Sep 21, 2021
နေကမမြင့်သေး။ နံနက် ၈နာရီခန့် ရှိလောက်ပြီ။ နံနက်ငါးနာရီခွဲခန့်မှစပြီးတစ်တိုက်ဝင် တစ်တိုက်ထွက်ဖြင့် တိုက်ပေါင်း ၅၀ ကျော် ဖြတ်သန်းလာခဲ့ခြင်းကြောင့် မောလာ၍ တိုက်တစ်တိုက်၏ ဆင်ဝင်တိုင်နှင့် စက်ဘီးကို မှီရပ်ပြီး ခဏအမောဖြေနေမိသည်။ အမောပြေလျှင် “ပဲပြုတ်၊ အီကြာကွေး” ဟုအော်မည်။ ခဏစောင့်မည်။ ဒုတိယအကြိမ် “ပဲပြုတ်၊ အီကြာကွေး” ဟု ထပ်အော်မည်။ ခဏစောင့်မည်။ အော်လို့မှ တိုက်ခန်းများမှ ဝယ်ယူမည့် အသံမထွက်လာပါက ဘေးနားရှိ တိုက်သို့ ဆက်သွားမည်။ ထိုမှတစ်ဆင့် အခြားတိုက်များသို့ သွားရောက်ကာ တိုက်ခန်းနေဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများကြား အောင်အော်မည်။ ခဏစောင့်မည်။ အော်မည်။ ထို့နောက် တစ်လမ်းပြီး တစ်လမ်း၊ တစ်တိုက်ပြီးတစ်တိုက်။ ဒါကအေးချမ်း၏ နိစ္စဓူဝအလုပ်ဖြစ်သည်။
Sep 21, 2021

၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်နေ့၊ ပျဉ်းမနားမြို့ ဦးဝိသုဒ္ဓဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လူထုဟောပြောပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် “ ကိုယ်အချင်းချင်း သတ်ဖြတ်၊ လုယက်၊ သူပုန်ထ၊ မီးရှို့ လုပ်နေတာ ဘာတော်လှန်ရေးလဲ၊ ဒါတော်လှန်ရေးတဲ့လား” ဆိုသည့်စကား။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့၊ ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည့် လူထုအစည်းအဝေးကြီးတွင် “ဆူပူသောင်းကျန်းမှုတွေကို ဗမာပြည်ချစ်တဲ့သူ တွေမှန်သမျှ ဝိုင်းဝန်းကူညီ နှိမ်နင်းဖို့လိုတယ်” ဆိုသည့် စကားတို့ကို ယခုအချိန်တွင် ပြန်လည်သတိရမိပါသည်။
Sep 21, 2021

လူဟူသမျှမှာ သဘာဝနှစ်မျိုးစီရှိ၏။ တစ်မျိုးကတိုးစေ၊ တက်စေသော သဘာဝဖြစ်၍ ကျန်တစ်မျိုးကား မတိုးမတက်ရအောင် ချုပ်ချယ်သောသဘာဝ တည်း။
Sep 21, 2021

တပ်မတော်သည် အမျိုးသားရေးကို ဦးစားပေးရသည့် အဖွဲ့အစည်းဖြစ်သည်။ နိုင်ငံတကာရှိ တပ်မတော်များသည်လည်း အလားတူပင် သူ၏နိုင်ငံနှင့်ပြည်သူကို ပထမဦးစား ပေးကာကွယ် နိုင်ရန် ရည်ရွယ်ဖွဲ့စည်း ထားကြရခြင်းဖြစ်သည်။ အမျိုးသားရေး အကျိုးစီးပွားဆိုသည်မှာ တပ်မတော် တစ်ရပ်မှာသာ တာဝန်ရှိသည်မဟုတ်ဘဲ ထိုနိုင်ငံရှိ နိုင်ငံသားအားလုံး၏ တာဝန်လည်းဖြစ်၏။
Sep 21, 2021

ကဗျာသည် စကားပြေထက် ကျက်မှတ်ရန်လွယ်ကူ၏။ ကာရန်ပါ၍ အသံသာသောကြောင့် ရွတ်ဆိုမှတ်မိလွယ်သည်။ ပုံနှိပ်ဖြန့်ဝေသော အလုပ်မရှိမီကပင် အကြောင်းအရာစုံကို နှုတ်တက်ရွရွ ရွတ်ဆိုကာ ဆင့်ကမ်းယူလာကြသည်မှာ ကာရန်နှင့် အသံကြောင့်ဖြစ်၏။
Sep 20, 2021

