Skip to main content
Sep 27, 2021
အမျိုးသားစာပေတစ်သက်တာဆုရ ဆရာကြီး ဦးအောင်သင်းအကြောင်း ရေးသားမည်ကြံရွယ် မိစဉ်မှာပင် “ဟေ့ကောင်လေးတွေ ကောင်မလေးတွေ ငါပြောမယ်ကွ...” ဟူသည့် ဆရာကြီးလေသံကို နားထဲဝှေ့ဝှေ့ကြား ယောင်မိသည်။ အင်္ကျီလက်ကို ပင့်ကာပင့်ကာ လက်သီးလက်မောင်းတန်းလျက် မာန်ပါပါဟောပြောတတ် သည့်ဟန်ပန်ကိုလည်း အာရုံထဲမြင်ယောင်လာသည်။ မျိုးဆက်သစ်လူငယ်များအတွက် စိတ်ဓာတ်ခွန်အားနှင့် နှလုံးသား အာဟာရ ဆေးတိုက်ကျွေးခဲ့သူဆရာကြီးအကြောင်း ရေးသားရသည့်အတွက်လည်းဝမ်းမြောက်ကြည်နူးရပါသည်။
Sep 27, 2021
စိုက်ပျိုးရေး
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် ရာသီအလိုက် စိုက်ပျိုးလေ့ရှိကြပါသည်။ စိုက်ပျိုးရေးသည် မိမိတို့နိုင်ငံ၏ အသက်သွေးကြောဟုပင် ဆိုသင့်ပါသည်။ တောင်ပေါ်မြေပြန့်မကျန် သူ့နည်းသူ့ဟန်ဖြင့် မိမိဒေသနှင့်ကိုက်ညီသည့် သီးပင်စားပင်၊ ဆန်စပါးနှင့် ဟင်းသီးဟင်းရွက် အပါအဝင် သစ်ပင်ပန်းမန်တို့ကို စိုက်ပျိုးလျက်ရှိပါသည်။
Sep 27, 2021
ခွေးရူးရောဂါကို ဘီစီ ၂၀၀၀ ဝန်းကျင်ကတည်းက သိရှိခဲ့ကြသည်ဟု သိရသည်။ ခွေးရူးရောဂါအကြောင်း ရေးသားခဲ့သည့် ပထမဆုံးမှတ်တမ်းမှာ ဘီစီ ၁၉၃ဝ က မီဆိုပိုတေးမီးယား Codex of Eshnunna အညွှန်းစာအုပ်ထဲတွင်ဖော်ပြပါရှိသည့် မှတ်တမ်းထဲ၌ ခွေးရူးရောဂါ လက္ခဏာများပြနေသည့် ခွေး၏ပိုင်ရှင်သည် အကိုက်မခံရအောင် အကာအကွယ် အတားအဆီးလုပ်ထားသင့်သည်ဟုပါရှိသည်။ မိမိမွေးမြူထားသော ခွေးက ခွေးရူးရောဂါဖြစ်ပွားပြီး တစ်ယောက်ကို ကိုက်မိသောကြောင့် ထိုလူသေဆုံးလျှင် ခွေးပိုင်ရှင်အား ကြီးလေးသော ဒဏ်ငွေပေးဆောင်စေသည်ဟု မှတ်တမ်းတင် ခဲ့သည်။
Sep 26, 2021
မီးခိုးမထွက်သောစက်ရုံ (Smokeless Industry)ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည့် ခရီးသွား လုပ်ငန်းသည် မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံများ၏နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး မျက်နှာစာများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး လူသားတို့၏ သမိုင်းအစဖြစ်သော ကျောက်ခေတ်နှင့် သမိုင်းဦး ဘုံမြေခေတ်မှ ယနေ့ စတုတ္ထစက်မှု တော်လှန်ရေးခေတ် (Industry 4.0)အထိ အခြားသော စီးပွားရေး ကဏ္ဍများနည်းတူ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်များဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။
Sep 26, 2021
