Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် ဝန်ထမ်းများသက်သာ ချောင်ချိရေးအတွက် ချီးမြှင့်ပေးမှုများ

တိမ်စင်ကြယ်

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိကြပါသည်။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား အောင်မြင်စေရေးအတွက် အဓိကအခန်းကဏ္ဍမှ တာဝန်ယူဆောင်ရွက်ပေးနေကြသူများ ဖြစ်ကြပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဆိုသည့်အတိုင်း နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအား ထိုက်သင့်သည့် ချီးမြှင့်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များအား ဝတ်စုံစရိတ်ချီးမြှင့်ခြင်း

 ရှေးယခင်အဆက်ဆက်က နိုင်ငံ့ဝန်ထမ်းများသည် ဝတ်စုံစရိတ် ခံစားခွင့်မရရှိခဲ့ပါ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများအတွက် စရိတ်ချီးမြှင့်ငွေ တိုးမြှင့်ရရှိခံစားနိုင်စေရန်နှင့် နိုင်ငံ့ဝန်ထမ်းများအားလုံး ဝန်ကြီးဌာန၊ အဖွဲ့အစည်းအလိုက် တူညီဝတ်စုံများ ဝတ်ဆင်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဇွန်လမှ စတင်ပြီး တစ်ဦးလျှင် ကျပ် ၃၀,၀၀၀/- နှုန်းဖြင့် တစ်နှစ်လျှင် တစ်ကြိမ် ခံစားခွင့်ပြုခဲ့ပါသည်။

နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း) များအား အိမ်ငှားစရိတ်ချီးမြှင့်ခြင်း

ထို့ပြင် နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များအတွက် အိမ်ငှားစရိတ်ကိုလည်း ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှစတင်၍ လစဉ်ချီးမြှင့်ပေးခဲ့ပါသည်။ နိုင်ငံ့ဝန်ထမ်းများ နေထိုင်ရေးအဆင်ပြေစေရန် အစိုးရအိမ်ရာတွင် အခမဲ့နေထိုင်ခွင့်မရသော ဝန်ထမ်းများနှင့် မိမိအစီအစဉ်ဖြင့် နေထိုင်သော ဝန်ထမ်းများအား အိမ်ငှားစရိတ် ချီးမြှင့်ပေးခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ အကျိုးခံစားခွင့် ပိုမိုရရှိစေရန်ရည်ရွယ်၍ နိုင်ငံတော်မှ ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ အိမ်ငှားစရိတ်အဖြစ် ယေဘုယျအားဖြင့် အိမ်ထောင်သည်ဖြစ်ပါက မူရင်းလစာ၏ ၈ ရာခိုင်နှုန်း၊ လူပျို အပျိုဖြစ်ပါက မူရင်းလစာ၏ ၄ ရာခိုင်နှုန်းဖြင့် သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ပြုခဲ့ပါသည်။

ပညာရေးဝန်ထမ်းများအတွက် ချီးမြှင့်ခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့အောက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အောက်ရှိ ဖွံ့ဖြိုးရေးတက္ကသိုလ်များနှင့် ဒီဂရီကောလိပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းများ၊ စိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်ရှိ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များ၊ ကောလိပ်များနှင့် သင်တန်းကျောင်းများ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များ၊ ကောလိပ်များနှင့် သိပ္ပံကျောင်းများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ်များတွင် သင်ကြား ရေးပိုင်း တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမ များအတွက် အမြင့်ဆုံးရရှိသည့်ဘွဲ့အတွက် ချီးမြှင့်ငွေကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ အောက်ပါအတိုင်း ခံစားခွင့်ပြုခဲ့ပါသည်-

