Feb 17, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် မိုင်းခတ်တပ်နယ်နှင့် မိုင်းယောင်း တပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား သီးခြားစီ သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။
Feb 17, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 17, 2022
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာ၌ အခြေခံပညာအလယ်တန်းကျောင်း၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား PDF အမည်ခံ အကြမ်းဖက်သမားများက ဖေဖော်ဝါရီ ၁၄ ရက်နေ့ ည ၁၂ နာရီခွဲတွင် ကျေးရွာ၏မြောက်ဘက်မှ လက်လုပ်စိန်ပြောင်း၊ တူမီးသေနတ်၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ခုခံပစ်ခတ်ခဲ့ရာ မိနစ် ၃၀ ခန့်အကြာတွင် အကြမ်းဖက်သမားများမှာ ကျေးရွာ၏ မြောက်ဘက်ရှိ ချောင်းဦးကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။
Feb 17, 2022
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာကားဝန်းနေ နိုင်လင်းအောင်(ခ) အီးကွဲ(ခ) ဒဗလျူ (ဘ)ဦးအောင်ဆန်းဝင်းသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံ ထောက်ပံ့ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နယ်မြေအတွင်း အကြမ်းဖက်သင်တန်း တက်ရောက်ခြင်း၊ လက်နက်၊ ခဲယမ်းများနှင့် လက်လုပ်ဗုံးများ သယ်ဆောင်ပေးခြင်းဖြင့် အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုဆိုင်ရာ ပြစ်မှုကို ကျူးလွန်ခဲ့ခြင်းအတွက်ကြောင့် လည်းကောင်း၊ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အမှတ်(၂)သိင်္ဂီလမ်း ကျောင်းပိုင်းရပ်ကွက်နေ အောင်ဘုန်းကျော် (ခ) ဇီးရိုးတူး (ဘ) ဦးရန်လင်းအောင်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နယ်မြေအတွင်း အကြမ်းဖက်သင်တန်း တက်ရောက်ခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးထောက်ပံ့မှုများ လက်ခံရယူခြင်းနှင့် ချုံခိုတိုက်ခိုက်ရာတွင် ပါဝင်ခဲ့ခြင်းဖြင့် အများပြည်သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ် စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ (သို့မဟုတ်) တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အခြေခံအဆောက်အဦများကိုဖြစ်စေ၊ နိုင်ငံပိုင် အဆောက်အဦကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြလုပ်ခဲ့ခြင်းကြောင့် လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)နှင့် ၅၀(က) တို့အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်တွင်၎င်းတို့အား “ထောင်ဒဏ် တစ်သက် ” ပြစ်ဒဏ် အမိန့်ချ မှတ်လိုက်ကြောင်း သိရသည်။
Feb 17, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်နှင့် မိုင်းယောင်း မြို့နယ် တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများအား ယနေ့တွင် မိုင်းခတ်မြို့နယ်နှင့် မိုင်းယောင်းမြို့နယ်တို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးခန်းမများ၌ သီးခြားစီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေး ပြောကြားသည်။
Feb 17, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများလိုက်ပါ၍ တြိဂံဒေသတိုင်းစစ် ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးသည်။
Feb 17, 2022
မကြာသေးမီ ရက်သတ္တပတ်များအတွင်းက အိမ်နီးချင်းနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် လုပ်ကိုင်ရန် တရားမဝင်လမ်းကြောင်းများမှ သွားရောက်ခဲ့ကြသည့် မိမိတို့နိုင်ငံသားများ တစ်သုတ်ပြီး တစ်သုတ် ဖမ်းဆီးခံခဲ့ကြရသည့် သတင်းများကို တွေ့ရှိရသည်။ တစ်ဖက်နိုင်ငံမှ တရားမဝင် လူဝင်လူထွက်မှုများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လုပ်ဆောင်နေကြောင်း သတင်းများ ထွက်ပေါ်နေသည့်ကြားမှပင် လူပွဲစားတို့ ၏ မမှန်မကန် ဖြားယောင်းမှုကို ယုံကြည်ပြီး သွားခဲ့ကြသူများ ဒုက္ခတွေ့ကြရခြင်းပင် ဖြစ်သည်။
Feb 17, 2022
