Skip to main content
Jun 07, 2024
အရှေ့အလယ်ပိုင်းဒေသနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရာမှ အခက်အခဲများကြုံတွေ့ကြရပြီး မြန်မာနိုင်ငံသို့ပြန်လိုသူ မြန်မာနိုင်ငံသားများ (အထူးသဖြင့် အမျိုးသမီးများ) ကို သက်ဆိုင်ရာနိုင်ငံ မြန်မာသံရုံးကကူညီ၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးရသည့် သတင်းများကို မကြာခဏတွေ့မြင်ဖတ်ရှုသိရှိကြရသည်။ မိမိနိုင်ငံသားများကိုတန်ဖိုးထားကာ ၎င်းတို့၏အခက်အခဲကို ကူညီဖြေရှင်းဆောင်ရွက်ပေးခြင်းအားဖြင့် သက်ဆိုင်ရာနိုင်ငံအသီးသီးတို့တွင် ဖွင့်လှစ်ထားသည့် မြန်မာသံရုံးများမှာ အမိနိုင်ငံတော်၏ကိုယ်စား တိုင်းတစ်ပါးရေခြားမြေခြားတွင် မြန်မာနိုင်ငံသူနိုင်ငံသားတို့၏ မှီခိုအားထားရာဖြစ်လာသည်။ အခြားတစ်ဖက်တွင်လည်း မိမိနိုင်ငံနှင့်ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ ကိုးကွယ်ယုံကြည်မှု ရာသီဥတုတို့အပါအဝင် အစစအရာရာကွာခြားလှသည့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများသို့ မြန်မာအမျိုးသမီးများ သွားရောက်အလုပ်လုပ်ကိုင်ကြခြင်းနှင့်စပ်လျဉ်း၍ မိမိနိုင်ငံမှမထွက်ခွာမီကပင် သေချာစွာကြပ်မတ်စိစစ်ရန် လိုအပ်လျက်ရှိသည်။
Jun 07, 2024
မြန်မာနိုင်ငံတွင် ငွေရေးကြေးရေးဆိုင်ရာတို့နှင့်ပတ်သက်၍ လွယ်ကူချောမွေ့စွာ လည်ပတ်စီးဆင်း လုပ်ကိုင်နိုင်စေရေးအတွက် နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များက လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပုဂ္ဂလိကဘဏ်များအား ဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ငွေရေးကြေးရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့် လိုက်နာ ဆောင်ရွက်လုပ်ကိုင်ခြင်း ရှိ ၊ မရှိ စောင့်ကြည့်ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်လျက်ရှိသည်။
Jun 06, 2024
ယခုအခါ မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြည်ရှင်သန်ဖွံ့ဖြိုးသော အချိန်အခါကာလဖြစ်သည်။ ထိုကာလတွင် သစ်ပင်များကို ရှင်သန်ဖွံ့ဖြိုးလာအောင် စိုက်ပျိုးပြုစုပျိုးထောင်ကြခြင်းဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေးကို ဖန်တီးကြရမည်ဖြစ်သည်။ တစ်နိုင်ငံလုံးဝိုင်းဝန်း၍ အမျိုးသားရေးအသွင်ဖြင့် သစ်ပင်ပျိုးပင်များ ပြုစုပျိုးထောင်စိုက်ပျိုးကြရမည်ဖြစ်သည်။
Jun 06, 2024
Knowledge is Power - အသိသုတသည် တန်ခိုးစွမ်းအင်ဟူသော အဆိုရှိသည်။ ၁၆ ရာစုအတွင်း မွေးဖွားခဲ့သည့် အင်္ဂလိပ်စာရေးဆရာကြီး ဖရန်စစ်ဘေကွန်၏ အဆိုဖြစ်ပြီး အစဉ်အလာအားဖြင့် ပြောကြားသည့် ဆိုရိုးစကားသဖွယ်လည်းဖြစ်နေသည်။ အနက်အဓိပ္ပာယ်အားဖြင့် အသိသုတရှိမှ တန်ခိုးစွမ်းအင်ရှိမည်။ အသိသုတကင်းမဲ့ပါက တန်ခိုးစွမ်းအင်လည်း ကင်းမဲ့မည်ဟု ချဲ့ထွင်တွေးဆယူနိုင်သည်။ ထိုမှဆက်၍ လူတိုင်းလူတိုင်း အသိသုတအမျိုးမျိုးတို့ ပြည့်စုံစေရန် ရှာဖွေစုဆောင်းဖြည့်ဆည်းကြရမည်ဟူ၍ ကောက်ချက်ဆွဲရမည်ဖြစ်သည်။
Jun 05, 2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအားလုံးသာမက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများပါ စတင်ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်သည်။ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့်နေ့တွင် နိုင်ငံတစ်ဝန်းရှိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၅၃၆၇၁၃ ဦး ပညာသင်ကြား ဆည်းပူးလေ့လာနေကြပြီဖြစ်သည်။
Jun 05, 2024