(က) ပါရဂူဘွဲ့ ကျပ် ၃၀,၀၀၀/-

(ခ) မဟာ ဒဿန/ မဟာဘွဲ့၊ မဟာသုတေသနဘွဲ့  ကျပ် ၂၅,၀၀၀/-

 (ဂ) ဘွဲ့လွန်ဒီပလိုမာ ကျပ် ၁၀,၀၀၀/-

ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များ၊ သိပ္ပံများ၊ စာသင်ကျောင်းများတွင် လတ်တလော တာဝန်ထမ်းဆောင်မှု လိုအပ်ချက်အရ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် အထူးကိစ္စရပ်အနေဖြင့် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမ (၃၃၃,၈၈၅) ဦးအား တစ်ဦးလျှင် ကျပ် ၃၀,၀၀၀/- နှုန်းဖြင့် ချီးမြှင့်ပေးခဲ့ပါသည်။

ထို့ပြင် ပညာရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန (၉) ခုနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ရှိ တက္ကသိုလ်၊ ကောလိပ်၊ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းတို့မှ ကျောင်းအုပ်ကြီးများအား အုပ်ချုပ်မှုဆိုင်ရာစရိတ် (Administrative Fees) အဖြစ် ကနဦးလစာ၏ ၁၀ ရာခိုင်နှုန်းအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်ခံစားခွင့်ပြုခဲ့ပါသည်။

ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်သည့် တိုင်းရင်းသားစာပေသင်ကြားရေး အထောက်အကူပြု ဆရာ၊ ဆရာမများအား လစဉ်ချီးမြှင့်ငွေအဖြစ် တစ်လလျှင် ကျပ် ၁၃၀,၀၀၀/- သို့လည်းကောင်း၊ တိုင်းရင်းသားစာပေသင် ဆရာ၊ ဆရာမများအား တစ်လ လျှင် ကျပ် ၆၀,၀၀၀/- သို့လည်းကောင်း တိုးမြှင့်ခံစား ခွင့်ပြုခဲ့ပါသည်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် နိုင်ငံတော်၏ပညာရေးကဏ္ဍ လိုအပ်ချက်များ အား တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန်နှင့် ဝေးလံခေါင်သီ၍ ဖွံ့ဖြိုးမှုမရှိသေးသည့် တိုင်းရင်းသားဒေသများရှိ ကလေးသူငယ်များ၏ လူနေမှုဘဝမြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိသော ဆရာ၊ ဆရာမ များအတွက် လစဉ်ချီးမြှင့်​ငွေကို အောက်ပါအတိုင်း တိုးမြှင့်​ပေးခဲ့ပါသည်-

(က) မူလတန်း ကျပ် ၅၇,၀၀၀/

(ခ) အလယ်တန်း ကျပ် ၆၄,၅၀၀/-

(ဂ) အထက်တန်း ကျပ် ၇၀,၅၀၀/-

 ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာရေးဦးစီးဌာနတွင် အချိန်ပိုင်း တာဝန်ထမ်းဆောင်ရန် နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူထားသော ဆရာ၊ ဆရာမများအတွက် ရာထူးအဆင့်အလိုက် သင်ကြားရက် တစ်ရက်လျှင် ချီးမြှင့်ငွေနှုန်းထားများကိုလည်း အောက်ပါအတိုင်း တိုးမြှင့်ပေးခဲ့ပါသည်-

(က) ပါမောက္ခ ကျပ် ၁၀,၀၀၀/-

(ခ) တွဲဖက်ပါမောက္ခ ကျပ် ၈,၀၀၀/-

(ဂ) ကထိက ကျပ် ၆,၀၀၀/-

(ဃ) လက်ထောက်ကထိက ကျပ် ၄,၈၀၀/-

ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ခြင်း

ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးပညာရပ်ဆိုင်ရာဘွဲ့အလိုက် ချီးမြှင့်ငွေကို ၂၀၂၁ ခုနှစ်၊ ဧပြီလမှစ၍ အောက်ပါအတိုင်း ခံစားခွင့်ပြုခဲ့ပါသည်-

