နေပြည်တော် ဖေဖော်ဝါရီ ၁၅
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ထူးချွန်ဆုရရှိသော ဝန်ထမ်းများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရုံးချုပ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှဝန်ထမ်းများ တက်ရောက်ကြသည်။
ဖျော်ဖြေတင်ဆက်
ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝန်ထမ်းများက “မင်္ဂလာပါ” တေးသီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြသည်။
ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားပြီး ဝန်ထမ်းလုပ်သက် (၃၇) နှစ်ပြည့်မြောက်သည့် ဝန်ထမ်းများနှင့် ပြည်တွင်း၊ ပြည်ပ သင်တန်း/ ပြိုင်ပွဲများတွင် ဆုရရှိ ခဲ့ကြသည့်ဝန်ထမ်းများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိကြသည့် ဝန်ထမ်းများနှင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် နိုင်ငံတော်အဆင့် ရွှေတံဆိပ်ဆုရဝန်ထမ်းများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ထူးချွန်ဆုများချီးမြှင့်
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက အစီအစဉ်ထုတ်လုပ်မှုထူးချွန်ဆု၊ သတင်းတည်းဖြတ် ထုတ်လွှင့်မှုထူးချွန်ဆု၊ သတင်းတင်ဆက်မှုထူးချွန်ဆု၊ စက်မှုဆိုင်ရာထူးချွန်ဆု၊ ရိုက်ကူးထုတ်လုပ်မှုဆိုင်ရာ ထူးချွန်ဆု၊ လုပ်ငန်းစွမ်းဆောင်ရည်ထူးချွန်ဆုနှင့် သန့်ရှင်းသာယာလှပရေးဆောင်ရွက်မှု ထူးချွန်ဆုရရှိကြသူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။
ကံစမ်းမဲများ ဖွင့်ဖောက်
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝန်ထမ်း များအတွက် ဗလာမပါကံစမ်းမဲများဖွင့်ဖောက်၍ ဆုများပေးအပ်ချီးမြှင့်ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင် သံကြားဝန်ထမ်းများက “MRTV နှင့် ကောင်းသောနေ့” တေးသီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်