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းများစွာ စုစည်းနေထိုင်ကြပါတယ်။ မတူညီတဲ့ ဓလေ့ ထုံးတမ်း စဉ်လာတွေ၊ မတူညီတဲ့ဘာသာတရားနဲ့ ကွဲပြားတဲ့ ယုံကြည်မှုတွေလည်း ရှိပါတယ်။ ဘာသာတရားမှာ အများစုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ အပါအဝင် ဘာသာအားလုံးကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်လျက်ရှိပါတယ်။ ယုံကြည်ရာ ဘာသာတရားရဲ့ အဆုံးအမလမ်းညွှန်မှု အောက်မှာ တိုင်းရင်းသားလူမျိုးအချင်းချင်း နားလည်မှုရှိစွာနဲ့ အတူလက်တွဲ နေထိုင်လျက် ရှိတာကို နယ်မြေဒေသ အသီးသီးမှာ တွေ့နိုင်ပါတယ်။
Sep 26, 2021
မျိုးဆက်အလိုက်လေ့လာသင်ယူခြင်းနှင့် လက်ဆင့်ကမ်းခြင်း မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်တို့အကြား အသိပညာနှင့် ဘဝအတွေ့အကြုံများ အစဉ်အဆက် လက်ဆင့်ကမ်း လာခဲ့သည်မှာ လူ့သမိုင်းတစ်လျှောက် ဖြစ်ပါသည်။ မျိုးဆက်များဟုဆိုရာတွင် မိသားစုအလိုက် မျိုးဆက်၊ လူ့အဖွဲ့ အစည်းမျိုးဆက်နှင့် နှစ်ကာလအချိန် အလိုက်မျိုးဆက်များ ပါဝင်ပါသည်။ သမိုင်းမတင်မီကာလကမှစ၍ လူ့သမိုင်း တစ်လျှောက် မျိုးဆက်တစ်ခုမှတစ်ခုသို့ အသိပညာနှင့် ဘဝအတွေ့အကြုံများ လက်ဆင့်ကမ်းလာခြင်း၊ ပူးပေါင်း လုပ်ကိုင်နိုင်ခြင်းနှင့် ပိုမိုလေ့လာသင်ယူ ခြင်းများကြောင့် ပညာရပ်များ၊ နည်းပညာများ၊ အတွေးအခေါ်များ၊ စနစ်များ၊ ယဉ်ကျေးမှုများနှင့် လူမှုတန်ဖိုးများ မြင့်တက်လာခဲ့ကြပြီး နောင်လာ နောက်သားများ စဉ်ဆက်မပြတ်တိုးတက် မှုကို ခံစားနေကြရခြင်းဖြစ်သည်။
Sep 26, 2021
ကျောင်းများပြန်ဖွင့်ချိန်တွင် ကိုဗစ် -၁၉ လမ်းညွှန်ချက်များ လိုက်နာဆောင်ရွက်သင့်ပုံနှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။
Sep 26, 2021
ဤလမ်းကြောင်း၏ လားရာသည် နိုင်ငံနှင့် လူမျိုးအတွက် အကျိုးရှိနိုင်ဖွယ်ရာ လုံးဝမပါသော တိုင်းပြည်ကို အလုံးစုံပျက်သုဉ်းရေးဆီသို့ တွန်းပို့နေခြင်းသက်သက် ရည်ရွယ်ချက်ဖြင့် ဆုံးရှုံးနစ်နာဖို့သာ ရှိပါကြောင်း အပြည့်အဝသိကြမြင်ကြဖို့ အချိန်ရောက်ပါပြီ။
Sep 25, 2021
ပြည်သူ − ပုဂ္ဂလိက ပူးပေါင်းပါဝင် ကျေးလက်မီးလင်းရေးစနစ် ပိုမိုခရီးတွင်
မိုးရာသီဆိုတော့ကာ မြို့ပြမှာဆိုပေမယ့် မိုးနဲ့လေနဲ့မို့ မီးက ခဏတဖြုတ်တော့ ပျက်တတ်သည့် ကာလ.....။ ကိုယ့်မှာ သံယောဇဉ်သမားပီပီ တစ်ချိန်က ကိုယ်လှည့်လည် ကွင်းဆင်းခဲ့ဖူးသည့် အသေးစားဓာတ်အားစနစ်စီမံကိန်း ကျေးရွာလေးတွေ အဆင်မှပြေကြရဲ့လား စိတ်ပူမိရသည်။
Sep 25, 2021
“အစိုးရရာထမ်းမှုထမ်း” ဆိုသည်မှာ ရာဇသတ်ကြီးပုဒ်မ ၁၄ ၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရသော်လည်းကောင်း၊ နိုင်ငံတော် သမ္မတကသော်လည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ အာဏာအရသော်လည်းကောင်း၊ ဆက်လက်ထမ်းရွက်ရသူ သို့တည်းမဟုတ် ခန့်ထားခြင်းခံရသူ သို့တည်းမဟုတ် စေခိုင်းခြင်းခံရသူ ရာထမ်း၊ မှုထမ်းအရပ်ရပ်တို့ပါဝင်သည်ဟု အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။