နေပြည်တော် ဖေဖော်ဝါရီ ၂၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၉ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းအဖွဲ့မှ စစ်ဆေးမှု များပြုလုပ်ခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၂၃၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၄၄,၇၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေး ရေးအဖွဲ့မှ ရှောင်တခင်စစ်ဆေးခဲ့ရာ တမူးမြို့နယ်အတွင်း ကညင်သစ် (၅ ဒသမ ၂၃) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၁,၅၀၀)နှင့် ဒီပဲယင်း မြို့နယ်အတွင်း HONDA SUPER CUP အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀,၀၀၀)နှင့် စုစုပေါင်း (ခန့်မှန်း တန်ဖိုး ငွေကျပ် ၃၆၁,၅၀၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေတို့ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက သတင်းအရ သွားရောက်စစ်ဆေးရာ ပဲခူးခရိုင် သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင်သစ်မျိုးစုံ (၇ ဒသမ ၄၀၆)တန် စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေ ကျပ် ၁,၃၇၁,၃၂၄) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၁၉ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၄ )မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၇၇၇,၅၂၄) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
(သတင်းစဉ်)