Sep 25, 2021

“အစိုးရရာထမ်းမှုထမ်း” ဆိုသည်မှာ ရာဇသတ်ကြီးပုဒ်မ ၁၄ ၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရသော်လည်းကောင်း၊ နိုင်ငံတော် သမ္မတကသော်လည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ အာဏာအရသော်လည်းကောင်း၊ ဆက်လက်ထမ်းရွက်ရသူ သို့တည်းမဟုတ် ခန့်ထားခြင်းခံရသူ သို့တည်းမဟုတ် စေခိုင်းခြင်းခံရသူ ရာထမ်း၊ မှုထမ်းအရပ်ရပ်တို့ပါဝင်သည်ဟု အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။
Sep 25, 2021

နိုင်ငံတော်အကြီးအကဲက ယနေ့ မြန်မာနိုင်ငံတွင် လျှပ်စစ်ယာဉ် (EV- Electric Vehicle) များ သုံးစွဲနိုင်ရေး ကြိုးပမ်းကြရန် တိုက်တွန်းရခြင်းသည် အောက်ဖော်ပြပါ အကြောင်းများကြောင့် ဆိုလျှင် မမှားနိုင်ပေ။
Sep 25, 2021

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ ဦးဆောင် အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ခရီး သွားလုပ်ငန်းအဖွဲ့ချုပ် (United Nations World Tourism Organization-UNWTO) သည် အဖွဲ့ဝင် ၁၅၆ နိုင်ငံနှင့် နိုင်ငံတကာမှ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းများ ပါဝင်မှုဖြင့် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံသည်လည်း ၁-၆-၂၀၁၂ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ကာ ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့အဖြစ် သတ်မှတ်ထားသည့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံများ နည်းတူ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့ပါ သည်။
Sep 24, 2021

၁၉၉၃ ခုနှစ်ဝန်းကျင်က စင်ကာပူခေါင်းဆောင်ဟောင်း လီကွမ်ယုက စကားတစ်ခွန်းပြောခဲ့ ဖူး၏။ “အစိုးရကောင်းဆိုတာ သီအိုရီတွေ၊ သဘောထား ခံယူချက် တွေကို ဂရုမစိုက်ဘဲ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးကိုသာ ရှေးရှုတယ်၊ အစိုးရကောင်းဆိုတာ သဘောတရား ထက်လက်တွေ့ အကျိုးသက်ရောက်မှုကို အလေးထားတယ်” ဟူသောစကား ပင်ဖြစ်သည်။ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် အစိုးရတစ်ရပ်၏ ဦးစီးခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုစွမ်းရည်သည် အလွန်အရေးကြီး၏။ ၎င်း၏အနာဂတ်အမြင် Vision သည်လည်းကောင်း၊ ဖြစ်ပေါ်လာသော အခြေအနေတစ်ရပ်အပေါ် မှန်ကန်သော ဆုံးဖြတ်ချက်သည်လည်းကောင်း၊ ထိုနိုင်ငံ၏ အနာဂတ်ပင်ဖြစ်၏။ မှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်လျှင် လုပ်ကိုင်ဆောင်ရွက်မှုများ မှန်ကန် နိုင်မည်။ မှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်ရန် မှန်ကန်သော အချက်အလက်များကို အခြေခံ ရမည်ဖြစ်၏။ မှန်ကန်သောအချက်အလက်များကို သမိုင်းရေးအမြင်နှင့် ပေါင်းစပ်သုံးသပ်နိုင် လျှင် မှန်ကန်သော ဆုံးဖြတ်ချက်များ မုချရရှိနိုင်ပေ၏။
Sep 23, 2021

လေထုထဲကနေ ပျံ့နှံ့ကူးစက်တဲ့ ကိုဗစ်- ၁၉ ရောဂါကို တစ်ကမ္ဘာလုံး ရင်ဆိုင်တွေ့ကြုံနေရပါတယ်။ မိမိတို့နိုင်ငံမှာတော့ လေထုထဲက ရောဂါပိုးကို ကာကွယ် နေကြရတဲ့အပြင် လေလှိုင်းပေါ်က အစိုးရ အမည်ခံ အကြမ်းဖက်အဖွဲ့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေကြရပါတယ်။
Sep 22, 2021
မွန်ပြည်နယ်သည် သဘာဝအလှအပများ၊ ဘုရားပုထိုးစေတီများ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ ဒေသခံတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ရိုးရာဓလေ့ ဖော်ရွေပျူငှာမှုများနှင့် ပြည့်နှက်နေသည့် ပြည်နယ်တစ်ခု ဖြစ်သည်။ မွန်ပြည်နယ်ကို မြို့နယ် ၁၀ မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး မော်လမြိုင်မြို့တွင် ကျိုက်သလ္လိစေတီတော်ကြီး၊ ကျိုက်သုတ်စေတီတော်နှင့် မဟာမြတ်မုနိဘုရား၊ ကျိုက်ထိုမြို့တွင် ကျိုက်ထီးရိုးစေတီတော် နှင့် ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရား၊ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ခန့်က ထေရဝါဒဗုဒ္ဓသာသနာတော် စတင် ထွန်းကားခဲ့သည့် သထုံမြို့တော်၊ ရိုးရာအိမ်တွင်းလက်မှုပညာ လုပ်ငန်းများ ကောင်းမွန်စွာ ထိန်းသိမ်းထားသော ဘီလူးကျွန်း၊ ရွာလွတ်၊ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားကြီး တည်ရှိရာ မုဒုံမြို့နယ် ဝင်းစိန်တောရလျောင်းတော်မူဘုရားကြီး၊ ဒုတိယကမ္ဘာစစ်အတွင်း သေမင်းတမန်မီးရထားလမ်း စတင်ဖောက်လုပ်ခဲ့ရာ သံဖြူဇရပ်မြို့၊ ကျိုက္ခမီရေလယ်ဘုရားနှင့် စက်စဲကမ်းခြေ၊ မွန်ပြည်နယ်၏ တောင်ဘက်အကျဆုံးရှိ လှပသော ပင်လယ်ကမ်းခြေများ တည်ရှိရာ ရေးမြို့ စသည်ဖြင့် မြို့နယ်အလိုက်လည်း ထင်ရှားကျော်ကြားသည်။
Sep 22, 2021

