Oct 11, 2024
တရားမဝင်ကုန်သွယ်မှုများကို တိုးမြှင့်ဖမ်းဆီးရရှိနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄) တွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌက တိုက်တွန်းပြောကြားသွားခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများနှင့်စပ်လျဉ်း၍ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ ၃၂ လတာကာလအတွင်း အမှုတွဲ ၁၄၆၅၉ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀ ဒသမ ၀၂၈ ဘီလီယံ ဖမ်းဆီးရမိခဲ့ရာ နိုင်ငံတော်၏ ကုန်သွယ်မှုကဏ္ဍဖြင့်ကြည့်ပါက ယင်းပမာဏမှာ အနည်းငယ်မျှသာ ဖြစ်နေသည်။
Oct 10, 2024
ပြည်သူများ အေးချမ်းစွာဖြင့် နေထိုင်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ၊ လုံခြုံရေးအမြင်များ အားလုံးတွင် ရှိထားကြဖို့ လိုအပ်မည်ဖြစ်သည်။ ပြည်သူများအနေဖြင့် မိမိတို့ရပ်ရွာဒေသများတွင် အေးချမ်းစွာနေထိုင်ကြပြီး လူမှုစီးပွားဘဝ အဆင်ပြေတိုးတက်ရေးအတွက် လှုပ်ရှားရုန်းကန် လုပ်ကိုင်နေကြသည်။ နိုင်ငံတော်အနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထား ဆောင်ရွက်လျက်ရှိသည်။
Oct 10, 2024
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ကြီး တည်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် ယမန်နှစ် အောက်တိုဘာ ၁ ရက် ခန့်မှန်းချက်အရ လူဦးရေကိုးသန်း နေထိုင်ကြသည်ဟု သိရသည်။ ယင်းအနက် ၆၀ ရာခိုင်နှုန်းကျော်သည် မြို့ပေါ်တွင် နေထိုင်ကြပြီး ကျန် ၃၀ ရာခိုင်နှုန်းကျော်သာလျှင် တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများအတွင်း နေထိုင်ကြခြင်း ဖြစ်သည်။
Oct 09, 2024
သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ကုန်ကျစရိတ်အသက်သာဆုံးနှင့် ခရီးသည်နှင့် ကုန်စည်ဝန်ဆောင်မှုများစွာ ဆောင်ရွက်နိုင်သောကဏ္ဍတစ်ခုမှာ ရထားပို့ဆောင်ရေးကဏ္ဍဖြစ်သည်။ မြန်မာနိုင်ငံ သယ်ယူပို့ဆောင်မှုသမိုင်းကြောင်း၌ ပထမဦးဆုံး အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့် နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိသော မြန်မာ့မီးရထားသည် နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများကို များစွာအကျိုးပြုလျက်ရှိသည်။
Oct 09, 2024
မြန်မာ့မီးရထား၏သမိုင်းသည် ၁၈၇၇ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ရာ မကြာမီနှစ်ပေါင်း ၁၅၀ ပြည့်တော့မည်ဖြစ်သည်။ အရှေ့တောင်အာရှဒေသတွင် အစောဆုံးအဖြစ်စတင်နိုင်ခဲ့သည့် မြန်မာ့ရထားသယ်ယူပို့ဆောင်ရေးစနစ်မှာ လက်ရှိအချိန်တွင် အခြားနိုင်ငံများနှင့်ယှဉ်ပါက နောက်ကျကျန်ရစ်နေပြီဖြစ်သည့်အလျောက် အဘက်ဘက်မှ အဆင့်မြှင့်တင်မှုများပြုလုပ်၍ ခေတ်နှင့်အညီဆန်းသစ်စေကာ နိုင်ငံနှင့်ပြည်သူအကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်သည်။
Oct 08, 2024
