Aug 14, 2021
နိုင်ငံတစ်နိုင်ငံ၏ လူမျိုး၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု စသည်တို့သည် ထိုနိုင်ငံ၏ ဂုဏ်ဒြပ်များပင် ဖြစ်သည်။ တန်ဖိုးမဖြတ်နိုင်သော ရတနာများဖြစ်သည်။ ၎င်းတို့ထဲမှ စာပေသည် တိုင်းပြည်နှင့် လူမျိုး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခရာကျလှသည်။ အဘယ်ကြောင့်ဆိုသော် စာပေသည် လူတို့၏ အသိဉာဏ်ပညာကို ထွန်းလင်းစေနိုင်သောကြောင့် ဖြစ်သည်။ ထိုစာပေ ရေစီးကြောင်းကြီး အရှိန်အဟုန် မပြတ် ဆက်လက်စီးဆင်းနိုင်စေရန် တာဝန်သည် စာပေရေးသားပြုစုကြသည့် စာပေပညာရှင်များ၊ စာရေးဆရာ များနှင့် စာဖတ်ပရိသတ်များ၏ ပခုံးပေါ်တွင် ကျရောက်နေပေသည်။
Aug 14, 2021
အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသ အသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်သည့် သတင်းထုတ် ပြန်ချက်ကိုလည်း ထပ်လောင်းသတိပေး ဖော်ပြလျက်ရှိပြီး ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်မှုပြုလုပ်သူ၊ နက်ရှိုင်းစွာ ကာယကံမြောက်ဆောင်ရွက်သူ များမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ် ပညာရှင်၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအား နိုင်ငံတော်မှ အထူးသက်ညှာစွာ ဖြေလျှော့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ကို ထပ်လောင်းသတိပေးလျက်လည်း ရှိပါသည်။
Aug 14, 2021
အခုချိန်မှာ ဖြစ်ပွားလျက်ရှိတဲ့ ကိုဗစ်၁၉ကပ်ရောဂါဘေးကို တစ်ကမ္ဘာလုံးက ရင်ဆိုင်နေရတဲ့အချိန်မှာ ဆေးပညာရှင်တွေနဲ့ လူထုကို စိုးရိမ်လာစေတာက ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇပြောင်းလဲမှုပဲ။ ဒီရောဂါကို စဖြစ်စေခဲ့တဲ့ ဝူဟန်မြို့မှ ဗိုင်းရပ်စ်ကနေပြီး မျိုးကွဲတွေများစွာ ပေါ်ထွက်လာခဲ့ရာ အခုအချိန်မှာ ကူးစက်မှုအမြန်ဆုံးနဲ့ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်လာစေတဲ့ မျိုးကွဲကတော့ ဒယ်လ်တာ (Delta) မျိုးစိတ်ဖြစ်လာတယ်။ ဒီနောက်မှာတော့ လမ်(ဘ်)ဒါ (Lambda) မျိုးစိတ်က စိုးရိမ်ဖွယ်ရာ ကူးစက်မှုအခြေအနေကို ဖြစ်လာစေတယ်။
Aug 12, 2021

မေရီကေးလ်အလှကုန် ပစ္စည်းလုပ်ငန်း၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌ မေရီကေးလ်အက်စ်သည် အခြားသူများ၏ အစွမ်းအစများအပေါ်တွင် အကောင်းမြင်ပုံ၏ အရေးပါမှုနှင့်တန်ဖိုးကို လုံးဝနားလည်တတ်သူဖြစ်သည်။ ခြံစည်းရိုး၏ နှစ်ဖက်စလုံးကနေ ကြည့်မြင်နိုင်၍ တန်ဖိုးအမှန်ကို သူသိရှိသည်။ ၎င်းတွင် ပြုစုစောင့်ရှောက်ရန် ကလေးနှစ်ယောက် ရှိနေသဖြင့် စတန်လီအိမ်သုံးပစ္စည်းလုပ်ငန်းတွင် စတင်အလုပ်လုပ်ခဲ့သည်။ အခြားသူများမှာ အရောင်း အခြေအနေ ကောင်းမွန်ကြောင်းကို တွေ့ရှိရသည့်အခါ သူ့အနေဖြင့် တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူ့အလှည့်သူ့အချိန်ကို ရောက်ရှိလာမည်ဖြစ်ကြောင်းကိုသိနေပြီး နှစ်ဆပို၍ကြိုးစားခဲ့သည်။ ။
Aug 12, 2021

