Skip to main content
Feb 10, 2026
‘အရေးကြီး သွေးနီး’၊ ‘အရေးကြုံ သက်လုံကောင်း’ ရမည်ဆိုသကဲ့သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် နိုင်ငံသူ နိုင်ငံသားများ၏ အမျိုးသားအကျိုးစီးပွားကို ထိပါးလာသောအရေးကိစ္စတွင် စည်းလုံးညီညွတ်စွာဖြင့် စနစ်တကျကြိုးပမ်းဆောင်ရွက်မှုများကို ကျေးဇူးအထူးတင် ဂုဏ်ယူအသိအမှတ်ပြု ကြရမည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွပ်စွဲခဲ့သောအမှုနှင့် ပတ်သက်၍ မြန်မာပြည်သူလူထုတစ်ရပ်လုံးက နိုင်ငံတော်အစိုးရနှင့်အတူ အပြည့်အဝထောက်ခံရပ်တည်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ စည်းလုံးညီညွတ်မှုနှင့် ကိုယ်ခံစွမ်းအားများကို သက်သေထူပြနိုင်ခဲ့သည်။
Feb 10, 2026
ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာနှင့် ပတ်သက်လျှင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့၏အမြင်နှင့် မြန်မာနိုင်ငံသားမဟုတ်သူတို့၏ အမြင်မှာ လုံးဝကွဲပြားခြားနားသည်။ ကမ္ဘာ့နိုင်ငံအများအပြားကို လွှမ်းခြုံထားနိုင်သည့် အနောက်တိုင်းမီဒီယာများက ပုံဖော်ရေးသားဖော်ပြထုတ်လွှင့်သည့်အတိုင်းသာလျှင် သိရှိခွင့်ရကြခြင်းဖြစ်သည့်အလျောက် မြန်မာနှင့်ပတ်သက်သမျှ ကမ္ဘာကသိကြရသည့် သတင်းများ အားလုံးနီးပါးတို့မှာ မကောင်းသတင်းများ၊ သတင်းဆိုးများ သာလျှင်ဖြစ်သည်။ ရခိုင်မြောက်ပိုင်းပြဿနာတွင်လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံအများအပြားတို့က မြန်မာနိုင်ငံကို ပြဿနာဖန်တီးဖြစ်ပေါ်စေသည့်နိုင်ငံ၊ လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား ချိုးဖောက်သည့် နိုင်ငံအဖြစ် ရှုမြင်ကြသော်လည်း မြန်မာနိုင်ငံသား တစ်ရပ်လုံးကမူ အမှန်တရားကို ချောင်ထိုးခံထားရပြီး မိမိတို့၏ ပိုင်နက်နယ်မြေကို မတရားနည်းလမ်းဖြင့် ယူငင်ရန် အုပ်စုဖွဲ့လုပ်ကြံကြိုးပမ်းမှုအဖြစ် ရှုမြင်ကြသည်။
Feb 09, 2026
(၈)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ၊ (၁၆)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၊ (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ တို့တွင် မြန်မာအားကစားအဖွဲ့များအနေဖြင့် ရွှေတံဆိပ် ၂၆ ခု၊ ငွေတံဆိပ် ၄၇ ခု၊ ကြေးတံဆိပ် ၇၇ ခု စုစုပေါင်း ဆုတံဆိပ် ၁၅၀ ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် ပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် အုပ်ချုပ်/နည်းပြအဖွဲ့ ၂၈ ဖွဲ့အတွက် နိုင်ငံတော်က စုစုပေါင်းသိန်းပေါင်း ငွေကျပ် ၃၆၆၉၀ ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
Feb 09, 2026
ပြင်သစ်နိုင်ငံ ပါရီမြို့ ဂရင်းန်ကဖေးတွင် ၁၈၉၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်၌ ပြသခဲ့သည့် " workers Leaving the Lumiere Factory" အမည်ရှိ မှတ်တမ်းရုပ်ရှင်မှာ ကမ္ဘာ့ပထမဆုံး စီးပွားဖြစ်ရုပ်ရှင်ဖြစ်သည်။ ပြင်သစ်လူမျိုး လူမီယဲညီနောင်တို့ တီထွင်ရိုက်ကူးထုတ်လုပ်လိုက်သည့် အဆိုပါရုပ်ရှင်မှာ ဖလင်အရှည် ၁၇ မီတာ မျှသာရှိပြီး ပြသချိန်မှာလည်း စက္ကန့် ၅၀ မျှသာ ကြာမြင့်သည့်တိုင် ကမ္ဘာကြီးကို အကြီးအကျယ်ပြောင်းလဲစေခဲ့သည်ဟု အဆိုရှိသည်။
Feb 08, 2026
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားများ ပေါ်ထွန်းလာစေရန် မျှော်မှန်းချက်၊ ရည်မှန်းချက်များထားရှိပြီး မပြတ်သောသတိ၊ မလျှော့သောဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ၏ အနာဂတ်ငြိမ်းချမ်းစေရန်၊ နိုင်ငံသူ နိုင်ငံသားများ၏ ဘဝချမ်းမြေ့ပျော်ရွှင်စေရန် နိုင်ငံတော်အစိုးရက ကောင်းမွန်သည့်ရည်မှန်းချက်၊ ဦးတည်ချက်များကို ကြိုးပမ်းပုံဖော်ပေးလျက်ရှိရာ တိုင်းရင်းသားပြည်သူများ အပြန်အလှန်ကူးလူးဆက်သွယ်သွားလာနိုင်ပြီး ချစ်ကြည်ရင်းနှီးမှုများ ပိုမိုဖြစ်ထွန်းစေမည့် လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့ပိုမိုကောင်းမွန်စေမည့် လမ်း၊ တံတားများကို တည်ဆောက်ပေးလျက်ရှိသည်။
