Skip to main content
Oct 08, 2021
1A
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ရက်နေ့မှာ နိုင်ငံတော်၏ အရေးပေါ်အခြေအနေ ဖြိုက်လတဲ့အတွက် တပ်မတော်က နိုင်ငံတော်တာဝန်ကို အခြေဥပဒေအရ ထိန်းသိမ်း စောင့်ရှောက်ထားရပါတယ်။ ဒီလိုအရေးပေါ်အခြေအနေ ပေါ်ပေါက်လာရတဲ့ အကြောင်ဟာ ၂၀၂၀ပြည့်နှစ်အထွေထွေရွေး ကောက်ပွဲမှာဖြစ်ပေါ်ခဲ့တဲ့ မတရားမှုတွေ၊ မဲမသမာမှုတွေကြောင့်ဖြစ်ပါတယ်။ ဒီလိုမတရားမှုတွေ၊ မသမာမှုတွေရှိပေမယ့်လည်း ယခင် NLD အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာစအို နိုင်တဲ့အခွင့်အရေးတွေရှိခဲ့ပါတယ်။တပ်မတော်ကထုတ်ပြန်ချက်တွေအကြိမ်ကြိမ်အခါခါထုတ်ပြီးတောင်းဆိုနေခဲ့တာဖြစ်ပါတယ်။ဖြေရှင်းနိုင်ဖို့အခွင့်အရေးတွေ၊အရင်းအမြစ်တွေနဲ့နည်းလမ်းတွေအားလုံးသည်လည်းNLDအစိုးရနဲ့တစ်ပါတီကြီးစိုးထားတဲ့လွှတ်တော်မှာရှိနေတာဖြစ်ပါတယ်။သို့သော်လည်းNLDအစိုးရကလွတ်လပ်စွာရှိနေရမယ့်ရွေးကောက်ပွဲကော်မရှင်ကိုလည်း အလုံးစုံချုပ်ကိုင်ထားတဲ့အတွက် ဒီဖြေရှင်းနည်းတွေ၊အချိန်တွေအားလုံးလက်လွတ်ဆုံးရှုံးခဲ့ပါတယ်။ဒါကြောင့်လည်းနိုင်ငံတော်၏အရေးပေါ်အခြေအနေကို ဆိုက်ခဲ့တယ်ဆိုပါတော့။
Oct 08, 2021
မဲဆွယ်စည်းရုံးခြင်းသည်ရွေးကောက်ပွဲနေ့မတိုင်မီ၂၄နာရီတွင်ပြီးဆုံးသည်။မဲဆွယ်စည်းရုံးခြင်းကိုရုပ်မြင်သံကြားမှအခကြေးငွေပေးပြီးထုတ်လွှင့်နိုင်သည်။မီဒီယာများမှတစ်ဆင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသည်။ ပြိုင်ဘက် ကိုယ်စားလှယ်လောင်းများကိုမထိခိုက်စေဘဲလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိသည်။ပါတီတစ်ခုသည်မိမိယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင် မဲပေး သည့်နေ့ ၂၄ နာရီ မတိုင်မီအထိ မဲဆွယ်နိုင်သည်။ အစိုးရပိုင်နေရာ၊ ဘာသာရေးအဆောက်အအုံများ တွင် မဲဆွယ်စည်းရုံးခြင်းများကို တားမြစ်ထားသည်။
Oct 07, 2021
