Skip to main content

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၁၉) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၅

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၁၉) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အားပေးသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာကိုထိန်းသိမ်းရန်၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများ စည်းလုံးပျော်ရွှင်စွာ အတူတကွပူးပေါင်း ဆောင်ရွက်ခြင်း အလေ့အထများရရှိစေရန်နှင့် ဝန်ထမ်းများ၏ ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုရှိစေရန်အတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စည်းလုံးညီညွတ် ပျော်ရွှင်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဦးစီးဌာနအလိုက် ပြိုင်ပွဲဝင်အသင်းများ၏ တပျော်တပါး ထမနဲထိုးယှဉ်ပြိုင်နေမှုကို လိုက်လံကြည့်ရှုအားပေးပြီး ဆုရရှိသည့်အသင်းများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်