Sep 12, 2021
ပြောင်းလဲလာသည့်ရာသီဥတုကြောင့် လယ်ယာကဏ္ဍအတွက် စိုက်ပျိုးရေ လုံလောက်စွာရရှိရေးသည် အရေးကြီးသည့်အချက်တစ်ခု ဖြစ်လာသည်။ အထူးသဖြင့် မိုးနည်းရပ်ဝန်းဒေသများအတွက် မိုးမျှော်၍ စိုက်ပျိုးမည်ဆိုပါက တောင်သူများစီးပွားမဖြစ်နိုင်။ ထို့အတွက် မိုးကိုမမျှော်ရဘဲ အချိန်မှန် စိုက်ပျိုးနိုင်မည့် ရေပေးဝေနိုင်သည့် ဆည်မြောင်းအဆောက်အအုံများကို တောင်သူများ အားကိုးအားထား ပြုလာကြသည်။
Sep 12, 2021
ကျွန်တော်မြင့်စိုး(နတလ)သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ရာမှ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၌ သက်ပြည့်အငြိမ်းစားယူခဲ့၏။ ပင်စင်စား တော်တော်များများ ဖြစ်လေ့ဖြစ်ထရှိသည့် ပင်စင်နာရောဂါကို ရှောင်ရှားနိုင်ခဲ့လင့်ကစား ၂၃ နှစ်တာမျှ တာဝန်ထမ်းဆောင်ခဲ့သော သံယောဇဉ်ကြောင့် လွမ်းချင်းဝေဒနာတချို့ ရလိမ့်မည်ဆိုတာကိုတော့ ကျွန်တော် ကြိုသိနေပါသည်။ ကျွန်တော်ချစ်သော တိုင်းရင်းသားတွေကိုလွမ်းသည့် ဝေဒနာ၊ ကျွန်တော်ရောက်ခဲ့ဖူးသော နယ်စပ်ဒေသ မြို့ရွာတွေကို လွမ်းသည့်ဝေဒနာ စသည် ... စသည်ဖြင့်။
Sep 12, 2021
ခေတ်ကာလယန္တရားတွေ ဘယ်လိုပဲပြောင်းလဲလာပါစေ၊ ကမ္ဘာဦးခေတ်ကာလကတည်းက ယခုအချိန်ထိ ကျန်ရှိနေတဲ့အရာတစ်ခုကတော့ လူအချင်းချင်း ကျွန်ပြုမှုပဲ ဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေမှာ ဘီစီ ၅ဝဝ ခုနှစ်ခန့်ကတည်းက ကျွန်ရောင်းဝယ်မှုစနစ်တွေကို ပေါ်ပေါ်ထင်ထင် တွင်တွင်ကျယ်ကျယ် ဆောင်ရွက်ခဲ့ကြပါတယ်။ ကျွန်တွေကို လိင်ဖျော်ဖြေမှုတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ စိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ အန္တရာယ်များတဲ့ လုပ်ငန်းခွင်တွေအတွက် အသုံးပြုကြပါတယ်။ ၁၈၀၀ ပြည့်နှစ် နောက်ပိုင်းကာလတွေမှာတော့ ကျွန်စနစ်ဟာ လုံးဝပပျောက်သွားခဲ့ပေမယ့်လည်း ခေတ်သစ်ကျွန်ပြုမှု စနစ်ဖြစ်တဲ့ လူကုန်ကူးမှုဆိုတာ ပေါ်ပေါက်လာပါတော့တယ်။
Sep 12, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်း မပျက်ယွင်းရအောင် တာဝန်ယူဦးဆောင်ဦးရွက်ပြုခဲ့တာ ခုနစ်လတာပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
Sep 11, 2021

