Aug 30, 2021
ကမ္ဘာကြီးမှာ ဗီဇပြောင်းပိုးတွေက သူ့ထက်သူ လူစွမ်းကောင်းတွေ ထွက်ပေါ်နေပါတယ်။ ကာကွယ်ဆေးထိုးနှံသူ များလာလေလေ ဗီဇပြောင်းပိုးတွေဖြစ်ပေါ်မှု အန္တရာယ်နည်းလေလေ ဖြစ်ပါတယ် (ဒေါက်တာခင်ခင်ကြီး)
Aug 29, 2021
အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီတွင် ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်မှစ၍ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဆရာဝန် တင်ရွှေဆု၊ ထွန်းဖောင်ဒေးရှင်းစာပေဆု၊ ပခုက္ကူ ဦးအုံးဖေ စာပေဆု၊ သုတစွယ်စုံစာပေဆု စသည့် စာပေဆိုင်ရာ ဆုရွေးချယ်ရေးအဖွဲ့များ၌လည်း ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။
Aug 29, 2021

ယနေ့ခေတ် လူမှုဆက်ဆံရေးနှင့် လူမှု ကွန်ရက်နယ်ပယ်တွင် တစ်ဖက်နှင့် တစ်ဖက် အယူအဆ၊ အတွေးအခေါ် မတူညီပါက Negative Thinking, Negative Thought ဟူသော စကားလုံးကို ပိုမိုရေးသား၊ ပြောဆို အသုံးပြု လာကြပါသည်။
Aug 29, 2021

မြန်မာနိုင်ငံကဲ့သို့ ပဋိပက္ခနက်ရှိုင်းစွာ တည်ရှိနေသည့် နိုင်ငံတစ်နိုင်ငံအတွက် အမျိုးသား ရင်ကြားစေ့ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသည် အရေးပါသည့် အခြေခံလိုအပ်ချက် တစ်ရပ်ဖြစ်ပါသည်။
Aug 29, 2021

တစ်ကမ္ဘာလုံး ခံစားကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကို မိမိတို့နိုင်ငံသားတွေလည်း ပြီးခဲ့တဲ့ကာလမှာ အလူးအလဲခံစားခဲ့ကြရပါတယ်။ ကိုဗစ် -၁၉ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း စတဲ့ လှိုင်းအဆင့်ဆင့်အနက် အခုကြုံနေရတဲ့ တတိယလှိုင်းအတွင်း ပြီးခဲ့တဲ့ ဇူလိုင်လက ကူးစက်မှု အမြင့်ဆုံးကြုံခဲ့ရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
Aug 29, 2021