မြန်မာနိုင်ငံသည် မြေမျက်နှာပြင် ပထဝီဝင်အနေအထားနှင့် မှီတင်းနေထိုင်ကြသော လူမျိုးစုများ၏ အခြေအနေတို့သည် အခြားမည်သည့်နိုင်ငံနှင့်မျှမတူ ထူးခြား သည့် ဝိသေသ လက္ခဏာများ ပိုင်ဆိုင်ထားသည်ကို ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံး သိရှိနားလည် နိုင်စေရေး ဆောင်ရွက်ပေးရန် အထူးလိုအပ်ပါသည်။ ထို့အပြင် မတူကွဲပြားသော တိုင်းရင်းသားလူမျိုးစုများသည် ပြည်ထောင်စု ကြီးအတွင်း ရှေးနှစ်ပေါင်း ထောင်ချီကတည်းက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ခဲ့ကြသည်ကိုလည်း အားလုံးက သိရှိနားလည်ထားကြရန် လိုအပ်ပါသည်။
Feb 16, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Feb 16, 2022
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက် ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံ အတွင်းခွဲ စိတ်ခန်း၊ ဓာတ်မှန်ခန်း၊ ဓာတ်ခွဲခန်း၊ ပြင်ပလူနာဌာနနှင့် အတွင်းလူနာလက်ခံ ကုသနေမှု အခြေနေ တို့ကိုလှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Feb 16, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက “မျိုးစေ့ပြပွဲ ၂၀၂၂” Seed Fair 2022 ကျင်းပရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
Feb 16, 2022
ပြည်ထောင်စုရာထူးဝန်အဖွဲ့ကွပ်ကဲမှုအောက်ရှိ ဉီးစီးဌာနများနှင့်ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ အရာထမ်း၊ အမှုထမ်းများဖြင့်ဆောင်ရွက်ခဲ့သော ဖွံ့ဖြိုးတိုးတက်မှု အလား အလာကောင်း တစ်ရပ်၏ ပြယုဂ်-ခေါင်းဆောင်မှုအရင်းအမြစ် တည်ဆောက်ခြင်းဆိုင်ရာ တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၄ နာရီက ပြည်ထောင်စုရာထူးဝန်အဖွဲ့ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ ကျင်းပသည်။
Feb 16, 2022
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ နံနက်ပိုင်းတွင် မိုင်းခတ်မြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးသည်။
Feb 16, 2022
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန “မျိုးစေ့ပြပွဲရက်သတ္တပတ် ၂၀၂၂” Seed Fair Week 2022
Feb 16, 2022
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၃ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ရှောင်တခင်စစ်ဆေးခဲ့ရာ ကျောက်စိမ်းအရိုင်းတုံးဆိုဒ်စုံ စုစုပေါင်းအလေးချိန် (၂၄၃)ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာ ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။
Feb 16, 2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ဖေဖော်ဝါရီ (၁၅)ရက်၊ မွန်းလွဲ ၁ နာရီတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးဇော်ဇော်နိုင်၊ ဦးအောင်ဇော်ဝင်း၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်တင်နှင့် တာဝန်ရှိသူများကို တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လက်ခံတွေ့ဆုံသည်။
Feb 16, 2022
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့မွန်းလွဲပိုင်းက တရုတ်နိုင်ငံ၊ ချုံချင့်မြို့အခြေစိုက် South Asia Future Investment Group Pte. Ltd မှ ဥက္ကဋ္ဌဖြစ်သူ Mr. Zhang Jun နှင့်အဖွဲ့အား နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ တွေ့ဆုံသည်။
Feb 16, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၃၆ ကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ၄ ကျောင်းနှင့် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ၂၀ တို့၌ မြန်မာ့ရိုးရာ ထမနဲထိုး ပြိုင်ပွဲများကို သင်တန်းကျောင်း အသီးသီး၌ ဖေဖော်ဝါရီ ၁၅ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့သည်။
Feb 16, 2022
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ် စံပြချမ်းမြေ့စည်ပင် ဝန်ထမ်းအိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား (Mobile Market)စနစ်ဖြင့် ဈေးရောင်းချမှုကို ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေးချက်များကို လိုက်နာ၍ ဈေးရောင်း၊ ဈေးဝယ် ပြုလုပ်ကြရန် လမ်းညွှန်မှာကြားသည်။
