Feb 18, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ကင်ဆာရောဂါကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။
Feb 18, 2024
စက်မှုဝန်ထမ်းဟောင်းများ၏ ဒသမအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ စက်မှုဓမ္မာရုံ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှုဝန်ထမ်းဟောင်းများအသင်းနာယက၊ ဥက္ကဋ္ဌ၊ အမှုဆောင်များနှင့် အသင်းဝင်ဝန်ထမ်းဟောင်းများ တက်ရောက်ကြသည်။
Feb 18, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ တောင်သူပိုင်စိုက်ပျိုးမြေ ခြောက်ဧကပေါ်တွင် ဆောင်ရွက်ထားရှိသည့် သီးနှံစုံအကန့်လိုက် စိုက်ပျိုးနည်း(Strip Cropping)စနစ် တောင်သူပညာပေး သရုပ်ပြစိုက်ခင်းသို့ ကွင်းဆင်းစစ်ဆေးသည်။
Feb 18, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်မြို့တွင်းနှင့် ဒလမြို့တို့ကို ဆက်သွယ်သည့် မြန်မာ - ကိုရီးယား ချစ်ကြည်ရေး(ဒလ)မြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Feb 18, 2024
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ ဝန်ထမ်းအိမ်ရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းအိမ်ရာ ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းပေးသည်။
Feb 18, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် အမှတ် (၁၅) မိုးကောင်းလမ်းရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သတင်းနှင့် မီဒီယာလုပ်ငန်း(မြဝတီ) (MWD Media Centre) ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိသူများနှင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ချီးမြှင့်သည်။
Feb 16, 2024
ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနဝန်ကြီးရုံး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများပါဝင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
Feb 16, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့်တွေ့ဆုံသည်။
Feb 16, 2024
Zeya & Associates Co.,Ltd မှ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာနရှိ ဆေးတက္ကသိုလ်ငါးခုတွင် အသုံးပြုရန် မှန်ပြောင်းနှင့် ခွဲစိတ်ကုသခြင်းအတွက် သင်ကြားရေး အထောက်အကူပြု မှန်ပြောင်းကြည့် ခွဲစိတ်ကုသမှုနည်းပညာ လေ့ကျင့်ရေးစက် (Laparoscopic Simulator) ငါးစုံ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 16, 2024
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနကကြီးမှူး၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် ဆောင်ရွက်မည့် အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေးနှင့် ထုတ်ကုန်များ၊ ထုတ်လုပ်မှု နည်းစဉ်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသားအရည်အသွေး ထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ အကောင်အထည်ဖော်ရေး စီမံကိန်း (Project on Strengthening National Quality Infrastructure and Implementation of National Certification Body for Certifying Products, Processes and Services) စတင်ခြင်းအခမ်းအနားနှင့် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေးနှင့် စက်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် စံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်တွေ့ဆုံဆွေးနွေးခြင်းဖိုရမ် (Stakeholders Engagement Forum on Standards and Qua-lity for Trade Facilitation and Industry Development) ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ MERCURE ဟိုတယ်၌ကျင်းပသည်။
Feb 16, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၁၉) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အားပေးသည်။
Feb 16, 2024
တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေတို့ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီးဌာနမှူးများအား လုပ်ငန်းဆိုင်ရာအသိပညာမြှင့်တင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေတို့ရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 16, 2024
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ထူးချွန်ဆုရရှိသော ဝန်ထမ်းများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရုံးချုပ်၌ ကျင်းပသည်။
Feb 16, 2024
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Hybrid စနစ်ဖြင့် ဖေဖော်ဝါရီ ၁၄ ရက်မှစတင်၍ နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
Feb 16, 2024
မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ခေါ်ယူထားသည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကောင်စစ်ဝန်ချုပ်များအား နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များဆိုင်ရာဆွေးနွေးပွဲကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်ရာမှ ခေတ္တပြန်လည် ခေါ်ယူထားသည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကောင်စစ်ဝန်ချုပ်များ တက်ရောက်ကြသည်။
Feb 16, 2024
အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး ဗဟိုကော်မတီ၏ (၁/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းဝေး ခန်းမ၌ကျင်းပရာ အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။
Feb 15, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
Feb 15, 2024
မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ (၂) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
Feb 15, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ် သော်မှော်ကုန်းစံပြကျေးရွာအပါအဝင် ကျေးရွာ ၄၃ ရွာ၌ ICT စင်တာများ ထူထောင်၍ ဒစ်ဂျစ်တယ်နည်းပညာ ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Feb 12, 2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေး စစ်ဆေးရေးဓာတ်ခွဲခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားစိုက်ပျိုးရေး သိပ္ပံကျောင်းဝင်းအတွင်းရှိ ဓာတ်ခွဲခန်းအဆောက်အအုံသစ်၌ ကျင်းပသည်။