​​​​​​​ပြီးခဲ့သည့် မတ်၊ ဧပြီ၊ မေ နွေလများအတွင်း အပူချိန်မြင့်တက်မှုဒဏ်ကို မိမိတို့ နိုင်ငံသူနိုင်ငံသားများ သိသိသာသာ ခံစားခဲ့ကြရသည်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းခြောက်သွေ့ရပ်ဝန်းမှ အချို့မြို့များ၏ နွေရာသီအမြင့်ဆုံးအပူချိန်သည် ကမ္ဘာ့အပူဆုံးမြို့ များ၌ပင် စာရင်းဝင်ခဲ့သည်အထိ ဖြစ်ခဲ့သည်။ ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်း၊ ယင်း၏အကျိုးဆက်အဖြစ် ရာသီဥတုများ ပြောင်းလဲလာခြင်းတို့သည် ရာစုနှစ်နှင့်ချီ၍ လူသားတို့ ပြုလုပ်ခဲ့ကြသည့် အပြုအမူများကြောင့် သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးခဲ့ရခြင်းကို အကြောင်းရင်းခံ၍ ဖြစ်ပေါ်လာရခြင်းဖြစ်ရာ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ကြီး ပြန်လည်‌ကောင်းမွန်လာအောင် ထိန်းသိမ်းရန်မှာလည်း လူသားတစ်ရပ်လုံး၏ တာဝန် ဖြစ်သည်။
Jun 04, 2024
ယနေ့ကာလတွင် နိုင်ငံအတွင်း၌ လူမှုစီးပွားတည်ငြိမ်မှုကို ပျက်ပြားစေမည့် ရွှေနှင့် ငွေကြေးဈေးကွက် ကမောက်ကမဖြစ်စေသည့် သတင်းစကားများကြောင့် ရောင်းဝယ်ဖောက်ကားမှုဈေးကွက်များတွင် ဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့ပြီး အကျိုးဆက်ကို ပြည်သူများခံစားကြရသည်။ အရောင်းအဝယ်ဈေးကွက်ကို တန်ဖိုးဖြတ်သည့် ရွှေနှင့် နိုင်ငံခြားငွေဈေးနှုန်း ကမောက်ကမဖြစ်စေရန် ဖန်တီးခဲ့ကြသည့် ဝိသမလောဘသားများကို နိုင်ငံတော်က ပြည်သူများအကျိုးစီးပွားကိုရှေးရှုပြီး ဖော်ထုတ်တားဆီးနိုင်ခဲ့သည်။
Jun 04, 2024
မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံဇာတတည်ရှိမှု လျော့နည်းကျဆင်းလျက်ရှိနေပြီဖြစ်ရာ ငါးမျိုးမပြုန်းတီးရေးအတွက် ငါးရစ်ငါးသန်ကာလတွင် ငါးမဖမ်းရ ရာသီသတ်မှတ်၍ ရေရှည်စားသုံးနိုင်ရေး သက်ဆိုင်ရာကဆောင်ရွက်လျက်ရှိရာ နားလည်လက်ခံသည့် လုပ်ငန်းရှင်များရှိသကဲ့သို့ လတ်တလောအခက်အခဲကို သည်းမခံနိုင်သည့်လုပ်ငန်းရှင်များ၊ ငါးမဖမ်းရရာသီအတွင်း ငါးခိုးဖမ်းနေ‌‌သော ရေယာဉ်များရှိနေကြောင်း သတင်းများတွင် တွေ့ရသည်။ ငါးမဖမ်းရရာသီသတ်မှတ်ခြင်းသည် ငါးသယံဇာတ လျော့နည်းကျဆင်းလာသည့် အခြေအနေကြောင့် မဖြစ်မနေဆောင်ရွက်ရခြင်းဖြစ်ပြီး မိမိတို့နိုင်ငံကဲ့သို့ပင် အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ဆောင်ရွက်နေပြီး ငါးခိုးဖမ်းခြင်းများမရှိစေရန် ၎င်းတို့၏ စစ်ရေယာဉ်များ၊ ကမ်းခြေစောင့်ရေယာဉ်များဖြင့် စောင့်ကြပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Jun 02, 2024
ပြည်သူလူထု၏ နေ့စဉ်လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရေးအတွက် ကုန်စည်စီးဆင်းမှု တည်ငြိမ်ချောမွေ့မှန်ကန်ရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ ကုန်စည်စီးဆင်းမှု မှန်ကန်တည်ငြိမ်ရေးအတွက် ငွေကြေးဈေးကွက် တည်ငြိမ်မှန်ကန်မှုရှိရန်လိုအပ်ပြီး ငွေကြေးဈေးကွက်တည်ငြိမ်မှသာ ပြည်သူလူထုကို နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိသော စက်သုံးဆီမှအစ ကုန်စည်ရောင်းဝယ်ဖောက်ကားမှုများ တည်ငြိမ်ချောမွေ့စွာ လည်ပတ်နိုင်မည်ဖြစ်သည်။ ငွေကြေးတန်ဖိုးမတည်ငြိမ်လျှင် ငွေကြေးဖောင်းပွမှုဖြစ်လာပြီး ပြည်သူများ၏ နေ့စဉ်လူမှုဘဝတွင် အခက်အခဲများရှိလာနိုင်သည်။
Jun 02, 2024
သမိုင်းဝင်လူ့ယဉ်ကျေးမှုတို့ မစတင်မီကပင် ရှေးဦးလူတို့နှင့်အတူ တေးသီချင်းသီဆိုမှုနှင့် တီးမှုတ်မှုဂီတတို့ ရှိနှင့်ပြီးဖြစ်သည်ဟူ၍ ပညာရှင်များက ယူဆကြသည်။ ကာလနှင့် ဒေသအလိုက် လူသားတို့၏ ယဉ်ကျေးမှုများ တစ်ဆင့်ပြီးတစ်ဆင့် မြင့်သည်ထက်မြင့်လာသောအခါ နိုင်ငံအလိုက်၊ လူမျိုးအလိုက် ကွဲပြားခြားနားသည့် ဂီတများစွာပေါ်ထွန်းလာသည်။ မည်သည့်ဂီတပင်ဖြစ်စေ တူညီသည့်အချက်မှာ သီဆိုသူ၊ နားဆင်သူတို့၏ စိတ်နှလုံးကို ရသခံစားမှုဖြစ်ပေါ်စေနိုင်ခြင်းနှင့် လွှမ်းမိုးနိုင်စွမ်းရှိခြင်းပင်ဖြစ်သည်။