အောင်မြင်သည့်ဘဝတစ်ခု တည်ဆောက်ရန်လိုအပ် သောအစိတ်အပိုင်းများစွာ ရှိတတ်ကြပါ သည်။ အလုပ်ကြိုးစားခြင်းသည် အောင်မြင်သောဘဝတစ်ခု တည်ဆောက်ရန် သာမန်အားဖြင့် လိုအပ်သော်လည်း ပရော်ဖက်ရှင် (Professionally) အောင်မြင်မှု ရရှိရန်နှင့် တစ်ကိုယ်ရေ (Personally) ကျော်ကြားအောင်မြင်ရန်အတွက်မူ အလုပ်ကြိုးစားမှုသာမက ဘဝရည်မှန်းချက်၊ စိတ်အားထက်သန်မှု၊ မိမိကိုယ် မိမိသိရှိနားလည်မှု၊ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း၊ ယုံကြည်မှု၊ မိမိကိုယ်မိမိ စိတ်ဓာတ်မြှင့်တင်မှုတို့လည်း လိုအပ်ပါ၏။ ။
Sep 11, 2021

“ဥစ္စာကံစောင့်၊ အသက်ဉာဏ်စောင့်” တဲ့။ မြန်မာ ဆိုရိုးစကားရှိပါတယ်။
အဲဒီလိုပဲ လူချင်းတူရင် ကံကောင်းတဲ့သူက သာသတဲ့၊ ကံချင်းတူရင် ဉာဏ်ကောင်းတဲ့သူက သာသတဲ့၊ ဉာဏ်ချင်းတူရင်တော့ ဝီရိယအားစိုက် သူကသာပါသတဲ့။ မိမိရဲ့ ကံ၊ ဉာဏ်၊ ဝီရိယ ဆိုတာ မိမိရဲ့အားထုတ်မှုပဲ ဖြစ်ပါတယ်။ ကံကောင်းသူဟာကောင်းတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်တဲ့သူပဲဖြစ်ပြီး ဉာဏ်ကောင်းသူဟာ အသိဉာဏ်ပညာကို ကောင်းကောင်းမွန်မွန် အသုံးချနိုင်သူပဲ မဟုတ်ပါလား။ ကောင်းမွန်တဲ့အလုပ်တွေကိုလုပ်ပြီး အသိဉာဏ်နဲ့ယှဉ်တဲ့ မဆုတ်မနစ်ကြိုးစားအားထုတ်မှု ရှိမယ်ဆိုရင် အကောင်းဆုံးလူသားဘဝကို ပိုင်ဆိုင် နိုင်ကြမှာပါ။
Sep 11, 2021
သုတေသီတွေ မွေးထုတ်
မြန်မာနိုင်ငံရဲ့ တက္ကသိုလ်တွေကို ကြည့်ရင် တက္ကသိုလ်များတည်ရှိရာ ဒေသဟာ ကြွယ်ဝမှု အသီးသီး ပိုင်ဆိုင်ထားကြပါတယ်။ နိုင်ငံရဲ့ အနောက်ဘက်ပိုင်း၊ တောင်ဘက် ပိုင်းမှာရှိတဲ့ တက္ကသိုလ်တွေဟာ ပင်လယ်ကမ်းရိုးတန်းနဲ့ ရေ၊ မြေ၊ သား၊ ငါးပေါကြွယ်ဝတဲ့၊ မိုးများတဲ့ ဒေသတွေမှာ ရှိကြပါတယ်။ ဒီတက္ကသိုလ်တွေက ပင်လယ်ကမ်းရိုးတန်းရဲ့ ကြွယ်ဝမှု၊ တချို့ဒေသတွေမှာဆိုရင် ကမ်းလွန်ဒေသ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တွေကိုပင် နားလည်အောင် သုတေသန ပြုကြရမယ်။ တီထွင်ဆန်းသစ်မှု၊ ထပ်ဆင့်တန်ဖိုးမြင့် သုတေသနတွေကို လုပ်ကြရင်း အဲဒီဒေသမှာပဲ အလုပ်လုပ်မယ့်ဘွဲ့ရတွေ ပြောင်မြောက်တဲ့ သုတေသီတွေ မွေး ထုတ်ပေးရမှာ ဖြစ်ပါတယ်။ ဘဝသစ် ဖန်တီးနိုင်ဖို့ လူ့အဖွဲ့အစည်းအတွင်းမှာ မရှိသေးတဲ့ နည်းပညာတွေနဲ့ ကျွမ်းကျင် မှုအဖုံဖုံကို တက္ကသိုလ်တွေက ဆောင်ကြဉ်းပေးရ ပါလိမ့်မယ်။ ။
Sep 11, 2021

