Skip to main content

မြဝတီမြို့တွင် ငွေကျပ်သိန်း ၄၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်  ဖေဖော်ဝါရီ ၂၀  

မြဝတီမြို့တွင် ငွေကျပ်သိန်း ၄၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဖေဖော်ဝါရီ ၁၈ ရက် မွန်းတည့် ၁၂ နာရီ တွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အနန္တသုခလမ်းတွင် ဇော်မင်း(၄၄)နှစ် မောင်းနှင်လာသည့် HONDA FIT မော်တော်ယာဉ်ကို သတင်းအရ စစ်ဆေးရှာဖွေရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသဖြင့် ပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ဖမ်းဆီးခဲ့ရာ  ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၄၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ  ၁ သိန်း သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မောင်ပီး(ခ)စိုင်းပီး(၄၅)နှစ်ကို မြဝတီမြို့ အမှတ်(၄)ရပ်ကွက်တွင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ၂ ဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ 

(သတင်းစဉ်)