(က) ဒီပလိုမာဘွဲ့ ကျပ် ၁၀,၀၀၀/-

() Fellowship/ Membership ကျပ် ၂၀,၀၀၀/-

() မဟာသိပ္ပံဘွဲ့ ကျပ် ၂၅,၀၀၀/-

(ဃ) ပါရဂူဘွဲ့ ကျပ် ၃၀,၀၀၀/-

ထို့ပြင် ဆေးရုံများတွင် ညတာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား ညစာစားစရိတ် တစ်ရက်လျှင် ကျပ် ၁,၅၀၀/- နှုန်းဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီလမှစ၍ ချီးမြှင့်ပေးခဲ့ပါသည်။

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့အောက်ရှိ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအတွက် ကိုလည်း အထက်ပါကျန်းမာရေးဝန်ကြီး ဌာနနှုန်းထားများအတိုင်း ချီးမြှင့်ခဲ့ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အဓိကပါဝင် ထိတွေ့တာဝန် ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများအား Special Allowance (အထူးကိစ္စ ချီးမြှင့်​ငွေ) အဖြစ် ဝန်ထမ်းတစ်ဦးလျှင် တစ်လ ကျပ် ၅၀,၀၀၀/- အား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ချီးမြှင့်ပေးခဲ့ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ထမ်းဆောင်စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ကျန်းမာရေးဝန်ထမ်းများအား အောက်ပါအတိုင်း ချီးမြှင့်​ငွေပေးအပ်ခဲ့ပါသည်-

(က) ကိုဗစ်ရောဂါကြောင့်သေဆုံးသူ ဝန်ထမ်း (၁၁) ဦးအတွက် တစ်ဦးလျှင် ကျပ် ၃,၀၀၀,၀၀၀/-

(ခ) ကိုဗစ်ရောဂါကူးစက်ခံရသူ ဝန်ထမ်း(၃,၀၀၀) ဦးအတွက် တစ်ဦးလျှင် ကျပ် ၂၀၀,၀၀၀/-

ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသော ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ကျန်းမာရေးဝန်ထမ်းများအား Special Allowance (အထူးကိစ္စချီးမြှင့်ငွေ) အဖြစ် တစ်ဦးလျှင် တစ်လ ကျပ် ၅၀,၀၀၀/- နှုန်းဖြင့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှ ဒီဇင်ဘာလအထိ ချီးမြှင့်ပေးခဲ့ပါသည်။

ထိုနည်းတူ ကိုဗစ်-၁၉ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အထူးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်၍ နေ့စဉ်ရုံးပိတ်ရက်မရှိ တာဝန်ထမ်းဆောင်နေသော Core Group အဖွဲ့ဝင် နိုင်ငံဝန်ထမ်းများအား တစ်ဦးလျှင် တစ်လကျပ် ၅၀,၀၀၀/- နှုန်းဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီလမှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ချီးမြှင့်ပေးခဲ့ပါသည်။

သင်တန်းကျွေးမွေးစရိတ်

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တို့တွင် ဖွင့်လှစ်သော သင်တန်းများအတွက် သင်တန်းသား တစ်ဦးလျှင် တစ်ရက် ကျပ် ၁,၀၀၀/- နှုန်းဖြင့် ကျွေးသည့် သင်တန်းအား ကျပ် ၁,၅၀၀/- နှုန်းဖြင့် လည်းကောင်း၊ ကျပ် ၁,၅၀၀/-နှုန်း ဖြင့် ကျွေးသည့် သင်တန်းအား ကျပ် ၁,၈၀၀/- နှုန်းဖြင့် လည်း ကောင်း၊ ကျပ် ၂,၅၀၀/- နှုန်းဖြင့် ကျွေးသည့် သင်တန်းအား ကျပ် ၂,၈၀၀/- နှုန်းဖြင့်လည်းကောင်း ၂၀၂၂ ခုနှစ်၊ ဧပြီလမှစ၍ တိုးမြှင့်ခဲ့ပါသည်။