မျိုးတွေဘယ်လောက်ပြောင်းပြောင်း မျိုးမပြောင်းနိုင်တဲ့အပိုင်းကို ဦးတည်ပြီး ကုသပေးနိုင်တဲ့ လူလုပ်ပဋိပစ္စည်းလို ဆေးဝါးတွေ ထွက်လာစရာရှိနေတဲ့အတွက် ဒီဗိုင်းရပ်စ်ရောဂါကို ရေရှည်မှာ လူသားတွေအနေနဲ့ နိုင်ကိုနိုင်ရမှာ ဖြစ်ပါတယ်။(ဒေါက်တာသန်းနိုင်စိုး)
Sep 11, 2021

သစ်ပင်တစ်ပင်တွင် သစ်မြစ်သည် အရေးကြီးဆုံးဖြစ်သကဲ့သို့ အဆောက်အဦတစ်ခုတွင် အုတ်မြစ်သည်အရေးကြီးဆုံးဖြစ်၏။ ထို့အတူ လူတစ်ယောက်တွင်မူ အခြေခံထားရမည့် ကိုယ်ချင်းစာတရားစိတ်ဓာတ်သည်သာ ပဓာနပင်ဖြစ်သည်။ လူတစ်ဦး၏ ဘဝကောင်းခြင်း၊ ဆိုးခြင်းကို ထိုသူ၏စိတ်ဓာတ် တစ်နည်းအားဖြင့် စိတ်သဘောထားကသာ ဆုံးဖြတ်ပေးလေ့ ရှိ၏။ စိတ်ထားကောင်းသူတို့၏ အဆုံးသတ်ရလဒ်တွင် အကျိုးတရားများစွာခံစားရပေမည်။ တိုင်းပြည်ကို အုပ်ချုပ်စောင့်ရှောက်နေသူတို့ကား ဆိုဖွယ်မရှိချေ။ လောကနီတိတွင် “သစ်ပင်၏အရိပ်သည် ချမ်းသာ၏။ ထို့ထက် ဆွေမျိုးတို့အရိပ်က သာ၍ချမ်းသာ၏။ ထို့ထက် အမိ၊ အဖတို့၏အရိပ်ကသာ၍ ချမ်းသာ၏။ ထို့ထက် ဆရာ၏အရိပ်က ပို၍ချမ်းသာ၏။ ထို့ထက် မင်း၏အရိပ်က ပို၍ချမ်းသာ၏။ ထို့ထက် မြတ်စွာဘုရား၏ သာသနာတော်တည်းဟူသော အရိပ်က အဆများစွာ သာလွန်၍ချမ်းသာ၏” ဟု ဖော်ပြထား၏။
Sep 11, 2021

တောင်အာဖရိကဆိုတာ စိန်ထွက်တဲ့နယ်မြေမို့ ဥရောပက နယ်ချဲ့မျက်နှာဖြူးတွေ လာရောက် စီးပွားရှာရင်း ကိုလိုနီလက်အောက်ခံနိုင်ငံအဖြစ် နှစ်အတော်ကြာအောင် သိမ်းပိုက်ခံခဲ့ရတဲ့ အာဖရိကတိုက်ရဲ့ တောင်ဘက်ပိုင်း အဖျားစွန်းက နိုင်ငံတစ်ခုဖြစ်ပါတယ်။ လူမည်းခေါင်းဆောင် နယ်ဆင်မင်ဒဲလားနဲ့ လူဖြူသမ္မတ ဘိုသာတို့လက်ထက်မှာ တိုင်းရင်းသားတွေရဲ့ နယ်ချဲ့အစိုးရ ဆန့်ကျင်ရေး အောင်မြင်ပြီးမြောက်သွားပြီး နယ်ဆင်မင်ဒဲလားဟာ ဒေသခံလူမျိုးများထဲက ပထမဦးဆုံးသော သမ္မတဖြစ်လာခဲ့တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။