သဘာဝတရားကြီးရဲ့ တန်ဖိုးရှိလှတဲ့ လက်ဆောင်တစ်ခုအဖြစ် တင်စားခြင်းခံရတဲ့ ယနေ့ခေတ် လူငယ်တွေဟာ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ခွန်အားတစ်ရပ်အဖြစ်လည်း ဆိုချင်ပါတယ်။ ဖွံ့ဖြိုး တိုးတက်ဖို့ ပြုပြင်ပြောင်းလဲမှုတိုင်းမှာ လူငယ်တွေဟာ အရေးပါလို့ပါ။ နိုင်ငံတစ်ခုရဲ့ အနာဂတ် မျက်နှာစာကို အလင်းဆောင်နေတဲ့သူတွေလို့ သတ်မှတ်မယ်ဆိုရင်လည်း မမှားဘူးပေါ့။ လူ့အဖွဲ့ အစည်းတစ်ခု တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းဟာ လူငယ်တွေနဲ့ အများဆုံးသက်ဆိုင်နေလို့၊ လူငယ်တွေကိုထိန်းကျောင်းပေးနေတဲ့ ကျွန်တော်တို့လို လူကြီးတွေနဲ့ အဓိက သက်ဆိုင်နေလို့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သတိပေးခြင်း တစ်ခုလို့သာဆိုပါရစေ။
Oct 06, 2021
ကျန်းမာသက်ရှည်စေဖို့ တစ်ဦးချင်း ဆီစားသုံးမှုလျှော့ချကြပါစို့
ရှေးယခင်ကတည်းက မြန်မာအများစုသည် ဟင်းချက်ရာတွင် ဆီများစွာထည့်၍ ချက်ပြုတ် စားသုံးလေ့ရှိကြသည်။ တစ်နှစ်ပတ်လုံး စားသုံးနိုင်ရန် မြေပဲ၊ နှမ်း စသည့်ဆီထွက်သီးနှံများကို ကိုယ်တိုင် စိုက်ပျိုး၍ ဆီကြိတ်ပြီး စဉ့်အိုးထဲထည့်ကာ လှောင်ထားကြသည်။ ကြက်ဆီပြန်၊ ဝက်ဆီပြန်ဟင်းဆိုလျှင် ထမင်းပို၍စားကောင်းသည်ဟုဆိုသည်။ လက်ဖက်သုပ်နှင့် ငါးခြောက် ဖုတ်တို့တွင်လည်း ဆီများ နစ်နေအောင် ထည့်ထားလေ့ရှိသည်။ တချို့သောသူများသည် ဆီပေါပေါများများ စားသုံးနိုင်သည်ကိုပင် ဂုဏ်ယူဝင့်ကြွား လျက် ရှိသည်။ အမှန်တော့ မြန်မာတို့သည် စားသုံးဆီကိုလိုသည့်ပမာဏထက် ပိုမိုစားသုံးလျက်ရှိကြသည်။
Oct 06, 2021
အောင်မြင်ချင်သလား။ အောင်မြင်ချင်ရင် အောင်စိတ်အရင်ရှိရပါမယ်။ အောင်နိမိတ် အတွေးနဲ့ အောင်စိတ်မွေးပါ။ အောင်စိတ်ဟာ အောင်မြင် စေဖို့အတွက် ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ ဆရာကြီးလယ်တွင်းသား စောချစ်နဲ့ စာပေဟောပြောပွဲများစွာ လိုက်ပါရင်း အောင်စိတ်အကြောင်း ပရိသတ်နှစ်သက်လက်ခံသဘောကျအောင် ဟောပြောအားပေးပုံတွေကို နားထောင် ခဲ့ရပါတယ်။ ကြားခဲ့ရ၊ မှတ်သားခဲ့ရဖူးပါတယ်။ ဘဝမှာ အောင်စိတ်ရှိဖို့က အခြေခံကျကျ အရေးကြီးလှပါတယ်။
Oct 06, 2021
မြန်မာသည် ယနေ့မျက်မှောက်ကာလတွင် သမိုင်းကြောင်းတစ်လျှောက် မကြုံဖူးသည့် အကြမ်းဖက်မှုပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်။
