Skip to main content
Nov 15, 2021
fgvfdgfg
စာဖတ်ခြင်းဆိုရာတွင် လူ့ဘဝအစ ကျောင်းနေစ မူလတန်း ‘ဝ’ လုံးလေးစရေးခဲ့သည်မှစ၍ စာဖတ်ကြရသည်။ ဗျည်းနှင့်သရ ချိတ်ဆက်နိုင်ခဲ့သည့်အခါ ၊ မင်္ဂလာဖိတ်စာ၊ အလှူဖိတ်စာ၊ ကြော်ငြာကဲ့သို့ စာတိုပေစလေးများ ဖတ်ခဲ့ရာမှ စာဖတ်ခြင်းများ မြင့်တက်ခဲ့ရသည်။
Nov 15, 2021
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကြီးမားသောမဲစာရင်း မှားယွင်းမှုများဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်က အာဏာရပါတီနှင့် ရွေးကောက်ပွဲကော်မရှင်တို့အား ဖြေရှင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း တာဝန်ယူ ဖြေရှင်းခြင်း မရှိဘဲ လျစ်လျူရှုခဲ့သည်။ ထို့အပြင် အာဏာရပါတီသည် တတိယအကြိမ် လွှတ်တော် များခေါ်ယူပြီး အစိုးရဖွဲ့စည်းကာ နိုင်ငံတော် အာဏာကို အတင်းအဓမ္မရယူရန်ပင်ကြိုးစားလာခဲ့ သည်။ ထို့ကြောင့် တပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရတိုင်းပြည်တာဝန်ကို ခေတ္တထိန်းသိမ်းခဲ့ရသည်။
Nov 15, 2021
hjkl,
အရှေ့တောင်ကြောဘက်ဆီမှတိုက်ခတ်လာသော ထင်းရှူးရနံ့လေအေးတို့သည် လူအုပ်အကြားသို့ ဖြန့်ကြက်တိုးနေသည်။ လတ်ဆတ်သော ထင်းရှူးရနံ့လေအေးကြောင့် ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းသွား၏။ လူအုပ်ကြားတိုးဝှေ့နေစဉ်က သတိမထားမိသော လေအေးကို လူအုပ်နှင့် လွတ်ကင်းချိန်မှ အားရပါးရရှူမိသည်။ စိတ်ရောကိုယ်ပါ အေးချမ်းသွားတော့၏။ စိတ်အေးချမ်းသွားမှ ဝန်းကျင်ပတ်လည်ကို မျှော်ကြည့်လိုက်တော့ မြင်မြင်သမျှသည် လူပင်လယ်ကြီးပမာ။ အဆုံးအစ ကလနားသတ်ကိုမမြင်ရ။ ထိုအထဲတွင် အများသူငါလို မိမိသည်လည်း စီးမျောလျက်ရှိနေ၏။
Nov 15, 2021
ျ်မါမ်ါ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကျန်းမာခြင်း၏အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် ခန္ဓာကိုယ်တွင် ရောဂါဘယကင်းရှင်း၍ ကိုယ်၏ ကျန်းမာရေးကောင်းမွန်ခြင်း၊ စိတ်၏ကျန်းမာရေး ကောင်းမွန်ခြင်း၊ လူမှုဘဝအသိုင်းအဝိုင်းတွင် ပေါင်းသင်းဆက်ဆံရေး အဆင်ပြေစွာဖြင့် နေထိုင်နိုင်ခြင်းဟူသည့် အခြေခံအချက်(၃)ချက် ပြည့်စုံသည့်အခါမှသာ ကျန်းမာခြင်းနှင့်ပြည့်စုံသည်ဟု သတ်မှတ်ထားပါသည်။ လူတစ်ဦးတစ်ယောက်အနေဖြင့် ခန္ဓာကိုယ်တွင် ရောဂါမျိုးစုံဖြစ်ပွား ခံစားနေရပါက ထိုသူအနေဖြင့် စိတ်လည်းချမ်းသာမည်မဟုတ်ဘဲ လူမှုစီးပွားဘဝ အဆင်ပြေစွာ နေထိုင်နိုင်ရေးကိုပါ အဆင့်ဆင့် ဆက်လက်ထိခိုက်စေမည် ဖြစ်ပါသည်။
Nov 14, 2021
ကျွန်တော်တို့ကျန်းမာရေးအသိပညာ ဖြန့်ဖြူးကြရသူများအတွက် တိကျသည့်အဖြေကို ဖော်ထုတ်ရန်အတွက် မည်သည့်အရာကို ဖြတ်မှာလဲ (What) နှင့် တစ်တွဲတည်း စဉ်းစားပေး ရမည့်အချက်မှာ မည်သည့်အကြောင်းကြောင့် (Why) ဟူသော အချက်ပင် ဖြစ်ပါသည်။
