Skip to main content

မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ အစိုးရစက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၁၉  

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဖေဖော်ဝါရီ ၁၈ ရက်၊ ၁၉ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာရှိ ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ)၊ အစိုးရ နည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)၊ အစိုးရ စက်မှုလက်မှုသိပ္ပံ (မိတ္ထီလာ)၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(မိတ္ထီလာ) များသို့သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ဖော်ဖော်ဝါရီ ၁၈  ရက် မွန်းလွဲပိုင်းတွင် ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ)သို့ ရောက်ရှိပြီး ဒုတိယ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့်  တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အရည် အသွေးပြည့်ဝသောသင်ကြားသင်ယူမှုဆိုင်ရာ ကိစ္စရပ် များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ လူ့စွမ်းအား အရင်းအမြစ်ပြုစုပျိုးထောင်နေသည့် အခြေအနေ များနှင့် ICT နည်းပညာကို အကျိုးရှိစွာအသုံးချပြီး စဉ်ဆက်မပြတ်သင်ယူခွင့်ရရှိရေးတို့ကို ပြောကြားပြီး  စာသင်ခန်းများ၊ ကွန်ပျူတာခန်း၊ စက်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်များ၊  အလုပ်ရုံများနှင့် ကျောင်းသား ကျောင်းသူများ၏ လက်တွေ့ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်း တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (မိတ္ထီလာ) သို့ ရောက်ရှိ ပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်နှင့်နည်းပညာတက္ကသိုလ် (မိတ္ထီလာ)သို့ ရောက်ရှိပြီး သင်ကြားသင်ယူမှု ဆောင်ရွက်နေမှုများ၊ ကွန်ပျူတာခန်း၊ စက်ပစ္စည်း များ၊ သင်ထောက်ကူပစ္စည်းများနှင့် စာကြည့်တိုက်များ၊ အလုပ်ရုံများနှင့် ကျောင်းသား ကျောင်းသူများ၏ လက်တွေ့ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်၊ သိပ္ပံ၊ ကျောင်းများ၏ဥပဓိရုပ်ကောင်းမွန် စေရေး၊ သန့်ရှင်းသာယာလှပစေရေးနှင့် မိုးရာသီ ကာလအတွင်း သစ်ပင်၊ ပန်းပင်များ အရိပ်ရအပင်များ စနစ်တကျစိုက်ပျိုးနိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်