ဘဏ်ဝန်ထမ်းများအား ချီးမြှင့်ခြင်း

အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားသည့် ကာလအတွင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံပိုင်ဘဏ် (၄) ဘဏ်တွင် တာဝန်ထမ်းဆောင်ခဲ့သော ဘဏ်ဝန်ထမ်း (၉,၅၉၃) ဦးအား Special Allowance (အထူးကိစ္စချီးမြှင့်​ငွေ) အဖြစ် တစ်ဦးလျှင် ကျပ် ၃၀,၀၀၀/- ကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လအတွက် ချီးမြှင့်ပေးခဲ့ပါသည်။

တာဝန်ထမ်းဆောင်စဉ် သေဆုံး/ကျဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့သူ နိုင်ငံ့ဝန်ထမ်း/ ပြည်သူ့ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း

ထို့ပြင် ၁-၂-၂၀၂၁ ရက်နေ့မှ ၁၀-၁၂-၂၀၂၁ ရက်နေ့အတွင်း နိုင်ငံတော်တာဝန်ထမ်းဆောင်စဉ် သေဆုံး/ကျဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူ့ဝန်ထမ်းများအား ဂုဏ်ပြုငွေချီးမြှင့်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ သေဆုံး/ကျဆုံး နိုင်ငံ့ဝန်ထမ်း (၂၂၄) ဦးအတွက် တစ်ဦးလျှင် ကျပ် ၁၀ သိန်း၊ ပြည်သူ့ဝန်ထမ်း (၂၆၃) ဦးအတွက် တစ်ဦးလျှင် ကျပ် ၅ သိန်း၊ ထိခိုက်ဒဏ်ရာရ နိုင်ငံ့ဝန်ထမ်း (၅၃၀) ဦးအတွက် တစ်ဦးလျှင် ကျပ် ၂ သိန်း၊ ပြည်သူ့ဝန်ထမ်း(၁၆၉)ဦး အတွက် တစ်ဦးလျှင် ကျပ် ၁ သိန်းနှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။

လုံခြုံရေးအသုံးစရိတ်

ပြည်ထဲရေးဝန်ကြီးဌာနမှ ရှေ့တန်းလုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များ အတွက် လုံခြုံရေး အသုံးစရိတ်အဖြစ် တစ်လလျှင် တစ်ဦးအတွက် ကျပ် ၃၀,၀၀၀/-နှုန်းဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍လည်းကောင်း၊ ပြည်သူတို့၏ လုံခြုံရေးနှင့် အသက်အိုးအိမ် စည်းစိမ်ကို သက်စွန့်ကြိုးပမ်း ကာကွယ်စောင့်ရှောက်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား လက်ရှိလစာအပြင် ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် (Hardship and Risk Allowance) အား တစ်ဦးလျှင် တစ်လ ကျပ် ၁၀,၀၀၀/- နှုန်းဖြင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှ စတင်၍လည်းကောင်း ခံစားခွင့်ပြုခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများနှင့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား တစ်ဦးလျှင် ကျပ် ၁၅၀,၀၀၀/- နှုန်းဖြင့် ချီးမြှင့်ခဲ့ပါသည်။

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် အဆိုပါဒေသရှိ လက်ရှိ အခြေအနေအရ မူရင်းလစာ၏ ၂ ဆကို အထူးကိစ္စရပ်အနေဖြင့် ဆက်လက်ခံစား ခွင့်ပြုလျက်ရှိပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၏ လက်ရှိအခြေအနေအရ နိုင်ငံ့ ဝန်ထမ်းများအား လစာတိုးမြှင့်ပေးခြင်းကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသည့်အချိန်တွင် နိုင်ငံ့ဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ ခံစားခွင့်များ တိုးမြှင့်ရရှိရေး တို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါသည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရ၏ နိုင်ငံ့ဝန်ထမ်းများအပေါ် အသိအမှတ်ပြုမှုနှင့် ထားရှိသည့် စေတနာကို တုံ့ပြန်သည့်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံ့အကျိုးကို ဆတက်ထမ်းပိုး သယ်ပိုး ထမ်းရွက်ကြပါစေကြောင်း ဆန္ဒပြုတိုက်တွန်းအပ်ပါသည်။ ။