အခုအခါမှာ နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု တတိယလှိုင်း ဟာရှေ့မှာ ဖြစ်ပွားခဲ့တဲ့ ပထမလှိုင်း၊ ဒုတိယလှိုင်းတွေနဲ့ မတူဘဲ ကူးစက်ခံရသူနဲ့ သေဆုံးသူ စံချိန်တင် မြင့်မားတာကို တွေ့ရှိရမှာဖြစ်တယ်။ ဒီတော့ ဘာကြောင့် သေဆုံးမှုနှုန်း မြင့်မားလာသလဲဆိုတဲ့ အချက်ဟာ ကျန်းမာရေးပညာရှင်တွေနဲ့ စီမံအုပ်ချုပ်သူတွေအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ သိထားသင့်တဲ့အချက်တွေ ဖြစ်လာပါတယ်။ အဆိုပါအချက်တွေကို လေ့လာကြည့်တဲ့ အခါမှာ အောက်ပါအတိုင်း တွေ့ရမှာဖြစ် တယ်။
Aug 11, 2021
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သြဂုတ် ၉ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသခဲ့သည့် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Aug 11, 2021
ပါကစ္စတန်နိုင်ငံ၏တရားဝင်အမည်မှာ ပါကစ္စတန် အစ္စလာမ္မစ်သမ္မတနိုင်ငံဖြစ်ပြီး တောင်အာရှ တွင် တည်ရှိပါသည်။ ဧရိယာအားဖြင့် ၃၄၀၅၀၉ စတုရန်းမိုင်ကျယ်ဝန်း၍ လူဦးရေမှာ ၂၀၁၇ ခုနှစ် သန်းခေါင်စာရင်းအရ ၂၁၂ သန်းကျော်ရှိသည်။ မူဆလင်လူမျိုး ၉၅ ရာခိုင်နှုန်းနှင့် အခြား ငါးရာခိုင်နှုန်းရှိသည်။ တောင်ဘက်တွင် အာရေဗီယန် ပင်လယ်နှင့် အိုမန်ပင်လယ်ကွေ့ တို့ရှိပြီး မိုင် ၆၅၀ ရှည်လျားသော ကမ်းရိုးတန်းရှိပါသည်။ အနောက် ဘက်တွင် အာဖဂန်နစ္စတန်နိုင်ငံနှင့် အီရန်နိုင်ငံ၊ အရှေ့ဘက်တွင် အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဘက် အဖျားတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။
Aug 11, 2021
အခုဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရဲ့ ဗီဇပြောင်းမျိုးကွဲအသစ် ဒယ်လ်တာ (Delta) မျိုးကွဲ ဟာ ယခင်ဗိုင်းရပ်စ်မျိုးကွဲတွေဖြစ်တဲ့ အယ်လ်ဖာ/ ဘီတာ (Alpha/Beta) တို့ထက် ကူးစက်မှု၊ ပြင်းထန်မှု၊ သေဆုံးမှုတွေ ပိုမြင့်နေတယ်လို့ လေ့လာချက်တွေအရ သိရှိရပါတယ်။ ၎င်းမျိုးကွဲ ဟာဆိုရင် ပုံတူမျိုးပွားနိုင်စွမ်း အလွန်မြန်တယ်။ ခန္ဓာကိုယ်ခုခံစွမ်းအားကို ကျော်လွှားသွားနိုင် တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ ဒယ်လ်တာမျိုးကွဲကို အလျင်မြန်ဆုံးနဲ့ အကြံ့ခိုင်ဆုံး ito "fastest and fittest" variant apol တယ်။ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကို အကောင်း ဆုံးထိန်းချုပ်နိုင်ဖို့ကတော့ နှာခေါင်းစည်း တပ်ဆင်တာအပါအဝင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မိမိမှာ ရောဂါပိုး ရှိ/မရှိ စောစောစစ်ဆေးဖို့လည်း လိုအပ် သလို အဲဒီလိုစောစောစစ်ဆေးမှသာလျှင်လည်း စောစောဆေးကုသမှုခံယူနိုင်မှာဖြစ်ပြီး ရောဂါ ပြင်းထန်စွာခံစားရတာ၊ အသက်ဆုံးရှုံးရတာတွေကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
Aug 10, 2021

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်များကို နိုင်ငံတော်က သုံးကြိမ်တိုင်သတ်မှတ်ပေးခဲ့ပြီး ဖြစ်သည်။ကျန်ရှိသည့် အများပြည်သူအလုပ်ပိတ်ရက်များတွင် အတတ်နိုင်ဆုံး မိမိတို့နေအိမ်များ၊ အဆောင်များတွင်သာ နေထိုင်ခြင်းအားဖြင့် ကိုဗစ်၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို လျော့ကျ စေနိုင်မည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုကို ဆက်လက်ဟန့်တားထိန်းချုပ်ရန် ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များအပါအဝင် အခြေခံပညာကျောင်း များ အားလုံး ကိုလည်း သြဂုတ်လ ၁၅ ရက်နေ့အထိ ဆက်လက်ပိတ်ထားပြီးဖြစ်သည်။
Aug 10, 2021

လတ်တလောမှာဆိုရင် မြန်မာနိုင်ငံအနှံ့ ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်မှုတွေ မြင့်တက်လာတာနဲ့ အမျှ နိုင်ငံအနှံ့ဖွင့်လှစ်ထားတဲ့ Quarantine Centre တွေမှာလည်း အလုပ်များနေနေကြတာကိုတွေ့ရသလို Home QuarantineHotel Quarantine ဝင်ကြတာလည်းတွေ့ရပါတယ်၊၊ ကွာရင်တင်းဝင်ခြင်းဆိုသည်မှာ မိမိမှတစ်ဆင့်တခြားသူများသို့ ရောဂါကူးစက်မှုမရှိအောင် တတ်နိုင်သမျှ တခြားသူများနဲ့ ထိတွေ့ပြောဆိုဆက်ဆံမှုမပြုဘဲ သီးသန့်ခွဲခြားနေထိုင်ခြင်းကိုဆိုလိုပါတယ်။