ကျွန်တော်က မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ အငြိမ်းစားဝန်ထမ်း တစ်ဦး ဖြစ်သည်။ အငြိမ်းစားတို့ထုံးစံအတိုင်း အိမ်မှာ ဘုရား၊ တရားလေး လုပ်လိုက်၊ စာလေးဖတ်လိုက်၊ ဖေ့စ်ဘွတ် ကြည့်လိုက်နှင့် အချိန်ဖြုန်းနေရသည်။ ကိုဗစ်ရောဂါ ကူးစက်မှုက လျော့ပါး သွားပြီဆိုသော်ငြား အကင်းမသေသေး၊ မိုးကလေးကလည်း သည်းသည်းရွာလိုက်၊ ဖွဲဖွဲကျလိုက် ဖြစ်နေသဖြင့် အပြင်သို့ လမ်းလျှောက်ပင်မထွက်ဖြစ်။
Sep 19, 2021

မုန်တိုင်းအပြီး ထွက်ပေါ်စနေခြည်သည် လောကကို သာယာလှပါစေသည်။ မျှော်လင့်ချက်တို့ကို ပိုမိုဝင်းပစေသည်။ နိုင်ငံတော်၏ စနစ်တကျစီမံခန့်ခွဲမှု၊ နိုင်ငံတော်၊ ပြည်သူ၊ တပ်မတော်နှင့် လူမှုအဖွဲ့အစည်း၊ အသင်းအသီးသီး၏ ပူးပေါင်း ဆောင်ရွက်မှုတို့ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး၏ တတိယလှိုင်းသည် ပစ္စက္ခကာလတွင် အထိုက် အလျောက်လျော့ပါးသွားခဲ့သည်။
Sep 19, 2021
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၀ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက် ရောဂါ (Corona Virus Disease 2019)သည် “Public Health Emergency of International Concern” ကမ္ဘာလုံးဆိုင်ရာအရေးပေါ် အခြေအနေရောဂါဟု သတ်မှတ်ပြီး ကမ္ဘာကိုကြေညာခဲ့ပါသည်။ ထို့နောက် ဖေဖော်ဝါရီ ၂၈ ရက်တွင် ကူးစက်မြန် (သို့မဟုတ်) တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ခဲ့ပြီး မတ် ၁၁ ရက်တွင် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့ သည်။ လွတ်လပ်သော ကျွမ်းကျင် ပညာရှင်၁၉ ဦးတို့ကလည်း ယခုဗိုင်းရပ်စ်ပိုး ကူးစက်ရောဂါသည်သည်တိရစ္ဆာန်များမှ စတင်ကူးစက် သည့် ရောဂါပိုးဖြစ်ကြောင်း တစ်ကမ္ဘာလုံး ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန် အရေးကြီးကြောင်း တိုက်တွန်းခဲ့သည်။ ကိုဗစ်-၁၉ ဟု အမည်ပေးထားသည့် ကပ်ရောဂါကြီးသည် ၂၀၁၉ နှစ်ကုန်ပိုင်းမှ စတင်ကာ ကမ္ဘာမြေတစ်ဝန်းလုံးကို ဒုက္ခပေးခဲ့သည်။
Sep 19, 2021

မိမိပတ်ဝန်းကျင်တွင် နေ့စဉ်လိုလို မြင်တွေ့ခံစားရသည့် အကြောင်းအရာများအနက် လူတစ်ဦးချင်း စီအနေဖြင့် ကိုယ်တိုင် တွေ့ကြုံလာသည့် ကိစ္စရပ်များကို မည်သို့ရှုမြင်ကြသည်၊ မည်သို့နားလည် လက်ခံကြသည်နှင့် မည်သည့်ပုံစံဖြင့် တုံ့ပြန်ကြ သည်ဆိုသည်မှာ လွန်စွာစိတ် ဝင်စားဖွယ်ဖြစ်သည်။
Sep 19, 2021

ကျွန်တော်တို့သည် တစ်ခါတစ်ရံ မိမိတစ်ကိုယ်တည်း ကိုယ်နှင့်စိတ်ပင်လျှင် ဟန်မရအံမကျ ဖြစ်ရသည်ကို ကြုံဖူးကြပါ လိမ့်မည်။ ထိုသို့ဆိုလျှင်မိသားစုတစ်ခုတွင် မိခင်၊ ဖခင်တို့အပြင်သား သမီးများရှိကြသည့်အတွက် အနည်းဆုံး လူနှစ်ဦးရှိ လျှင်ပင် စိတ်နှစ်မျိုးရှိနေပြီဖြစ်သောကြောင့် မိသားစုတွင် ပါဝင်သူများအနေဖြင့် စိတ်အနေအထားအမျိုးမျိုး ရှိနေကြမည် မှာယုံမှားဖွယ်မရှိပါပေ။ ထိုနည်းတူမိသားစုများစွာမှ မွေးဖွားလာပြီး ဘဝဖြတ်သန်းမှုအထွေထွေ ကြုံခဲ့ရ သည့်လူပုဂ္ဂိုလ် များနှင့် ပေါင်းစည်းထားသော လုပ်ငန်းခွင်တစ်ခုတွင် လူအမျိုးမျိုးတို့၏ စိတ်အထွေထွေ ရှိနေကြမည်မှာ အသေအချာပင် ဖြစ်ပါသည်။