တစ်နေ့က အလုပ်ကိစ္စတစ်ခုဖြင့် မြို့ထဲသို့ တက္ကစီအငှားယာဉ်ငှားစီးဖြစ်ခဲ့သည်။ ကားပေါ် ရောက်တော့ တက္ကစီဆရာကြီးက ကားဆွဲမကောင်းကြောင်း ညည်းလေသည်။ ပြီးတော့ “မြန်မြန်နိုင်ချင်ပါပြီဗျာ”ဟု ဆိုလေ၏။
Sep 22, 2021
မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၁၉၅၆ ခုနှစ်တွင် စတင်၍ လူမှုဖူလုံရေး စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ လူမှုဖူလုံရေးအာမခံစနစ်အရ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ ထည့်ဝင်ကြေးမှ စုဆောင်းရရှိသည့် လူမှုဖူလုံရေးရန်ပုံငွေဖြင့် အကျုံးဝင်အာမခံ အလုပ်သမားတို့အတွက် လူမှုဖူလုံရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။
Sep 21, 2021
နေကမမြင့်သေး။ နံနက် ၈နာရီခန့် ရှိလောက်ပြီ။ နံနက်ငါးနာရီခွဲခန့်မှစပြီးတစ်တိုက်ဝင် တစ်တိုက်ထွက်ဖြင့် တိုက်ပေါင်း ၅၀ ကျော် ဖြတ်သန်းလာခဲ့ခြင်းကြောင့် မောလာ၍ တိုက်တစ်တိုက်၏ ဆင်ဝင်တိုင်နှင့် စက်ဘီးကို မှီရပ်ပြီး ခဏအမောဖြေနေမိသည်။ အမောပြေလျှင် “ပဲပြုတ်၊ အီကြာကွေး” ဟုအော်မည်။ ခဏစောင့်မည်။ ဒုတိယအကြိမ် “ပဲပြုတ်၊ အီကြာကွေး” ဟု ထပ်အော်မည်။ ခဏစောင့်မည်။ အော်လို့မှ တိုက်ခန်းများမှ ဝယ်ယူမည့် အသံမထွက်လာပါက ဘေးနားရှိ တိုက်သို့ ဆက်သွားမည်။ ထိုမှတစ်ဆင့် အခြားတိုက်များသို့ သွားရောက်ကာ တိုက်ခန်းနေဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများကြား အောင်အော်မည်။ ခဏစောင့်မည်။ အော်မည်။ ထို့နောက် တစ်လမ်းပြီး တစ်လမ်း၊ တစ်တိုက်ပြီးတစ်တိုက်။ ဒါကအေးချမ်း၏ နိစ္စဓူဝအလုပ်ဖြစ်သည်။
Sep 21, 2021

၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်နေ့၊ ပျဉ်းမနားမြို့ ဦးဝိသုဒ္ဓဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လူထုဟောပြောပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် “ ကိုယ်အချင်းချင်း သတ်ဖြတ်၊ လုယက်၊ သူပုန်ထ၊ မီးရှို့ လုပ်နေတာ ဘာတော်လှန်ရေးလဲ၊ ဒါတော်လှန်ရေးတဲ့လား” ဆိုသည့်စကား။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့၊ ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည့် လူထုအစည်းအဝေးကြီးတွင် “ဆူပူသောင်းကျန်းမှုတွေကို ဗမာပြည်ချစ်တဲ့သူ တွေမှန်သမျှ ဝိုင်းဝန်းကူညီ နှိမ်နင်းဖို့လိုတယ်” ဆိုသည့် စကားတို့ကို ယခုအချိန်တွင် ပြန်လည်သတိရမိပါသည်။