Nov 14, 2021
အထူအပါး
သူငယ်ချင်းရာ မင်းလည်းသိတဲ့အတိုင်းပဲလေ။ ကိုယ်က တောသားပီသတယ်ပဲ ပြောချင်ပြောပေ တော့။ ဆိုင်းတို့၊ ဇာတ်တို့ဆို အလွန်ကြိုက်တယ်။ လေး၊ ငါး၊ ဆယ်မိုင်ဝေးတဲ့ရွာရွာ ဖြစ်ပစေ။ လသာသာ၊ လမိုက်မိုက် သူငယ်ချင်း သုံး၊ လေးယောက်စုပြီး အလှူရှိတဲ့ရွာက ညပိုင်း ဧည့်ခံဆိုင်းကို ကြိုးကြိုး စားစားသွားနားထောင်တာပဲ။
Nov 14, 2021
အမျိုးသားစာပေဆုရှင်တို့၏ ရင်တွင်းစကားများ
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေး ကော်မတီသည် မြန်မာစာပေ အကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး ကြိုးပမ်းရေးသား ပြုစုခဲ့သူများအား လေးစားအသိအမှတ်ပြုသောအားဖြင့် ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသား စာပေဆုရရှိသော စာရေးဆရာ၊ စာရေးဆရာမကြီးများအား မြန်မာ့အလင်းက ဆက်လက်တွေ့ဆုံမေးမြန်းမှုကို ဖော်ပြအပ်ပါသည် -
Nov 14, 2021
ဆရာကြီးမောင်ပေါ်ထွန်း - လင်းလက်တောက်ပဆဲ စာပေကြယ်ကြီးတစ်ပွင့်
ဆရာကြီး၏ လက်ရာများအနက် “စာအုပ်ဟူသည်” စာအုပ်မှာ ကျွန်မတို့ စာတည်းများအတွက် လက်စွဲစာအုပ်သဖွယ် ကိုးကားအသုံးပြုရပါသည်။ “စာအုပ်ဟူသည်” စာအုပ်မှာ ဆရာ မောင်ပေါ်ထွန်းနှင့် ဆရာမောင်ဆုရှင်တို့ ပူးတွဲပြုစုသည့် စာအုပ်ဖြစ်ပြီး နိုင်ငံတကာစာအုပ်နှစ် (၁၉၇၂) အထိမ်းအမှတ် ထုတ်ဝေသည့်စာအုပ် ဖြစ်ပါသည်။ ဆရာဦးထင်ကြီး (တက္ကသိုလ်ထင်ကြီး) ထံမှရရှိသည့် နိုင်ငံတကာစာအုပ်နှစ် သတင်းလွှာနှင့် စာစောင်များကို ဖတ်ရှု၍ အကြံရရှိကာ ရေးသားသော စာအုပ် ဖြစ်သည်ဟု စာအုပ်အမှာစာတွင် ဖော်ပြ ထားပြီး စာအုပ်စာပေအပေါ် မြန်မာနှင့် နိုင်ငံတကာအနုပညာရှင်တို့၏ အဆို အမိန့်များနှင့်စာအုပ်၊ စာပေနှင့် စာရေး ဆရာတို့အကြောင်းကို စုံလင်စွာ စုဆောင်းတင်ပြထားသည့် စာအုပ် ဖြစ်သဖြင့် တန်ဖိုးကြီးမားလှပါသည်။
Nov 14, 2021
မြန်မာ့နိုင်ငံရေးသမိုင်းမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးပြဿနာတွေကိုဘယ်လိုပုံစံနဲ့ ဖြေရှင်းကြသလဲဆိုတာ သင်ခန်းစာယူစရာတွေ များလှပါတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းလို့ကာလကန့်သတ်ဆိုရခြင်းကလည်း ခေတ်သစ်မြန်မာ့ နိုင်ငံရေးအစဖြစ်လို့ပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိတဲ့ ၁၉၄၈ ခုနှစ်ဆိုတာ ကမ္ဘာမှာ စစ်အေးခေတ်ကာလဖြစ်ပါတယ်။ အဲဒီမတိုင်ခင်က လက်နက်ကိုင်ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတဲ့ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်မှာ စစ်ပွဲတွေရဲ့ဒဏ်ကို လူသားတွေ ခါးခါးသီးသီး သိရှိနားလည်ခဲ့ကြပါတယ်။
Nov 13, 2021
3

ဆယ်ကျော်သက်အရွယ် လူငယ်လေးနှစ်ဦး။ သူတို့နှစ်ဦးကို