မန္တလေး ဖေဖော်ဝါရီ ၂၀
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့ရှိ ရပ်ကွက်ရာအိမ်မှူးကို ယနေ့နံနက်ပိုင်းက အကြမ်းဖက်သမား ၂ ဦးမှ လက်လုပ်သေနတ်ဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြည်ကြီးတံခွန်မြို့နယ်(ဂ)ရပ်ကွက်၊ ၆၇(ဒီ)လမ်း၊ ၁၁၉ လမ်းနှင့် ၁၂၀ လမ်းကြားရှိ ရပ်ကွက်ရာအိမ်မှူးသည် နေအိမ်ရှေ့တွင် ထိုင်နေစဉ် ဆိုင်ကယ်စီးလာသော အကြမ်းဖက်သမား ၂ ဦးမှ လက်လုပ်သေနတ်(အတို)ဖြင့် ပစ်ခတ် မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဆေးကုသမှုခံယူနိုင်ရန် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ရရှိသည့် ဒဏ်ရာပြင်းထန်မှုကြောင့် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။