Feb 20, 2022
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုသည် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ အောင်မြေသာစံမြို့နယ် မဟာလောကမာရဇိန် ကုသိုလ်တော် ဘုရားရင်ပြင်တော် နေပူခံစကျင်ကျောက်ပြားခင်း လုပ်ငန်းပြီးစီးမှုကို လိုက်လံကြည့်ရှုကာ သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ လက်ရာသေသပ်စွာ ဆောင်ရွက်ရေး၊ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေး အတွက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန်နှင့် ဘုရားဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
Feb 20, 2022
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေး ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Feb 20, 2022
နေပြည်တော် ရန်အောင်မြင် ပရိယတ္တိသာသနာလင်္ကာရအသင်းက ကြီးမှူးကျင်းပသော အဋ္ဌမအကြိမ် ရန်အောင်မြင်သာသနာလင်္ကာရအကျော်စာမေးပွဲတွင် အောင်မြင်သော စာအောင် သာမဏေ၊ သီလရှင်များအား အောင်လက်မှတ်ဆက်ကပ်ခြင်းနှင့် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ရွှေလက်လှစေတီတော် ရင်ပြင်တော်ရှိ ယာယီမဏ္ဍပ်၌ကျင်းပရာ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တဇနိန္ဒ ဆရာတော်မထေရ်မြတ်ကြီး အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
Feb 20, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် (၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့် ဦးတည်အုပ်စု များသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Feb 20, 2022
“မျိုးစေ့ပြပွဲ ရက်သတ္တပတ် ၂၀၂၂” စကားဝိုင်းဆွေးနွေးပွဲကို ယနေ့တွင် ပျဉ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ကျင်းပသည်။
Feb 20, 2022
မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ် သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လယ်ယာကဏ္ဍတွင် မျိုးကောင်းမျိုးသန့် မျိုးစေ့များ အသုံးပြုစိုက်ပျိုးခြင်းဖြင့် ထုတ်လုပ်မှုမြင့်မားပြီး နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မျိုးစေ့ပြပွဲ ၂၀၂၂ ကို နေပြည်တော်ရှိ စိုက်ပျိုးရေး သိပ္ပံကျောင်း၌ ကျင်းပလျက်ရှိသည်။
Feb 20, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ရှောင်တခင်စစ်ဆေးရာတွင် ဟုမ္မလင်းမြို့နယ်အတွင်း KENBO-125 အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀၀၀၀ နှင့် Toyonax125 အမျိုးအစား လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀၀၀၀ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အရေးယူဆောင်ရွက် လျက်ရှိသည်။
Feb 20, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် မျိုးစေ့ပြပွဲ၂၀၂၂ (Seed Fair 2022) ဒုတိယနေ့ကို ယနေ့ တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ဆက်လက်ကျင်းပသည်။
Feb 20, 2022
ချစ်ကြည်လေးစားအပ်ပါသော ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား-
Feb 20, 2022
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် နှစ်ပေါင်းထောင်ချီ အဓွန့်ရှည်တည်တံ့ ခိုင်မြဲလျက်ရှိသည်။ ဆက်လက်၍လည်း တည်တံ့ခိုင်မြဲနေဆဲ ဖြစ်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အခွန်ရှည်တည်တံ့ ခိုင်မြဲရန်အတွက် အဓိကအားဖြင့် ကာကွယ်စောင့်ရှောက် ပေးခဲ့ကြသူ များမှာ မည်သူတို့ဖြစ်ပါသနည်း။ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခဲ့သော သူတို့သည် မည်သူတို့ဖြစ်သည်ကို သမိုင်းတွင် ကြည့်နိုင် ပါသည်။
Feb 20, 2022
တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ခဲ့ရာ ယခင်က ထက်စာလျှင် တိုးတက်မှုရှိသော်လည်း အားရကျေနပ်ဖွယ် မရှိသေးကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်းအဝေး (၁/၂၀၂၂)တွင် ပြောကြားခဲ့ပြီး စစ်ဆေးရေးအဖွဲ့များ၏ လိုအပ်ချက်များကိုလည်း ထောက်ပြခဲ့သည်။
Feb 19, 2022
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက် ဖောက်ခွဲမှုများ ပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင် အဆောက်အဦများကိုပါ အကြမ်းဖက် ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်း သံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံး ညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။
Feb 19, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 19, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Feb 19, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် မျိုးစေ့ပြပွဲ၂၀၂၂ (Seed Fair 2022) ဒုတိယနေ့ကို ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ဆက်လက် ကျင်းပသည်။
Feb 19, 2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာ ရဲစခန်းအား ယနေ့နံနက် ၄ နာရီခွဲခန့်တွင် အကြမ်းဖက်လက်နက်ကိုင် အင်အား ၆၀ ဦးခန့်မှ ရဲစခန်း၏ အရှေ့ဘက် အနောက်ဘက်မြောက်ဘက် နေရာများမှ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သများ အရှေ့ဘက်၊ အနောက်ဘက်၊ မြောက်ဘက်အရပ်များသို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
Feb 19, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီး ကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ် သုံးမျိုးကို ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊ သာမဏေများအတွက် ဆက်ကပ်လှူဒါန်းလျက် ရှိသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်း လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသ ရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် အင်အားဖြည့်အစားအစာများကို ထောက်ပံ့ လှူဒါန်းလျက် ရှိသည်။
Feb 19, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၃၄ သန်းဖြင့် စက်သုံးဆီမှာယူတင်သွင်းခဲ့သည့် ကုမ္ပဏီ ၂၆ ခုမှ ဒီဇယ်ဆီဂါလန် ၁၂ ဒသမ ၅၄ သန်းခန့်ကို အထူးဈေးနှုန်းဖြင့် ဇန်နဝါရီ ၁၁ ရက်မှစတင်၍ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ဖေဖော်ဝါရီ ၁၉ ရက်တွင် ကုမ္ပဏီ ၁၄ ခုမှ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် စုစုပေါင်း ၃၃၈ ဆိုင်တွင် ဖြန့်ဖြူးရောင်းချပေး သွားမည်ဖြစ်သည်။
Feb 19, 2022
တပ်ကုန်းမြို့နယ်တွင် ငွေကျပ်သိန်း ၂၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Feb 19, 2022
နေပြည်တော် ဖေဖော်ဝါရီ ၁၈
