Skip to main content

မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

 

ကြို့ပင်ကောက် ဖေဖော်ဝါရီ ၂၀

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၏ နောက်ဘက် ကိုက် ၇၀ ခန့်အကွာတွင် ယနေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦး ထိခိုက်ပျက်စီးမှု မရှိကြောင်း ကနဦး သိရသည်။