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့အချိန်အထိ နိုင်ငံရေးစနစ်အမျိုးမျိုးကျင့်သုံးခဲ့သည်။ နိုင်ငံရေးစနစ် ပြောင်းလဲကျင့်သုံးမှုနှင့်အတူ စီးပွားရေးစနစ်များလည်း ပြောင်းလဲကျင့်သုံးခဲ့သည်။ စီးပွားရေးတွင် တိုးတက်မှုများရှိသကဲ့သို့ ဆုတ်ယုတ်မှုများ၊ ထိုက်သင့်သလောက် အောင်မြင်မှုမရှိသည်များလည်းရှိခဲ့သည်။ စီးပွားရေးအားနည်းချက်ဖြစ်ပေါ်မှုကြောင့် လူမှုဘဝတွင် ဂယက်ရိုက်ခတ်ပြီး နိုင်ငံရေးပြဿနာများလည်း ပေါ်ပေါက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
Oct 08, 2024
အင်္ဂလိပ်ဘာသာတွင် Civilization ဟူသော ဝေါဟာရနှင့် Culture ဟူသော ဝေါဟာရတို့ကို မြန်မာပြန်ဆိုရာ၌ “ယဉ်ကျေးမှု”ဟူ၍သာ ယေဘုယျအားဖြင့် ပြန်ဆိုလေ့ရှိကြသည်။ ပိုမို၍နီးစပ်သော အနက်အဓိပ္ပာယ်အရမူ Civilization သည် သမိုင်းကာလ ခေတ်အဆက်ဆက် ထွန်းကားခဲ့သည့် ယဉ်ကျေးမှုကြီးများကို အဓိကရည်ညွှန်းခြင်းဖြစ်ပြီး Culture ကမူ သမိုင်းခေတ်များထဲမှ လူမှုဓလေ့စရိုက်များ၊ ခေတ်ပြိုင်ကာလ လူ့အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု မတူကွဲပြားသည့် လူမှုစရိုက်များကို ဆိုလိုခြင်းဖြစ်သည်။
Oct 07, 2024
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်ကြီး ခရီးတစ်ဝက်နီးပါးတိုင် ချောမွေ့စွာဆောင်ရွက်နိုင် ပြီဖြစ်သည်။ ကျန်ရှိသောခရီးတစ်ဝက်တွင် အမျိုးသားရေးလုပ်ငန်းစဉ်ကြီး အောင်မြင်ချောမွေ့စွာ ပြီးမြောက်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။
Oct 07, 2024
မြန်မာ့ပင်လယ်ပြင်နှင့် ရေကြောင်းအကျိုးစီးပွားများ၊ ပင်လယ်ပြာ စီးပွားရေးလုပ်ငန်းများအား ကာကွယ်စောင့်ရှောက်ရန်၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအား တားဆီးကာကွယ်ရန်၊ ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်းစာနာမှု အထောက်အကူပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ အရေးပေါ်အချိန်တွင် တပ်မတော်(ရေ)အား အထောက်အကူပြုနိုင်ရန် စသည့် ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ရာ ယခုနှစ်တွင် သုံးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ကမ်းခြေစောင့်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်ရာတွင် ပင်မကမ်းခြေကမ်းရိုးတန်းမှ သီးသန့်စီးပွားရေးဇုန်အထိ ရေပြင်၊ ဝေဟင်နှစ်ရပ်လုံးမှ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်စွမ်းရှိသည့် အရည်အချင်းပြည့်ဝသော ကမ်းခြေစောင့်တပ်ဖွဲ့ဖြစ်လာရန် မျှော်မှန်းချက်ဖြင့်တပ်ဖွဲ့ကို တည်ဆောက်လျက်ရှိရာ သုံးနှစ်တာကာလအတွင်း တစ်နှစ်ထက်တစ်နှစ် တိုးတက်ပြောင်းလဲလျက်ရှိနေသည်ကို တွေ့ရှိနိုင်သည်။
Oct 06, 2024
နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေးသည် အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်သည်။ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးပါမှ အဆိုပါနိုင်ငံတွင် မှီတင်းနေထိုင်ကြသော ပြည်သူအားလုံး ကိုယ်စိတ်နှလုံးအေးချမ်းပြီး လုံခြုံစိတ်ချရသော လူ့ဘောင်အသိုက်အဝန်းတွင် အေးချမ်းစွာ နေထိုင်လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သို့မှသာ ပြည်သူများ၏ လူမှုဘဝနှင့် စီးပွားရေးပါ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