Oct 06, 2021
မိမိတိုင်းပြည်နှင့် ပြည်သူအကျိုးထူးစေမည့် EV တစ်ခေတ် ဆန်းသစ်စေဖို့
EV (Electric Vehicle) လျှပ်စစ်ကားအတွက် အားသွင်းရန် ပြည်တွင်းလက်ရှိ မြန်မာ့လျှပ်စစ် ဓာတ်အားလိုင်းဖြင့် မည်ကဲ့သို့ ချိတ်ဆက်အသုံးပြုနိုင်မည်၊ လခစားဝန်ထမ်းများနှင့် အများ ပြည်သူများ မည်ကဲ့သို့ဝယ်ယူ ပိုင်ဆိုင်နိုင်ခွင့်ရနိုင်မည်၊ မြန်မာနိုင်ငံတွင် လက်တွေ့ ဝယ်ယူသုံးနေကြသည့် EV ယာဉ်များအခြေအနေ၊ EV ယာဉ်များ ထူးခြားအကျိုးပြုနိုင်စေမှုများ တင်ပြချက် နောက်ဆက်တွဲ စသည်တို့ကို ပုံများဖြင့် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
Oct 05, 2021
၁
နိုင်ငံ၏ အနာဂတ်မှာ ကျရာတာဝန်ထမ်းဆောင်ပြီး ထူးချွန်ထက်မြက်သော လူချွန်လူကောင်းများပေါ်ထွက်လာစေရန် ကျောင်းသား ကျောင်းသူလေးများကို အတတ်လည်းသင် ပဲ့ပြင်ဆုံးမပေးသည့် နိုင်ငံ့ဝန်ထမ်း ကျောင်းဆရာတစ်ဦး၏ ဆရာ့ဘဝအတွေ့အကြုံများကို ဘဝနှင့်ရင်း၍ ဖြတ်သန်းခဲ့ရသည့် ဆရာကြီး ဦးစိုးမြင့် (ခ) ဦးစိုးမြင့်ဝေ အား တွေ့ဆုံ မေးမြန်းထားမှုကို ဖော်ပြအပ်ပါသည်။
Oct 05, 2021
စာဖတ်သူများ သိပြီးသားတွေပါပဲ။ ဝေါဟာရသဘောထက် ဘဝအတွက် တကယ့်လက်တွေ့ အကျိုးရှိ၊ အသုံးကျတဲ့ အတွေးအမြင် အမူအကျင့်ရအောင် ဆွေးနွေးတင်ပြချင်လို့ ဒီဆောင်းပါးကို ရေးပါတယ်။ အခုတလော ညစဉ်လိုလိုရုပ်မြင်သံကြားလိုင်းတွေက ပြသတဲ့ ကိုရီးယား၊ အင်္ဂလိပ်၊ ဟောင်ကောင်၊ တရုတ်၊ အိန္ဒိယ၊ အမေရိကန်ရုပ်ရှင် ဇာတ်ကားအမျိုးမျိုးကို တစ်ခုမဟုတ် တစ်ခုကြည့်ဖြစ်တယ်။ ခေတ်ဟောင်းကား၊ ရာဇဝင်ကား၊ ခေတ်သစ်ကား မျိုးစုံပါပဲ။ အပစ် အခတ်၊ အပြေးအလွှား၊ အထိုးအကြိတ်တွေကော၊ဘဝသရုပ်ဖော်ကော၊ အချစ် အလွမ်းကော၊ ရသစုံစုံ ခံစားမိပါတယ်။
Oct 04, 2021
အကြင်သူသည် အကြင်နာရပ်ဝန်းရိပ်မြုံ တွင် ခိုလှုံသည်။ အကြင်နာရပ်ဝန်းရိပ်မြုံ တွင် မွေ့လျော် ပျော်ပိုက်သည်။ အကြင်နာရပ်ဝန်းသည်ကား အကြင်သူ၏ မေတ္တာလွှမ်းခြုံအေးရိပ်မြုံလည်း ဖြစ်လေသည်။ အကြင်သူ၏ရင်ထဲတွင် မုဒိတာနှလုံးသားရှိသည်။ အကြင်သူသည် မုဒိတာ နှလုံးသားကို ပိုင်ဆိုင်ထားလေသည်။