အရှုပ်အထွေးမရှိသောအလုပ်ကို လုပ်ခြင်းဆိုသည်မှာ အလုပ်လုပ်ရာတွင် စိတ်ရော လူရော ရှုပ်ထွေးခြင်း မရှိစေနှင့်ဟု အဓိပ္ပာယ်ရပါသည်။ အလုပ်များကို ရိုးရိုးသားသား မှန်မှန်ကန်ကန် မလိမ်မညာဘဲ လုပ်သူသည် စိတ်ရှုပ်ထွေးမှု ကင်းရှင်းပါမည်။ ဥပဒေနှင့် မညီသောအလုပ်ကို လုပ်မည်၊ ကျင့်ဝတ်များကို ဖောက်ဖျက်၍ အလုပ်လုပ်မည်။ လိမ်လည်လှည့်ဖျားမှုများ လုပ်မည်ဆိုလျှင် စိတ်ရှုပ်ထွေးမှုများဖြစ်ကာ အိပ်ကောင်းခြင်းပင် အိပ်ရမည်မဟုတ်ပါ။ လူရှုပ်ထွေးခြင်းမရှိစေနှင့်ဆိုသည့် အဓိပ္ပာယ်မှာ အလုပ်လုပ်သည့်အခါ မလုပ်သင့်သည့်သူများနှင့် လက်တွဲမလုပ်ရန်၊ မပေါင်းသင်းထိုက်သည့်သူများနှင့် မပေါင်းရန် ဖြစ်ပါသည်။ ဥပဒေ ချိုးဖောက်သူများ၊ မိမိကိုယ်ကျိုးကိုသာ ကြည့်သည့်အတ္တကြီးသူများနှင့် ပူးပေါင်းကာ အလုပ်လုပ်လျှင် အောင်မြင်မှုကိုရရှိရန် ခက်ပါမည်။ အလုပ်တစ်ခုကို ဇောက်ချလုပ်ရန်လိုသလို ရေရှည်လုပ်ရန်လည်း လိုပါ သည်။ အလုပ်တစ်မျိုးတည်းမှာ ရေရှည်လုပ်မှလည်း ကျွမ်းကျင်မှုကို ရရှိပိုင်ဆိုင်ပါမည်။ ကျွမ်းကျင်မှုရှိမှလည်း အောင်မြင်မှုက လိုက်လာပါမည်။
Aug 29, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၈/၂ဝ၂၁ ကြိမ် မြောက် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့် ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံခြား သံရုံးများမှ သံတမန်များနှင့် သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှု များကို ပြန်လည်ဖြေကြားသည်။
Aug 29, 2021
(ယမန်နေ့မှအဆက်)
မေး ။ ။ ရုရှား - မြန်မာ နှစ်နိုင်ငံအကြား အရပ်ဘက်နယ်ပယ်တွေထက် သိသိသာသာ သာလွန်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိတဲ့ နယ်ပယ်ကိုပြပါဆိုရင် စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်ကို ပြရမှာပဲဖြစ်ပါတယ်။ ဒီစစ်မှန်သော အောင်မြင်မှုတွေကြောင့်ပဲ နိုင်ငံရဲ့အချုပ်အခြာအာဏာကိုကောင်းစွာ ကာကွယ် စောင့်ရှောက်နိုင်ပြီး အကြမ်းဖက်သမားများရဲ့ ရန်မှကာကွယ်ပေးနိုင်မယ့် ခေတ်မီ တိုးတက်တဲ့ အဆင့်မြင့်တပ်မတော်ကို
Aug 29, 2021

၁၉၀၈ ခုနှစ်တွင် ဗြိတိသျှတို့မှ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ခွင့်ပြုခဲ့ပြီး ၁၉၀၉ ခုနှစ် အက်ဥပဒေကို ပြဋ္ဌာန်း၍ အုပ်ချုပ်ရေးကို စတင်ခဲ့သည်။ ဗြိတိသျှတို့၏ ယခင်ကိုလိုနီ နယ်ဟောင်းများဖြစ်သော “ကိတ်” နှင့် “နေတယ် ဒေသ၊ “ဘိုးအား’ နယ်မြေများ ဖြစ်သော “အာရိန့် ဖရီးစတိတ်” နှင့် “ထရန့်စ် ဗယ်” တို့ကိုပေါင်းစု၍ တောင်အာဖရိက ပြည်ထောင်စုနိုင်ငံ တည်ထောင်ခဲ့သည်။ ၁၉၀၉ ခုနှစ် အက်ဥပဒေသည် တောင်အာဖရိက ပြည်ထောင်စု (Union of South Africa) ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အရင်းအမြစ် ဖြစ်ခဲ့သည်။ ၎င်းဥပဒေကို ဗြိတိသျှပါလီမန်မှ ပြဋ္ဌာန်းခြင်းဖြစ်သည်။
Aug 28, 2021

“အချင်ချင် အမျက်အဤ တစိယ်မဟိယ် ချတ်သမ္မက်စိဖွင် ရှုကြရစိယ်နော်။”
သိင်္ဃသူ့သမီး ကျောက်စာ သက္ကရာဇ်-၆၂၈ ပိသျှက်နှစ် နံကာလဆန်း ၇ ရက် ကြာသပတေး ပုဂံခေတ်ဦးကရေးထိုးခဲ့သည့် အထက်ကျောက်စာပါစာသား၏ အဓိပ္ပာယ်မှာ-
“အချင်းချင်း အမျက်ဒေါသ တစ်စေ့မရှိ ချစ်သောမျက်စိဖြင့် ရှုကြရစေ၏” ဟုဖြစ်ပါသည်။
“ ငြိမ်းချမ်းရေး” ကိုဖော်ဆောင်သည့် မွန်မြတ်ပြီး တန်ဖိုးကြီးမား လှသော စကားစုပင်ဖြစ်၏။