းညွှန်ချက်နှင့်အညီ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) တွင်လည်း နိုင်ငံတော်အကြီးအကဲများက စီမံကိန်းများနှင့် ပတ်သက်သည့် ဆောင်ရွက်နိုင်သည့်နည်းလမ်းများ ကိုလေ့လာရန်နှင့် မမျှော်မှန်းနိုင်သည့် အခက်အခဲ များနှင့်ပတ်သတ်၍ ကြိုတင်ပြင်ဆင်ထားရန် လမ်းညွှန်မှုပြုခဲ့ကြောင်း၊ ထို့အပြင် စီမံကိန်းများနှင့် ပတ်သက်သည့် Pre Projection Procedure, Project Overall Work Plan, Annual Work Plan, Budget Preparation, Project Implementation Unit (PIU), Project Operation Manual (POM), Financial Management Manual (FMM), Project Cycle Management များ ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း၊ ထို့ကြောင့် လမ်းညွှန်ချက်များနှင့် အညီ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စက်မှုဝန်ကြီးဌာနရှိ အဆင့်မြင့်အရာရှိကြီးများအား သင်တန်းဖွင့်လှစ်ပေးရန် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအား ညှိနှိုင်းခဲ့ကြောင်း၊ ယခုကဲ့သို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးကို သင်တန်းဖွင့်လှစ်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ စီမံကိန်းလုပ်ငန်း များဆောင်ရွက်ရာတွင် လိုက်နာရမည့်အချက်များ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများကို နားလည်သိရှိခြင်းဖြင့် လုပ်ငန်းများ မြန်ဆန်မှန်ကန်စွာ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုသင်တန်းမှရရှိသည့် အသိပညာများကို အသုံးချပြီး စီမံကိန်းလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦးက စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်မှုဆိုင်ရာ အချက်အလက်များ၊ အဆိုပြုစီမံကိန်းတစ်ခုချမှတ်ရန် အခြေခံလိုအပ်ချက်များ၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရာတွင် လိုက်နာရမည့်အချက်များ၊ စီမံကိန်းရေးဆွဲခြင်းဆိုင်ရာ အခြေခံမူများ၊ စီမံကိန်းရေးဆွဲရန် ပြင်ဆင်ရမည့်အခြေခံမူများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို အကဲဖြတ်ခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို အကဲဖြတ်ခြင်း၊ ဘဏ္ဍာရေး ဆိုင်ရာစိစစ်ခြင်း၊ စီမံကိန်းအကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်ကွပ်ကဲခြင်းနှင့် အကဲဖြတ်ခြင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ စီမံကိန်းလုပ်ငန်းများကိုစစ်ဆေးခြင်း စသည်တို့ကို အသေးစိတ် ဆွေးနွေး၍ တက်ရောက်လာသည့် အဆင့်မြင့် အရာထမ်းများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်