Feb 08, 2026
ရန်ကုန်မြစ်ကိုဖြတ်ကျော်ကာ ရန်ကုန်မြို့လယ်ဧရိယာနှင့် မြစ်တစ်ဖက်ကမ်းရှိ ဒလမြို့တို့ကို ဆက်သွယ်ပေးထားသည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားကြီးကို ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းတွင် ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။ လေယာဉ်ပျံမပေါ်သေးမီ ပင်လယ်ကူးသင်္ဘောကြီးများဖြင့် ကမ္ဘာအနှံ့သွားလာခဲ့ကြရသည့် ခေတ်အခါက မြန်မာနိုင်ငံ၏ အဓိကဝင်ပေါက် မျက်နှာစာဖြစ်ခဲ့သော ရန်ကုန်မြစ်နှင့် ရန်ကုန်ဆိပ်ကမ်းရှုခင်းမြင်ကွင်းတွင် ခေတ်မီသံမဏိကြိုးဆိုင်းတံတားကြီးက အထင်ကရအမှတ်အသား (Landmark) တစ်ခုအဖြစ် လှပစွာ ပေါင်းစပ်ပါဝင်လာသည်။
Feb 07, 2026
မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက်က ရန်ကုန်တက္ကသိုလ် သုတေသနနှင့် ဆန်းသစ်တီထွင်မှုစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပညာဆိုသည်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အသိပညာ အတတ်ပညာ မြင့်မားတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာရေးသည် အရေးကြီးကြောင်း၊ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့် နည်းပညာ အသစ်များ၊ တီထွင်ဆန်းသစ်မှုအသစ်များကို ဖော်ထုတ်ကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
Feb 07, 2026
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို လာမည့် ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ နေပြည်တော် ရင်ပြင်၌ ကျင်းပသွားမည်ဖြစ်ရာ ပြင်ဆင်မှုလုပ်ငန်းများ ပြီးပြည့်စုံသွားပြီဖြစ်သည်။ ပြည်ထောင်စုအဆင့်ပွဲတော်ဖြစ်သည်နှင့်အညီ နိုင်ငံတစ်ဝန်းမှ MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန် ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ လက်မှုထုတ်ကုန်စသည်ဖြင့် အမျိုးအစားစုံလင်စွာ တစ်စုတစ်ဝေး တွေ့မြင်ခွင့်ရကြမည်ဖြစ်သကဲ့သို့ MSME လုပ်ငန်းရှင်များအတွက်လည်း အတွေးသစ်၊ အမြင်သစ်၊ အခွင့်အလမ်းသစ်များ ရရှိနိုင်ကြမည်ဖြစ်သည်။
Feb 06, 2026
​​​​​​​မြန်မာနိုင်ငံတွင် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းသုံးပိုင်းခွဲပြီး ကျင်းပခဲ့ရာ နိုင်ငံအတွင်း ရွေးကောက်ပွဲကျင်းပရန် မြို့နယ်စုစုပေါင်း ၃၃၀ ရှိသည့် အနက်မြို့နယ် ၂၆၃ မြို့နယ်တွင် ရွေးကောက်ပွဲများကို အောင်မြင်စွာကျင်းပပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သည်နှင့်အညီ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရန် ဥပဒေနှင့်အညီ စနစ်တကျအကောင်အထည်ဖော်ပေးခဲ့သည်။
Feb 06, 2026
​​​​​​​၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၊ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတော်အဖြစ်သို့ ရောက်ရှိသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားကို ကျင်းပရာတွင် ရန်ကုန်မြို့ရှိ တိုင်းပြုပြည်ပြုလွှတ်တော် အဆောက်အအုံရှေ့ရှိ အလံတိုင်ထိပ်တွင် လွှင့်ထူထားသော ဗြိတိသျှယူနီယံဂျက်အလံကို တိုင်အောက်သို့ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံအလံကို တိုင်ထိပ်သို့တင်ကာ လွှင့်ထူသည်။ မိမိတို့၏နိုင်ငံ မိမိတို့ကိုယ်ပိုင်အလံကို ဤသို့လွှင့်ထူနိုင်ရန် မြန်မာတို့ ဆယ်စုနှစ်ပေါင်းများစွာ၊ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် သွေးနှင့် ချွေးတို့ ရင်းနှီးပေးဆပ်ရယူခဲ့ကြရခြင်းဖြစ်သည်။